
Sign up to save your podcasts
Or


-စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်နှင့်ကျောက်မဲမှ ကိုရင်နှင့်သီလရှင်၂ပါးပျံလွန်တော်မှုပြီး ဒဏ်ရာရသူတွေများပြားတဲ့သတင်း
-ဒေါ်လာငါးသိန်းအထက် ပို့ကုန်ရငွေကျန်နေတဲ့ ကုမ္ပဏီ ၂၈ ခုကို စစ်ကောင်စီ အမည်ပျက်စာရင်းသွင်းလိုက်တဲ့သတင်း
-ရှမ်းမြောက် တိုက်ပွဲပြင်းထန်နေချိန် စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်းတဲ့သတင်းနဲ့
-ဆိုးလ်၊ တိုကျိုနဲ့ ဝါရှင်တန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
#2pmnews
#Mizzimanewshour
#MizzimaTV
ဇွန်လ ၂၈ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... မိုးကုတ်တိုက်ပွဲ ၃ရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့သတင်းနဲ့ အတူ ကနေဒီတောင်က ဆုတ်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်း ခိုင်ကမ်းမြို့အထိထွက်ပြေးတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Morningradio
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
နောင်ချိုမှာရှိတဲ့ အမြောက်တပ်ရင်းနဲ့ အုမ္မခါးရွာက တပ်စခန်းကို TNLA ထပ်သိမ်းတဲ့ သတင်းနဲ့ အတူ ခြံအမှတ် (၅၄) ကို ကျပ်ဘီလီယံ ၃၀၀ နဲ့ လေလံထပ်ပစ်ဖို့ တရားရုံးဆုံးဖြတ်တဲ့ အကြောင်းတွေကိုကြားကြရမှာပါ။
နိုင်ငံတကာဖက်မှာတော့ လုံခြုံရေးအတွက် ပစိဖိတ်နိုင်ငံအချင်းချင်းအားကိုးဖို့ ဆော်လမွန်ကျွန်းစုနိုင်ငံကို သြစတြေးလျတိုက်တွန်းတဲ့ သတင်းအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးကိုတမင်တားဆီးနေကြောင်း အမေရိကန်သံအမတ်ရဲ့ပြောကြားချက်ကို တရုတ်နိုင်ငံကငြင်းဆိုတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီ့နောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Eveningradio
− ခြံအမှတ် (၅၄) ကို ကျပ်ဘီလီယံ ၃၀၀ ဖြင့် လေလံထပ်ပစ်ရန် တရားရုံးဆုံးဖြတ်လိုက်တဲ့သတင်း
− သမ္မတဟောင်း ဦးသိန်းစိန် တရုတ်ကို သွားရောက်တဲ့သတင်း
− စစ်ကောင်စီ လက်နက်ရရှိရေး ထိုင်းဘဏ်တွေကို ပိုအားကိုးလာတဲ့အကြောင်း
− ဆန်တွေကို အိမ်အရောက်ပို့စနစ်နဲ့ ရောင်းချမယ်လို့ ဆန်စပါးအသင်းချု့ပ်ထုတ်ပြန်လိုက်တဲ့သတင်းနဲ့
− ရှမ်းပြည်နယ်မြောက်ပိုင်းက နောက်ဆုံးရ စစ်ရေးသတင်းအခြေအနေတွေ
− သမီး ၃ ယောက်ကိုသတ်ခဲ့တဲ့မိခင်ဖြစ်သူကို နယူးဇီလန်က ထောင်ဒဏ် ၁၈ နှစ်ချမှတ်လိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။
#7pmnews
#Mizzimanewshour
#MizzimaTV
၁။ ချင်းညီနောင်က မတူပီမြို့သိမ်းစစ်ဆင်ရေးဆက်လက်ဖော်ဆောင်၊ စစ်ကောင်စီ၏ကာကင်းတချို့ကို သိမ်းပိုက်ထားပြီဟုဆို
၂။ ပလက်ဝဘက်မှ AA အင်အား ၁၈၀ ခန့် မတူပီမြို့သို့ စစ်ကြောင်းထိုးလာဟုဆို
၃။ ဌာနတွင်းဝန်ထမ်းအမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ
အနှောင့်အယှက်ဖြစ်စေမှုကျူးလွန်ခြင်းမရှိခဲ့ဟု ဆလိုင်းအိုက်ဇက်ခင် ငြင်းဆို
၄။ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့်တိုင်ကြားခံရသူ ဆလိုင်အိုင်ဇက်ခင်အား တာဝန်မှယာယီရပ်ဆိုင်း
- တမူး-ခါမ်းပါတ်ကားလမ်းကို စစ်ကောင်စီ ပြန်ဖွင့်
- ပလက်ဝဘက်မှ AA အင်အား ၁၈၀ ခန့် မတူပီမြို့သို့ စစ်ကြောင်းထိုးလာဟုဆို
- ဟားခါးမြို့မှာ စစ်ကောင်စီက လူနေအိမ်များကို ဓာတ်ဆီလောင်းပြီးမီးရှို့
- ချင်းညီနောင်က မတူပီမြို့သိမ်းစစ်ဆင်ရေးဆက်လက်ဖော်ဆောင်၊ စစ်ကောင်စီ၏ကာကင်းတချို့ကို သိမ်းပိုက်ထားပြီဟုဆို
-လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဖြင့်တိုင်ကြားခံရသူ ဆလိုင်အိုင်ဇက်ခင်အား တာဝန်မှယာယီရပ်ဆိုင်း
-ရှမ်းမြောက်မှာ တကျော့ပြန်တိုက်ပွဲပြင်းထန်နေချိန် သမ္မတဟောင်းဦးသိန်းစိန် တရုတ်နိုင်ငံကို သွားရောက်တဲ့သတင်း
-နောင်ချိုရှိ အမြောက်တပ်ရင်းနှင့် အုမ္မခါး ရွာရှိ တပ်စခန်းကို TNLA ထပ်မံသိမ်းပိုက်လိုက်တဲ့သတင်း
-ပဲခူးဆရာတော်ကို ပစ်သတ်ခဲ့သည့် စစ်ကောင်စီကို သံဃာတော်များ သပိတ်မှောက်ဆန္ဒပြနေကြတဲ့အကြောင်း
-နှစ်နိုင်ငံဆက်ဆံရေးကိုတမင်တားဆီးနေကြောင်း အမေရိကန်သံအမတ်ရဲ့ပြောကြားချက်ကို တရုတ်နိုင်ငံကငြင်းဆိုတဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်း ကစုစည်းတင်ဆက်ပေးထားပါတယ်။
#4pmnews
#Mizzimanewshour
#MizzimaTV
− ဝင်းနိမ္မိတာရုံဆရာတော်ကြီး၊ ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ အန္တိမအဂ္ဂိစျာပန ဒီကနေ့ ကျင်းပတဲ့သတင်း
− မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို MDY- PDF သိမ်းပိုက်လိုက်တဲ့သတင်း
− မြန်မာနိုင်ငံအတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာကွယ်ပေးဖို့ အိန္ဒိယတောင်းဆို လိုက်တဲ့သတင်းနဲ့
− ကလေးစစ်သား စုဆောင်းခဲ့ကြောင်းထုတ်ပြန်ခဲ့တဲ့ ကုလအစီရင်ခံစာကို စစ်ကောင်စီငြင်းဆိုတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့စိတ်ဝင်စားဖွယ်သတင်းတွေ ကိုတင်ဆက်ပေးသွားမှာပါ။
#2pmnews
#Mizzimanewshour
#MizzimaTV
-အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား သေဆုံးတဲ့သတင်း
-တီးတိန်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့အကြောင်း
- မောင်တောက WFP သိုလှောင်ရုံ ဖောက်ထွင်းခံရမှု ပြင်းထန်စွာ ရှုတ်ချလိုက်တဲ့သတင်း
-နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်မည့်သတင်းကြောင့် ဒေသခံများထိတ်လန့်နေတဲ့အကြောင်း
- တနှစ်ကျော်ကြာ ပိတ်ထားတဲ့ ခါမ်းပတ် - တမူးလမ်း ပြန်လည်ဖွင့်လိုက်တဲ့သတင်းနဲ့
-တရုတ်ကြောင့် အမေရိကန်-တရုတ်ဆက်ဆံရေးတိုးမြှင့်ဖို့ မဖြစ်နိုင်ကြောင်း အမေရိကန်သံအမတ်ပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
#7pmnews
#Mizzimanewshour
#MizzimaTV
ဒီကနေ့ညမှာတော့ ရှမ်းမြောက် မြို့နယ်လေးခုမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့သတင်းနဲ့အတူ
စစ်မှုထမ်းတပ်သားအသစ်တွေကို တိုက်ပွဲတွေအတွင်း စစ်ကောင်စီ စတင်အသုံးပြုလာတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းနဲ့ နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏတို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။
ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမရေဒီယိုနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ “နွေဦးခေါ်သံအနုပညာကဏ္ဏ” ကိုလည်းနားဆင်ကြရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
From the publisher's feed