
Sign up to save your podcasts
Or


ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
မြန်မာကို လေယာဉ်ဆီတင်ပို့တဲ့ကွင်းဆက်မှာ ဗီယက်နမ်၊တရုတ်နဲ့ ယူအေအီးတို့ အဓိကပါဝင်နေတဲ့သတင်းနဲ့အတူ စစ်ကောင်စီဖျက်ဆီးထားတဲ့ အညာဒေသရဲ့ကျန်းမာရေးစိန်ခေါ်မှုတွေအကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ "Women and Children’s Hour” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
၁။ CDF- KKG ထိန်းချုပ်နယ်မြေက ပြည်သူ့ကျောင်းများတွင် ရဲဘော်များကစာသင်ကြားပေးနေ
၂။ မင်းတပ်မြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန်တိုက်ခိုက်
၃။ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် ပြည်ပရောက်ဒေသခံများ ရန်ပုံငွေ ထည့်ကြရန် မင်းတပ်ပြည်ပကော်မတီနှိုးဆော်
၄။ စစ်ကောင်စီကိုယ်တိုင် တိုင်းပြည်ကို ဖျက်ဆီးနေပြီလို့ အထူးကိုယ်စားလှယ်ပြော
- မြစ်ဆိပ် သို့ရေချိုးဆင်းလာသော ဂန့်ဂေါမြို့နယ်က ရဲတပ်သားတစ်ဉီး အရှင်ဖမ်းမိ
- CDF- KKG ထိန်းချုပ်နယ်မြေက ပြည်သူ့ကျောင်းများတွင် ရဲဘော်များက စာသင်ကြားပေးနေ
- ZRA-EC က စစ်မှုထမ်းရန်ဖမ်းသွားသော တုန်းဇန်ကျေးရွာက အသက်မပြည့်ကလေးငယ်များပြန်လည်လွတ်မြောက်လာ
- မင်းတပ်မြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်
- စစ်ကောင်စီကို တရုတ်က လေယာဉ်ဆီ ဆက်လက်တင်ပို့ပေးနေ
- ပြည်ပလုပ်သားများ မိသားစုလွှဲငွေ ၂၅ ရာခိုင်နှုန်း တင်ပြနိုင်ခြင်းမရှိပါက ပို့ဆောင်ပေးသည့် အလုပ်အကိုင်အေဂျင်စီများ အရေးယူခံရမည်ဟု ဖိအားပေးလိုက်တဲ့သတင်း
- ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု AA ထပ်မံသိမ်းပိုက်လိုက်တဲ့သတင်း
- ဝိုင်းမော် လမ်းဘေးစွန့်ပစ်ခံထားရသည့် သေဆုံးသူနှစ်ဦးကိုယ်ပေါ်တွင် ရှမ်းနီတရားစီရင်ရေးအဖွဲ့ ဟုရေးသားထားသည့် ကတ်ပြားတွေ့ရှိတဲ့သတင်း
- မတ္တရာမြို့ စကစ၏မြောက်တံငါတပ်စခန်းနှင့် ဘိလပ်မြေစက်ရုံ ကာကင်းစခန်းများကို PDF သိမ်းပိုက်လိုက်တဲ့သတင်း
- ကုလားတန်မြစ် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ အိန္ဒိယနဲ့ စစ်ကောင်စီ ဆွေးနွေးနေတဲ့သတင်းနဲ့
- ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြကျောင်းသားတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့၊ ရော်ဘာကျည်တွေနဲ့ ပစ်ခတ်လိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့ညမှာတော့.....ပြည်ပရောက်လုပ်သားတွေ မိသားစုလွှဲငွေ ၂၅ ရာခိုင်နှုန်း တင်ပြနိုင်ခြင်းမရှိပါက ပို့ဆောင်ပေးတဲ့ အလုပ်အကိုင်အေဂျင်စီတွေ အရေးယူခံရမယ်လို့ စစ်ကောင်စီဖိအားပေးတဲ့သတင်းနဲ့အတူ ငွေကြေးခဝါချမှုနဲ့ အရေးမှုမရှိကြောင်းနဲ့ ဘဏ်တွေ စည်းကမ်းဖောက်ဖျက်မှုကြောင့် ဝင်ရောက်ထိန်းကြောင်းတာဖြစ်ကြောင်း စစ်ကောင်စီ ပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ "Women and Children’s Hour” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
================
-ရန်ကုန်ရှိ ATM စက်အများစုတွင် ငွေသားထုတ်မရတော့တဲ့သတင်း
-ရှမ်းမြောက်တိုက်ပွဲ တန့်ယန်းသို့မကူးစက်ရန် မြို့တွင်းဝင်နေရာယူထားတယ်လို့ UWSA ပြောလိုက်တဲ့သတင်း
-စစ်ကောင်စီ လက်နက်ဝယ်ဖို့ ထိုင်းဘဏ်တွေ သုံးခွင့်မပြုကြောင်း ထိုင်းလွှတ်တော်ပြောလိုက်တဲ့သတင်းနဲ့
-ဗြိတိန်ဒုံးကျည်တွေအသုံးပြုပြီး ရုရှားကို တိုက်ခိုက်နိုင်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်အသစ် ယူကရိန်းကို အချက်ပြလိုက်တဲ့အကြောင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
ဒေါက်တာဇော်မြင့်မောင် ထောင်တွင်းကျန်းမာရေးဆိုးရွားလာတာကြောင့် မန္တလေးဆေးရုံမှာ ကုသနေရပြီး မိသားစုနဲ့ တွေ့ခွင့်မရတဲ့ သတင်းနဲ့ အတူ ယောတပ်ဖွဲ့ဝင် ၂ ဦးပြန်လွှတ်ပေးရန် CNA ထံ YDF စစ်ဦးစီးချုပ်က တိုက်တွန်းတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
- စစ်ကောင်စီက မန္တလေးကို လုံခြုံရေးတင်းကျပ်ပြီး အင်အားတိုးချထားတဲ့သတင်း
- ကြံ့ဖွံ့ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄ ခုအား တရုတ်နိုင်ငံသို့ ဖိတ်ခေါ်တဲ့သတင်း
- ငွေသားထုတ်ယူခွင့် ကန့်သတ်ချက်မရှိဘူးလို့ဆိုပေမယ့် မဖြစ်မနေကိစ္စရပ်အတွက်သာ ထုတ်ယူရန် စစ်ကောင်စီဗဟိုဘဏ်ပြောတဲ့သတင်း
- မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်း မြစ်ကမ်းဘေးမြို့တွေမှာ မြစ်ရေမြင့်တက်လာနိုင်တဲ့အကြောင်း
- ရန်ကုန်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားသည့်လူနာ ၂ ဆနီးပါးတိုးလာတဲ့သတင်း
- မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းများ လုံခြုံရေးအပြည့်အဝရရှိရေး စစ်ကောင်စီ နဲ့တရုတ်ဆွေးနွေးခဲ့တဲ့သတင်းအပါအဝင် ဒီနေ့ရဲ့ နောက်ဆုံးရ ငွေလဲနှုန်းတွေနဲ့ တခြားစိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
စစ်ကောင်စီစခန်းတွေအမြန်ဆုံးလက်နက်ချအလင်းဝင်ဖို့နဲ့ လက်နက်မချပါက ချေမှုန်းမယ်လို့ MDY-PDF သတိပေးတဲ့သတင်းနဲ့ အတူ ရန်ကုန်မှာ ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့ လူနာ ၂ ဆနီးပါးတိုးလာတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။
နိုင်ငံတကာဖက်မှာတော့-ရွှေ့ပြောင်းဝင်ရောက်သူတွေကို အစွန်းအဖျားကျွန်းဆီ သြစတြေးလျ ပြန်ပို့တယ်လို့ အင်ဒိုနီးရှားပြောတဲ့ သတင်းအပါအဝင် ဟားမတ်စ်တိုက်ခိုက်ရေးသမား ၆၀ ရာခိုင်နှုန်း သေဆုံး ဒါမှမဟုတ် ဒဏ်ရာရထားတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ပြော သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ လေးဝတီ FM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
- စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကလေးမြို့နယ်တွင် စာသင်နေတဲ့ကလေး ၃ယောက်ထိခိုက်ဒဏ်ရာရ
- CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦးကို နှစ်ဖက်တပ်ဖွဲ့ ခေါင်းဆောင်များ ဆွေးနွေးပြီးလျှင်ပြန်လွှတ်မည်ဟု ဆို
- မတူပီတွင် ဒေသခံပြည်သူ ၂ ဦး မိုင်းနင်းမိ၍ ခြေတဖက်စီပြတ်-စဉ့်ကူးမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၁ ခုကို Mandalay PDF သိမ်းပိုက်
- CNO/CNDF စိုးမိုးနယ်မြေအတွင်း ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများအား Militia(ပြည်သူ့စစ်) ရက်တိုသင်တန်းပို့ချ
From the publisher's feed