
Sign up to save your podcasts
Or


ဒီကနေ့မနက်မှာတော့ -အမေရိကန်ရောက် ကရင်ဒုက္ခသည်လူငယ်တဦး ရဲတပ်ဖွဲ့ဖမ်းဆီးစဉ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့သတင်း နဲ့အတူ -တိုက်ပွဲကြားမှ ထွက်ခွာခွင့်ပြုရန် မိုးကုတ်ဒေသခံများ လိုလားတဲ့အကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ -စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်တဲ့ သံဃာတော်နဲ့ မြို့နယ်တွေ တိုးလာတဲ့အကြောင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Mizzima Exclusive Interview ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ မရွှေနွယ်နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့ညမှာတော့ -ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၅၀ ကျော် TNLAထံ အလင်းဝင်လာတဲ့သတင်း နဲ့အတူ -စစ်ကောင်စီထံ လေယာဉ်ဆီမရောက်အောင် တားဆီးဖို့ ကန်သံအမတ်ကြီး ထပ်မံတောင်းဆိုလိုက်တဲ့သတင်း တွေအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ အဲ့ဒီနောက်မှာတော့ လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ပြုမူသည်ဟု စွပ်စွဲချက်အဖြစ်အပျက်နောက် ဝန်ထမ်းများကို ရာထူးမှရပ်နားခဲ့မှုနှင့်ပတ်သက်၍ ဆလိုင်းအိုက်ဇက်ခင် တုံ့ပြန်ချက်အကြောင်းအပိုင်း ၁ ကိုလည်း နားဆင်ရမှာပါ။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။
#Mizzimaradio
#Eveningradio
ဒီကနေ့မနက်မှာတော့ မြန်မာနဲ့ လက်နက်ကုန်သွယ်မှု Tom Andrews ထုတ်ပြန်ချက်ကို စင်္ကာပူ တုံ့ပြန်လိုက်တဲ့သတင်း နဲ့အတူ -ရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားခွင့်ရဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တင်ပြခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ - ရခိုင်မြောက်ပိုင်းမှ နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရပ်ဆိုင်းထားတဲ့အကြောင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ “Editorial talk” အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဂျူးချန်းနဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။
ဒီကနေ့ညမှာတော့ - ကျောက်ကြီးမြို့နယ်မှာ ဒရုန်းဗုံးကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့တဲ့သတင်းနဲ့အတူ -လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ တံတားငါးစင်း မိုင်းခွဲဖျက်ဆီးခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
KNU တပ်မဟာ (၆) နယ်မြေမှာရှိတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး ဝန်ထမ်းတွေ နှုတ်ထွက်ဖို့ KNU သတိပေးတဲ့ သတင်းနဲ့ အတူ
အင်းတော်၊နန့်သာရွာစစ်ကောင်စီစခန်းကို PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်တဲ့ အကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ Mizzima Editorial Talk အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Morningradio
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
မိုးကုတ်တိုက်ပွဲအတွင်း ပြည်သူများလုံခြုံရေးသတိရှိရန် မိုးကုတ်ဗျူဟာက အသိပေးတဲ့ သတင်းနဲ့ အတူ
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ MSF ရပ်ဆိုင်း အကြောင်းတွေကိုကြားကြရမှာပါ။
နိုင်ငံတကာဖက်မှာတော့ မော်လဒိုက်ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးကို အောက်လမ်းပညာအသုံးပြုမှုနဲ့ဖမ်းဆီးတဲ့ သတင်းအပါအဝင် ပင်လယ်ပြင်က တရုတ်ရဲ့လုပ်ရပ်တွေအပေါ် ကန့်ကွက်တာထက် ပိုမိုလုပ်ဆောင်သွားမယ်လို့ ဖိလစ်ပိုင်ပြောတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွာ၊ ဗီဇာလမ်းညွန်အစီအစဉ်နဲ့ Editorial Talk အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Eveningradio
-သမ္မတဟောင်း ဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်တဲ့သတင်း
-စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်နှင့်အတူ ဖမ်းဆီးခံရတဲ့သတင်း
- သီရိလင်္ကာက နိုင်ငံသားတွေကို စစ်တပ်ကနေထုတ်ပေးဖို့ ရုရှားကိုတောင်းဆိုတဲ့သတင်း
- ပို့ကုန်ရငွေ ဒေါ်လာ ၅ သိန်းကျော် ပြန်မဝင်သည့် ကုမ္ပဏီ ၂၈ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း တဲ့သတင်း
- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
#7pmnews
#Mizzimanewshour
#MizzimaTV
၁။ အိန္ဒိယ-မြန်မာနယ်စပ်မှာ ကုန်တင်ကား အစီးတစ်ရာကျော် ပိတ်မိနေ
၂။ တမြို့လုံးနီးပါး စစ်ရှောင်တဲ့တီးတိန်မြို့မှာ ဒေသခံတချို့ အိမ်ပြန်လာကြပြီဟုဆို
၃။ တစ်လကျော်ကြာ စစ်ဘေးရှောင်နေကြရသော တွန်းဇံဒေသခံအများစု နေရပ်မပြန်နိုင်ကြသေး
၄။ ပညာရေးကို စီးပွားရေးဈေးကွက်အဖြစ်အသုံးချသည့် အဖွဲ့အစည်းများကို လက်ခံမည်မဟုတ်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ ပြော
- လယ်စိုက်ဖို့ မသေချာတဲ့ ကလေး မြောက်ပိုင်းက လယ်သမားများ
- တမြို့လုံးနီးပါး စစ်ရှောင်တဲ့တီးတိန်မြို့မှာ ဒေသခံတချို့အိမ်ပြန်လာကြပြီဟုဆို
- မတူပီမြို့နယ်တွင် AA စစ်ကြောင်းထိုးတဲ့ ဒေသရှိ နေအိမ်များ ဖောက်ထွင်းခံရ
-နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါ မြို့နယ်တို့တွင် ၂ ရက်တာ ဖြစ်ပွားသော တိုက်ပွဲအတွင်း
-စစ်စခန်း ၂၄ ခုကို TNLA က သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၁၇ ဦး၊ စစ်သား အလောင်း ၂၀ နှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
- AA က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှု မရပ်တန့်သည့်အတွက်ဟုဆိုကာ လောင်တလိုင်မြို့မှရခိုင်ဘက်သို့ ကုန်ပစ္စည်းတင်သွင်းခွင့် CYLA ပိတ်ပင်
-ရခိုင်ပြည်နယ်မြောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ MSF က ရပ်ဆိုင်းလိုက်တဲ့သတင်း
-နောင်ချို ခမရ(၁၁၅)တပ်ရင်းသိမ်းတိုက်ပွဲ RPGများအပါအဝင် လက်နက်ခဲယမ်းအများအပြား TNLA ပူးပေါင်းတပ်ရရှိတဲ့သတင်း
-စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လက်နက်နှင့်အတူ ဖမ်းဆီးခံရတဲ့သတင်းနဲ့
-သီရိလင်္ကာကနိုင်ငံသားတွေကို စစ်တပ်ကနေထုတ်ပေးဖို့ ရုရှားကိုတောင်းဆိုတဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
#4pmnews
#Mizzimanewshour
#MizzimaTV
From the publisher's feed