Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇူလိုင်လ ၁၁ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး)ဘာသာ

    ၁။ မတူပီတွင် ဒေသခံပြည်သူ ၂ ဦး မိုင်းနင်းမိ၍ ခြေတဖက်စီပြတ်

    ၂။ CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦးကို နှစ်ဖက်တပ်ဖွဲ့ ခေါင်းဆောင်များဆွေးနွေးပြီးလျှင် ပြန်လွှတ်မည်ဟု ဆို

    ၃။ ZRA-EC က စစ်မှုထမ်းရန်ဖမ်းသွားသော တုန်းဇန်ကျေးရွာကအသက်မပြည့်ကလေးငယ်များ ပြန်လည် လွတ်မြောက်လာ

    ၄။ CNO/CNDF စိုးမိုးနယ်မြေအတွင်း ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများအားMilitia(ပြည်သူ့စစ်) ရက်တိုသင်တန်းပို့ချ

    10 min
  • ဇူလိုင်လ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဉ်

    - ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) မှာ TNLA နဲ့ ပူးပေါင်းတပ်တွေ ပထမဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ နောင်ချိုမြို့မှာ ဘာတွေဆက်ဖြစ်နေသလဲ

    - ဝက်လက်မြို့က ဗကသ ကျောင်းသား အသတ်ခံရမှု အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ NUG ပြောတဲ့သတင်း

    - ရန်ကုန်မြို့မှာရှိတဲ့ ATM နှင့် ဘဏ်တွေက ငွေကြေးအများအပြားကို ထုတ်ယူနေကြတဲ့သတင်း

    - ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို ဂျူချန်း ကစုစည်းတင်ဆက်ပေးထားပါတယ်။

    14 min
  • ဇူလိုင်လ ၁၁ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇူလိုင်လ ၁၁ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့မနက်မှာတော့...... နောင်ချိုမြို့မှာ စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ နေအိမ်တွေကို TNLA ချိတ်ပိတ်လိုက်တဲ့သတင်းနဲ့အတူ ထိုင်းနိုင်ငံသို့ MOU နဲ့ ဆောက်လုပ်ရေးလုပ်သားစေလွှတ်မှု ယာယီရပ်ဆိုင်းလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    ဒါ့အပြင် အပတ်စဉ်အစီအစဉ်ဘက်မှာတော့ "နွေဦးခေါ်သံ" အနုပညာကဏ္ဏတို့ကိုလည်းတင်ဆက်သွားမှာပါ။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

    https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm

    31 min
  • ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇူလိုင်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့......... ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ရေး နားချဖို့ ဦးသိန်းစိန်ကို တရုတ်တိုက်တွန်းလိုက်တဲ့သတင်းနဲ့အတူ ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှောက်ပြီး လူ ၈ ဦးပျောက်ဆုံးနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါးကဏ္ဏနဲ့ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Òနွေဦးခေါ်သံÓ အနုပညာကဏ္ဏတို့ကိုလည်းတင်ဆက်သွားမှာပါ။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

    https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm

    1 hr 1 min
  • ဇူလိုင်လ ၁၀ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်

    ဇူလိုင်လ ၁၀ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်


    -ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှောက်ပြီး လူ ကိုး ဦးပျောက်ဆုံးနေတဲ့သတင်း

    -စစ်ကောင်စီက ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအားလုံးကို နေပြည်တော်မှာ တွေ့ဆုံရန် ခေါ်ယူလိုက်တဲ့သတင်း

    -နောင်ချိုမှ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် (၆၀၆) ဒုံးတပ်ကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်လိုက်တဲ့သတင်း

    -မတ္တရာတွင် တိုက်ပွဲမရှိဘဲ လေကြောင်းမှဗုံးကြဲသဖြင့် ငါး နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့တဲ့သတင်း

    -ထိုင်းနိုင်ငံသို့ MOU ဖြင့် ဆောက်လုပ်ရေးလုပ်သားစေလွှတ်မှု ယာယီရပ်ဆိုင်းလိုက်တဲ့သတင်းနဲ့

    -အာဖဂန်နစ္စတန်မှာ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍမြှင့်တင်မယ်လို့ တာလီဘန်ပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.

    https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm

    29 min
  • ဇူလိုင်လ ၁၀ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး)ဘာသာ

    ၁။ တီးတိန်မြို့နယ်က အသက်မပြည့်ကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်ဟုဆို


    ၂။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ တောင်းဆိုမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချင်းအနွယ်ဝင် စစ်ဘေးရှောင်များ နေရပ်ပြန်ပို့မည့်အစီစဉ် ရုပ်သိမ်း


    ၃။ မတူပီမြို့လုံခြုံရေးယူထားသော CDF – မင်းတပ် ရဲဘော် ၁ ဦး ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ကျဆုံး


    ၄။ မီဇိုရမ်အကျဉ်းထောင်မှ ထွက်ပြေးသွားသူ မြန်မာအကျဉ်းသား ၂ ဦးထဲက တစ်ဦးကို ပြန်ဖမ်းမိ

    11 min
  • ဇူလိုင်လ ၁၀ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး)ဘာသာ

    ၁။ တမူးမြို့နယ်၊ ဝက်ရှုကျေးရွာသားတစ်ယောက် မင်းသာပျူစောထီးအဖွဲ့ က အကြောင်းမဲ့ သတ်ဖြတ်


    ၂။ တီးတိန်မြို့နယ်က အသက်မပြည့်ကလေး ၈ ယောက်ကို စစ်မှုထမ်းရန် ZRA က ဖမ်းဆီးခေါ်ဆောင်ဟုဆို


    ၃။ မတူပီမြို့လုံခြုံရေးယူထားသော CDF - မင်းတပ် ရဲဘော် ၁ ဦး ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ကျဆုံး


    ၄။ မင်းတပ်မြို့နယ်တွင်စစ်ကောင်စီရဲ့ ဒရုန်းဖြင့်တိုက်ခတ်မှုကြောင့်အရပ်သား သုံးဦးဒဏ်ရာရ


    ၅။ မီဇိုရမ်အကျဉ်းထောင်မှ ထွက်ပြေးသွားသူ မြန်မာအကျဉ်းသား ၂ ဦးထဲက တစ်ဦးကို ပြန်ဖမ်းမိ

    11 min
  • ဇူလိုင်လ ၉ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (မီဇိုး)ဘာသာ

    ၁။ တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ကမုဒိမ်းပြုကျင့်


    ၂။ မတူပီမြို့နယ်တွင် AA နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား


    ၃။ ဆမီးမြို့တွင် ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးများဝယ်စရာပင်မရှိဖြစ်နေ


    ၄။ မတူပီမြို့တွင် ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား


    ၅။ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေဆဲဟု ချင်းညီနောင် ထုတ်ပြန်


    ၆။ ဘဂ်လားဒေရှ့်က စစ်ဘေးရှောင်များ မီဇိုရမ်ရဲလက်ထဲသို့ အပ်နှံ

    12 min
  • ဇူလိုင်လ ၁၀ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဉ်

    - မိုးမိတ်နှင့် မိုးကုတ်မှ တပ်စခန်း လေး ခုကို စစ်ကောင်စီ ထပ်မံဆုံးရှုံးလိုက်ရတဲ့သတင်း


    - မတ္တရာနှင့် စဉ့်ကူးတွင် တိုက်ပွဲဆက်ဖြစ်ပြီး စကစတပ်ဖွဲ့ဝင် ကိုးဦးသေ၊ အရာရှိအပါ လေးဦး ထပ်မံဖမ်းဆီးခံရတဲ့သတင်း


    - သံတွဲထောင်တွင်စစ်ကောင်စီတပ်စွဲပြီး အကျဥ်းသားနှင့်ဝန်ထမ်းများကို လူသားဒိုင်းလုပ်ထားဟုဆိုလိုက်တဲ့သတင်းနဲ့


    - အပစ်ရပ်စဲဖို့ ကြားဝင်ဖျန်ဖြေသူတွေ တွန်းအားပေးနေပေမယ့် ဂါဇာမှာ တိုက်ပွဲဆက်ဖြစ်နေတဲ့အကြောင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    11 min
  • ဇူလိုင်လ ၉ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း (ဟားခါး)ဘာသာ

    ၁။ ဆမီးမြို့တွင် ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးများဝယ်စရာပင်မရှိဖြစ်နေ

    ၂။ မတူပီမြို့နယ်တွင် AA နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

    ၃။ တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ကမုဒိမ်းပြုကျင့်

    ၄။ မတူပီမြို့တွင် ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေဆဲဟု ချင်းညီနောင် ထုတ်ပြန်

    11 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.