ဇူလိုင်လ ၄ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... လားရှိုးမြို့အနီးတိုက်ပွဲ ဆက်ပြင်းထန်နေပြီး ၂ ရက်အတွင်း အရပ်သား ၁၃ဦးထက် မနည်းသေဆုံးတဲ့ သတင်းနဲ့ အတူ ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်ပြီး ဈေးနှုန်းတွေမြင့်တက်တဲ့ အကြောင်းတွေကိုကြားကြရမှာပါ။
နိုင်ငံတကာဖက်မှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရေလွှမ်းမိုးမှုတွေဖြစ်လို့ လူ ၆ ဦး သေဆုံးတဲ့ သတင်းအပါအဝင် ဂါဇာကို အစ္စရေး အပြင်းအထန်တိုက်ခိုက်တာကြောင့် ပါလက်စတိုင်းသောင်းချီ ထွက်ပြေးကြရတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီ့နောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.