ဒီကနေ့မနက်မှာတော့ -အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ပါလာမှသာ ဆန်ရောင်းပေးမည့်သတင်းနဲ့အတူ -မြင်းခြံတွင် လူမှုရေးအသင်းယာဉ်ကို စစ်ကောင်စီတပ်ကပစ်ခတ်၍ လူနာလိုက်ပိုသည့် ဆရာတော် ပျံလွန်တော်မူတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး ပြည််တွင်းသတင်းလွှာအနေနဲ့ သံဖြူ သယ်ယူရောင်းချခွင့် “ဝ”အာဏာပိုင်တွေ ပြန်ခွင့်ပြုလိုက်တဲ့အကြောင်း ကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ Human Rights Barometer အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ မှူးနဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။