
Sign up to save your podcasts
Or


ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... သံတွဲအကျဥ်းထောင်က ထောင်ဝန်ထမ်းနဲ့ အကျဥ်းသားတွေကို စစ်ကောင်စီက လူသားဒိုင်းလုပ်နေတဲ့ သတင်းနဲ့ အတူ စစ်ကောင်စီအောင်ဇေယျစစ်ကြောင်း လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကလေး ၂ ဦးအပါအဝင် ၃ ဦးဒဏ်ရာရတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Morningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
ဇူလိုင်လ ၉ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=================
−လားရှိုးမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာသူများလာပြီး စစ်ရှောင်ကားတွေ ထောင်ချီပိတ်မိနေတဲ့သတင်း
−မြို့နယ် ၁၄ခုမှာ မြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်နေပြီး ရေဘေးကြုံနေတဲ့သတင်း
−ရှမ်းမြောက်မြို့တွေမှာ စက်သုံးဆီရှားပါးလာတဲ့သတင်း
−နိုင်ငံရေးပါတီနှစ်ခု မှတ်ပုံတင်လျှောက်ထားချက် စစ်ကောင်စီ ငြင်းပယ်လိုက်တဲ့သတင်း
−တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်လိုက်တဲ့သတင်းနဲ့
−မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးကြတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။
#mizzimatv
#7pmnews
#mizzimaprimetime
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
ဇူလိုင်လ ၉ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...မြို့နယ် ၁၄ ခုမှာ မြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်နေပြီး ရေဘေးကြုံနေရတဲ့ သတင်းနဲ့ အတူ ရှမ်းမြောက်မြို့တွေမှာ စက်သုံးဆီရှားပါးလာတဲ့အကြောင်းတွေကို ကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ အပစ်ရပ်စဲဖို့ ကြားဝင်ဖျန်ဖြေသူတွေ တွန်းအားပေးနေပေမယ့် ဂါဇာမှာ တိုက်ပွဲဆက်ဖြစ်တဲ့ သတင်းအပါအဝင် တရုတ်ရန်လိုမှု ကြီးထွားနေချိန် ဖိလစ်ပိုင်က လက်နက်ကိုင်ပဋိပက္ခအတွက် အသင့်ပြင်ထားတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာ၊ ဗီဇာလမ်းညွှန်အစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်၊ မရွှေမိုးရဲ့လေးညှို့သံဆောင်းပါး အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
- မိုးမိတ်က စစ်ကောင်စီတပ်စခန်းသုံးခုကို TNLA သိမ်းပိုက်လိုက်တဲ့သတင်း
- စဉ့်ကူးမြို့နယ်မှ တပ်စခန်း ၅ ခုကို PDF ထပ်မံသိမ်းပိုက်ပြီး ဒုတပ်မှူး အပါအဝင် ၁၅ ဦးကို အရှင်ဖမ်းမိတဲ့သတင်း
- ၁၀၂၇ စစ်ဆင်ရေးကို SSPPနှောင့်ယှက်နေတယ်လို့ TNLA ထုတ်ပြန်ပြီး ကြားဝင်ညှိနှိုင်ပေးဖို့ FPNCCထံ တင်ပြထားတဲ့သတင်းနဲ့
- တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်လိုက်တဲ့အကြောင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့မနက်မှာတော့...... စဉ့်ကူးမြို့နယ်မှ တပ်စခန်း ၅ ခုကို PDF ထပ်မံသိမ်းပိုက်ပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၅ ဦးကို အရှင်ဖမ်းမိတဲ့သတင်းနဲ့အတူ ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်သူများပြားနေတာကြောင့် ငွေထုတ်ပမာဏ ကန့်သတ်ကာ မှတ်ပုံတင်နဲ့ ငွေလွှဲပါက တဖက်ဘဏ် ထုတ်ပေးနိုင်ခြင်းရှိ၊မရှိ ဖုန်းကြိုဆက်နေရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ အပတ်စဉ်ကဏ္ဏအနေနဲ့ "Mizzima Editorial Talk” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
ဒီကနေ့ညမှာတော့ ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စွဲရာနေရာတွေကိုတိုက်ခိုက်ပြီးနောက် မြို့ကို တော်လှန်ရေးတပ်ဖွဲ့ ဘက်က ၂ နာရီလောက် ထိန်းချုပ်ထားနိုင်ခဲ့တဲ့သတင်းနဲ့အတူ မတူပီမှာ ချင်းတော်လှန်ရေးအဖွဲ့တွေအကြား တိုက်ခိုက်မှုဖြစ်ပွားနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့လွှာတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ "Mizzima Editorial Talk” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
- သံတွဲလေဆိပ်ကို AA သိမ်းပိုက်တဲ့သတင်း
- နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြောတဲ့သတင်း
- စစ်တပ် ဗိုလ်မှူး၊ ရဲအရာရှိ နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ကစားနေသည့် ဖဲဝိုင်း ဖမ်းဆီးခံရတဲ့ သတင်း
- ကရင်စစ်ဘေးရှောင်ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ စျေးရောင်းပွဲ ဩစတြေးလျမှာ ပြုလုပ်တဲ့ သတင်းအပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့မနက်မှာတော့ - သံတွဲလေဆိပ်ကို AA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သေဆုံးပြီး လက်ကျန်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေတဲ့သတင်းနဲ့အတူ - နွေဦးတော်လှန်ရေး အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည်ဟု NUG ပြောလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
ဆက်လက်ပြီး - ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်နှင့် ဆက်သွယ်မေးမြန်းချက်ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Key To Health ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ကိုနောင်နောင်နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့ညမှာတော့ ...
ဒီကနေ့မနက်မှာတော့ မြဝတီကိုလူကုန်ကူးခံရတဲ့ မော်ရိုကိုနိုင်ငံသား ၁၂ ဦးကို ထိုင်းရဲကယ်တင်လိုက်တဲ့ သတင်းနဲ့အတူ - လားရှိုးမြို့နယ် နမ့်ပေါင်ရွာအခြေစိုက် တပ်ရင်းကို MNDAA သိမ်းပိုက်လိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ ဖမ်းဆီးခံနေရတဲ့ Aeon Orange တာဝန်ရှိသူ ဂျပန်နိုင်ငံသားကို သံအမတ်နဲ့ တွေ့ခွင့်ပြုလိုက်တဲ့ အကြောင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဍအစီအစဉ်ဖြစ်တဲ့ Human Rights Barometer အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
From the publisher's feed