Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇူလိုင်လ ၆ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ - ရန်ကုန်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခံရသည်ဟု သံသယရှိ လူနာ များပြား နေပြီး သာကေတမြို့နယ်တွင် သေဆုံးသူရှိနေပီဖြစ်တဲ့သတင်း နဲ့အတူ -မြဝတီတွင် စစ်ကောင်စီ ပစ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး အပါ အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရသွားတဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ နောက်ထပ်အစီအစဉ်အနေနဲ့ "ခရီးသွားပြည်သူတွေကိုခေါ်ပြီး မိုင်းကို ဓားနဲ့ ဖြတ်ခိုင်းတာတွေ လုပ်ရတယ်"ဆိုတဲ့ (ရဲ CDM တဦးရဲ့အတွေ့အကြုံ)ရမှုတွေ ကိုတင်ဆက်ပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍ အစီအစဉ်ဖြစ်တဲ့ Human Rights Barometer အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။

    1 hr 9 min
  • ဇူလိုင်လ ၆ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် |ချင်း (ဟားခါး)ဘာသာ

    ၁။ မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့ ပေါင်းစည်းရေး သဘောတူညီချက်အရဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်


    ၂။ မဏိပူရ်ထောင်ထဲက မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ယာယီဆိုင်းငံ့


    ၃။ မိုးတွင်းကာလ ကားလမ်းပျက်စီးမှု ပြုပြင်ထိန်းသိမ်းရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများလမ်းဖြတ်သန်းခပေးဆောင်ရန် CNO က အသိပေးထုတ်ပြန်

    12 min
  • ဇူလိုင်လ ၆ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် (မီဇိုးဘာသာ)

    - မတူပီတိုက်ပွဲတွင် ဓမ္မအမှူတော်ဆောင်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရထားသောနိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်ခိုလှုံလာ


    -မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့ ပေါင်းစည်းရေး သဘောတူညီချက်အရ ဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်

    - မိုးတွင်းကာလ ကားလမ်းပျက်စီးမှု ပြုပြင်ထိန်းသိမ်းရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများလမ်းဖြတ်သန်းခပေးဆောင်ရန် CNO က အသိပေးထုတ်ပြန်


    -အမေရိကန်ပြည်ထောင်စုတွင် ချင်း-မီဇိုးဘာသာရေးနှင့်အရပ်ဖက်အဖွဲ့တို့ ချင်းအရေးဆွေးနွေး

    11 min
  • ဇူလိုင်လ ၆ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...အောင်ဇေယျစစ်ကြောင်းကို ရိုက်ချိုးသွားမှာဖြစ်ပြီး လက်နက်ချဖို့ KNLAသတိပေးလိုက်တဲ့သတင်းနဲ့အတူ ရေဘေးသင့် မြစ်ဆုံရွာမှာ သောက်ရေသန့် ခက်ခဲနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။


    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    ဒါ့အပြင် အပတ်စဉ်ကဏ္ဍအနေနဲ့ “Human Rights Barometer” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    40 min
  • ဇူလိုင်လ ၅ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    - ခြံအမှတ် (၅၄) ကို လေလံဆွဲဝယ်ယူနိုင်ကြောင်း သတင်းစာတွင် ကြော်ငြာလိုက်တဲ့သတင်း

    - မြန်မာ MoU အလုပ်သမား အယောက် ၁၃၀ လုပ်ခလစာ မရသဖြင့် စားဝတ်နေရေးအခက်ကြုံနေရတဲ့သတင်း

    - လားရှိုးဒေသခံများ ယာဥ်တွင် အလံဖြူထောင်ကာ မြို့ ကို စွန့်ခွာထွက်ပြေးနေတဲ့သတင်း

    - မုံရွာ- မန္တလေးလမ်းတွင် စစ်ကောင်စီတပ်က လူသားဒိုင်းအသုံးပြုပြီး မိုင်းရှာဖွေရေးလုပ်နေတဲ့သတင်း

    - ဒေါ်လာဈေး ၄၆၀၀ ကျပ်ကျော်သို့မြင့်တက်နေပြီး အခေါက်ရွှေ တစ်ကျပ် ၅၅ သိန်းကျော်ရှိနေတဲ့အကြောင်းနဲ့

    - ကျူးဘားတွင် တရုတ်က ထောက်လှမ်းရေးစခန်းများ တိုးချဲ့နေကြောင်း ဂြိုဟ်တုဓာတ်ပုံများ ညွှန်ပြနေတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

    32 min
  • ဇူလိုင်လ ၅ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် |ချင်း (ဟားခါး)ဘာသာ

    ၁။ချင်းအမျိုးသားတက္ကသိုလ်တက်ခွင့်ရမည့်အကြိုကောလိပ်တန်းကို စက်တင်ဘာလမှာ ဖွင့်လှစ်မည်


    ၂။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို လူထုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းလာပါက ပြန်လည်ပူးပေါင်းမည်ဟု မင်းတပ်ကောင်စီပြော


    ၃။အမေရိကန်ပြည်ထောင်စုတွင် ချင်း-မီဇိုးဘာသာရေးနှင့်အရပ်ဖက်အဖွဲ့တို့ ချင်းအရေးဆွေးနွေး


    ၄။မတူပီတိုက်ပွဲတွင် ဓမ္မအမှူတော်ဆောင်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရထားသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်လာ


    13 min
  • ဇူလိုင်လ ၅ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် (မီဇိုးဘာသာ)

    - လက်ပံချောင်းလမ်းပိုင်း မှ ကလေး-တမူးကားလမ်းပြန်လည် အသုံးပြုနိုင်


    - ချင်းအမျိုးသားတက္ကသိုလ် တက်ခွင့်ရမည့် အကြိုကောလိပ်တန်းကို စက်တင်ဘာလမှာ ဖွင့်လှစ်မည်


    - ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို လူထုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းလာပါက


    ပြန်လည်ပူးပေါင်းမည်ဟု မင်းတပ်ကောင်စီပြော


     - မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း

    12 min
  • ဇူလိုင်လ ၅ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ မြို့နယ် ၁၂ ခုမှာ ဧရာ၀တီနဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိမယ့်သတင်ခြံအမှတ် (၅၄) ကို လေလံဆွဲဝယ်ယူနိုင်ကြောင်း စစ်ကောင်စီ သတင်းစာမှာ ကြော်ငြာလာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။


    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။


    ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ “Human Rights Barometer” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    1 hr 2 min
  • ဇူလိုင်လ ၅ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇူလိုင်လ ၅ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတဲ့ နိုင်ကျဥ်း ၁၃ ဦး ပြန်လည်လွတ်မြောက်လာတဲ့သတင်းနဲ့ အတူ ချင်းပြည်နယ်တောင်ပိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးဆက်မှု ဆက်လက်ဖြစ်ပွားတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

    https://bit.ly/2VhJ12U

    34 min
  • ဇူလိုင်လ ၄ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇူလိုင်လ ၄ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... လားရှိုးမြို့အနီးတိုက်ပွဲ ဆက်ပြင်းထန်နေပြီး ၂ ရက်အတွင်း အရပ်သား ၁၃ဦးထက် မနည်းသေဆုံးတဲ့ သတင်းနဲ့ အတူ ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်ပြီး ဈေးနှုန်းတွေမြင့်တက်တဲ့ အကြောင်းတွေကိုကြားကြရမှာပါ။

    နိုင်ငံတကာဖက်မှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရေလွှမ်းမိုးမှုတွေဖြစ်လို့ လူ ၆ ဦး သေဆုံးတဲ့ သတင်းအပါအဝင် ဂါဇာကို အစ္စရေး အပြင်းအထန်တိုက်ခိုက်တာကြောင့် ပါလက်စတိုင်းသောင်းချီ ထွက်ပြေးကြရတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲဒီ့နောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

    https://bit.ly/2VhJ12U

    1 hr

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.