Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇူလိုင်လ ၁၆ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး)ဘာသာ

    - ကလေးမြို့ပေါ် ရပ်ကွက်အချို့မှာ စစ်ကောင်စီတပ်က စစ်ဆေးနေပြီး ဒေသခံတချို့ ဖမ်းဆီးခံရ

    - မဟာမြိုင်လမ်းမှာ ပိတ်မိနေတဲ့ ကားသမားတွေနဲ့ PDF များ ပြဿနာဖြစ်လို့ PDF တွေက ပစ်ခတ်ရာ ကားအချို့ ပျက်စီး

    - ရေစကြို ခလရ ၂၅၇ တပ်ရင်းမှ ထွက်လာသည့် စစ်တပ်ရိက္ခာပို့ကားတစ်စီးကို ဖမ်းမိ

    - ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တိုက်ပွဲတွေအတွင်း အရပ်သားခြောက်ဆယ်ကျော် သေဆုံး

    - မီဇိုရမ်တွင် ရူပီး သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

    11 min
  • ဇူလိုင်လ ၁၆ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး)ဘာသာ

    ၁။ CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦး ယနေ့ ပြန်လွတ်လာ

    ၂။ ဟားခါးနှင့် ဖလမ်းမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် တင်းကြပ်

    ၃။ ချင်းတောင်ပိုင်း ၄ မြို့နယ်က ဒိုင်ရ်များ ပေါင်းစည်းရေး ဦးစားပေးလုပ်ဆောင်ရန် ချင်းပြည်ကောင်စီမှ နှုတ်ထွက်ဟု CDF- Daai ထုတ်ပြန်

    ၄။ မီဇိုရမ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံကနေ ရူပီး သိန်း ၃၀ ကျော်တန် ဘိန်းဖြူများဖမ်းမိ

    12 min
  • ဇူလိုင်လ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - မန္တလေးတောင်ပေါ် ဈေးဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းပြီး စစ်ကောင်စီတပ်စွဲတဲ့သတင်း


    - ချင်းမြို့တော် ဟားခါးနဲ့ ဖလမ်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်စီးခွင့် စစ်ကောင်စီ ကန့်သတ်လိုက်တဲ့သတင်း


    - စစ်ကောင်စီက ဒုက္ခသည်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း နိုင်ငံတကာကပြောတဲ့သတင်းနဲ့


    -၂၀၂၄ သမ္မတလောင်းအဖြစ် Trump ကို ရီပတ်ပလင်ကန်ပါတီ တရားဝင်ရွေးချယ်တဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    10 min
  • ဇူလိုင်လ ၁၆ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့

    မန္တလေးတောင်ပေါ် ဈေးဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းပြီး စစ်ကောင်စီတပ်စွဲတဲ့သတင်းနဲ့အတူ

    ချင်းမြို့တော် ဟားခါးနဲ့ ဖလမ်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်စီးခွင့် စစ်ကောင်စီ ကန့်သတ်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    37 min
  • ဇူလိုင်လ ၁၅ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇူလိုင်လ ၁၅ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================


    ဒီကနေ့ညမှာတော့ ရှမ်းမြောက်မှာ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA တို့ လေးရက်တာ အပစ်ရပ်ပြီး မန္တလေးတိုင်းကတော့ အပစ်ရပ်မှာအကျုံးမဝင်ကြောင်း ထုတ်ပြန်ထားတဲ့သတင်းနဲ့အတူ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ်တွေနဲ့ MOGEကို ဒဏ်ခတ်ပိတ်ဆို့ဖို့ အရပ်ဖက်အဖွဲ့ ၂၄၀ တောင်းဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio


    1 hr 1 min
  • ဇူလိုင်လ ၁၅ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - MNDAA က ဇူလိုင် ၁၈ ရက်နေ့အထိ လားရှိုးမြို့ကိုထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာတဲ့သတင်း


    - စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း MDY PDF က သုံ့ပန်း ၁၅၀ နီးပါးကို ထိန်းသိမ်းထားတဲ့သတင်း


    - ဆားတောင်ရဲစခန်းတိုက်ပွဲ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ PDF ပြောတဲ့ သတင်း


    - မြင်းမူမြို့နယ်မှာ မိုင်း၂ကြိမ်ဆွဲခံရပြီး စစ်ကောင်စီတပ်သား ၅ဦး သေဆုံးတဲ့ သတင်းအပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    11 min
  • ဇူလိုင်လ ၁၅ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ - ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေတဲ့သတင်း နဲ့အတူ -မြင်းမူမြို့နယ်တွင် မိုင်း၂ကြိမ်ဆွဲခံရပြီး စစ်ကောင်စီတပ်သား ၅ဦး သေဆုံး ဟုဆိုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    ဆက်လက်ပြီး ပြည််တွင်းသတင်းလွှာအနေနဲ့ မြန်မာနိုင်ငံကို စစ်ကောင်စီက ဖျက်ဆီးရန် ကြိုးပမ်းနေတာလို့ ကုလအထူးကိုယ်စားလှယ် ပြောလိုက်တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့cele City အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ကိုဇော်ဇော်နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။

    31 min
  • ဇူလိုင်လ ၁၄ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - နိုင်ငံခြားသားအမည်သုံး ဘဏ်စာအုပ်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ထိုင်းရဲဖမ်းမိတဲ့သတင်း နဲ့အတူ သံတွဲနဲ့ မောင်တောမှာ မိုင်းအန္တရာယ် သတိထားဖို့ AA ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ BIMSTEC အစည်းအဝေးကို တက်ရောက်မယ့် ထိုင်း အိန္ဒိယနဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘော တွေ့ဆုံလိုက်တဲ့သတင်း ကို နားဆင်ရမှာပါ။ နောက်ထပ် စပါးတောင်လို မပုံနိုင်တော့တဲ့ လယ်ယာကဏ္ဍ ဆောင်းပါး အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Cele City အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    1 hr 8 min
  • ဇူလိုင်လ ၁၄ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    MNDAA ထိုးစစ်ရောက်လာသည့် မိုင်းရယ်မြို့ကို SSPP ဝင်ရောက်ထိန်းချုပ်လိုက်တဲ့သတင်း နဲ့အတူ -အမည်မည်းစာရင်းမှပယ်ဖျက်ပေးမည်ဟု စစ်ကောင်စီ၏ကမ်းလှမ်းချက် ထောင်ချောက်ဆင်ခြင်းသာ ဖြစ်ဟု CDM ဝန်ထမ်းများပြောလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်ကောင်စီ လက်နက်ဝယ်ဖို့ အသုံးပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ထိုင်းဘဏ်တွေ ခုခံပြောဆိုလိုက်တဲ့အကြောင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဍအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    35 min
  • ဇူလိုင်လ ၁၃ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့.... ကျောက်မဲတွင် စစ်ကောင်စီသတင်းပေး ၁၆ ဦး အပါ ၁၈၀ ဦးကို TNLA ဖမ်းဆီးထားဟု ထုတ်ပြန်လိုက်တဲ့သတင်း နဲ့အတူ - ဝမ်းပျက်ဝမ်းလျောရောဂါ ကုသရာတွင် အသုံးပြုသည့် ဆေးဝါးတချို့ ပြတ်လပ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ နောက်ထပ်အစီအစဉ်အနေနဲ့ ငွေကြေးခဝါချမှုဖြင့် အရေးယူမှုမရှိကြောင်းနှင့် ဘဏ်များ စည်းကမ်းဖောက်ဖျက်မှုကြောင့် ဝင်ရောက်ထိန်းကြောင်းခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပြောလိုက်တဲ့အကြောင်းကိုတင်ဆက်ပေးမှာပါ။

    အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    1 hr 2 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.