
Sign up to save your podcasts
Or


ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... တန့်ဆည်မြို့ပတ်ချာလည်မှာ ဘန်ကာပါဝင်တဲ့ စခန်းတွေ တည်ဆောက်ပြီး စစ်ကောင်စီခံစစ်ပြင်တဲ့သတင်းနဲ့ အတူ ညောင်လေးပင်က စစ်ကောင်စီတပ် အထိုင်ချနေရာ ၃ ခုကို ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်တဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။ #Mizzimaradio#Morningradio
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
စစ်ကောင်စီတပ် ဖမ်းဆီးမှုကြောင့် စစ်တွေမြို့ပေါ်မှာ လုံခြုံမှုကင်းမဲ့လာတဲ့ သတင်းနဲ့ အတူ
ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မှုရမှု စစ်ကောင်စီကြောင့်လို့ တပည့်ဒါယိကာတွေပြောတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။
နိုင်ငံတကာဖက်မှာတော့ ... ဘလင်ကင်ရဲ့ ယူကရိန်းမှတ်ချက်တွေအပြီး အမေရိကန်က သတင်းမှားတွေဖြန့်နေတယ်လို့ တရုတ်ပြောတဲ့ သတင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးမြေပြိုမှုတွေကြောင့်လူ ၉ ဦး သေဆုံးတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီ့နောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Eveningradio
၁။ မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက် || ဗျူဟာကုန်းနှင့် ခလရ ၁၄၀တပ်ရင်းကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်
၂။ နာဂအရပ်ဖက်အဖွဲ့အစည်းများက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရန် အိန္ဒိယပြည်ထဲရေးကို စာပို့
၃။ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်မတူပီတပ်မဟာ (၁) မှ ရဲဘော် ၅ ဦးကျဆုံး
၄။ မတူပီမြို့တွင် စစ်ဆင်ရေးဖော်ဆောင်နေသော ချင်းညီနောင်ကို CNF/CNA နှင့် ပူးပေါင်းတပ်က အလစ်ဝင်ရောက်တိုက်ခိုက်ဟု ချင်းညီနောင်ထုတ်ပြန် || စစ်ဆင်ရေးမဖော်ဆောင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့ဖြစ်ပွားခြင်းဟု ချင်းလဲန်းကောင်စီ ထုတ်ပြန်
၁။ မင်းတပ်မြို့နယ် ရွာ ၉ ရွာတွင် ဝမ်းရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး သေဆုံးမှုများ ရှိလာ
၂။ မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက်
၃။ မတူပီမြို့တွင် စစ်ဆင်ရေးဖော်ဆောင်နေသော ချင်းညီနောင်ကို CNF/CNA နှင့် ပူးပေါင်းတပ်ကအလစ်ဝင်ရောက်တိုက်ခိုက်ဟု ချင်းညီနောင်ထုတ်ပြန်
၄။ နာဂအရပ်ဖက်အဖွဲ့အစည်းများက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရန်အိန္ဒိယပြည်ထဲရေးကို စာပို့
-တရုတ်အစိုးရနဲ့ NLD ကြား စဉ်ဆက်မပြတ် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ NLD ပြောတဲ့သတင်း
-ရပ်နားထားတဲ့ သံဖြူ သယ်ယူရောင်းချခွင့်ကို “ဝ”အာဏာပိုင်တွေ ပြန်လည်ခွင့်ပြုလိုက်တဲ့သတင်း
-စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုကြောင့် စစ်တွေမြို့ပေါ်မှာ လုံခြုံမှုကင်းမဲ့လာတဲ့အကြောင်း
-ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်မှု စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့်ဟု ဆရာတော်၏ တပည့်ရင်းတွေပြောတဲ့သတင်း
-ဂျပန်နိုင်ငံရှိကုမ္ပဏီတွေက အမျိုးသမီးလုပ်သား ၁၀၀၀ ကျော်အပါအဝင် လုပ်သားအများအပြားခေါ်ယူနေတဲ့သတင်း
-အမေရိကန်က သတင်းမှားတွေဖြန့်နေတယ်လို့ တရုတ်ပြောတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ ဒီနေ့ရဲ့ နောက်ဆုံးရ ငွေလဲနှုန်းတွေကိုပါ စုစည်းတင်ဆက်ပေးသွားမှာပါ။
#7pmnews
#Mizzimanewshour
#MizzimaTV
− ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရေး တရုတ်ကြိုးပမ်းမှုကို ကျေးဇူးတင်ကြောင်း NLD ပြောတဲ့သတင်း
− ပန်းသပိတ်မှာပါဝင်တာကြောင့် မန္တလေးမြို့ခံ ၁၀ ဦးကျော် ဖမ်းဆီးခံထားရတဲ့အကြောင်း
−Project the key ကမ်ပိန်း ၁၈ ရက်အတွင်း လက်မှတ်အစောင် ၃၅၀၀ ကျော် ရောင်းချထားရကာ စင်ကာပူနိုင်ငံမှ ဝယ်ယူသူအများဆုံးဖြစ်တဲ့သတင်းနဲ့
− ရုရှားသမ္မတပူတင် ဗီယက်နမ်ကိုသွားရောက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
#4pmnews
#Mizzimanewshour
#MizzimaTV
-စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ရတဲ့ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ရဲ့ ရုပ်ကလာပ်တော် ကျောင်းတိုက်ကို ပြန်လည်ပင့်ဆောင်တဲ့သတင်း
-နောင်ချိုမှာ စစ်ကောင်စီ၏ ဒရုန်းကြောင့် ၂ ရက်အတွင်း TNLA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရတဲ့သတင်း
-ပန်းသပိတ်မှာပါဝင်တာကြောင့် မန္တလေးမြို့ခံ ၁၀ ဦးကျော် ဖမ်းဆီးခံထားရတဲ့အကြောင်း
-ကျွန်း ကိစ္စနဲ့ပတ်သက်လို့ တရုတ်ရဲ့ဖိအားပေးမှုကို ဦးညွှတ်မှာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတပြောလိုက်တဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်း ကစုစည်းတင်ဆက်ပေးထားပါတယ်။
#2pmnews
#Mizzimanewshour
#MizzimaTV
ဒီကနေ့ညမှာတော့
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြား မဟာမိတ်စုဖွဲ့မှု ခိုင်မာအားကောင်းအောင် နိုင်ငံရေး၊ စစ်ရေးနည်းလမ်တွေအရ ချိတ်ဆက်လုပ်ဆောင်နေကြောင်း NUG ယာယီသမ္မတပြောတဲ့သတင်းနဲ့အတူ
တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် နေပြည်တော်ကို ထပ်မံ ရောက်ရှိ နေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းနဲ့ နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏတို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။
ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမရေဒီယိုနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ “နွေဦးခေါ်သံအနုပညာကဏ္ဏ” ကိုလည်းနားဆင်ကြရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
၁။ မင်းတပ်မြို့နယ် ရွာ ၉ ရွာတွင် ဝမ်းရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး သေဆုံးမှုများ ရှိလာ၊ မင်းတပ်နှင့် ပလက်ဝမြို့နယ်မှာ ဝမ်းရောဂါ ‘ကပ်အသွင်’ ဖြစ်ပွားနေဟု CHO သတိပေးထုတ်ပြန်
၂။ မင်းတပ်မြို့ပေါ် ပြည်သူ ၈၀ ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ
၃။ မဏိပူရ်၊ အင်ဖားထောင်ထဲက မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒဖော်ထုတ်
၄။မဏိပူရ်၊အင်ဖားထောင်ထဲကအစာငတ်ခံဆန္ဒဖော်ထုတ်ပြသောမြန်မာနိုင်ငံသားများ ရိုက်နှက်ဖြို ခွင်းခံရ
ကလေးမြို့နယ်၊သာယာကုန်းကျေးရွာကခရစ်ယာန်ဘုရားကျောင်း ၅ကျောင်းမီးရှို့ဖျက်ဆီးခြင်းခံရ
-မင်းတပ်မြို့ပေါ် ပြည်သူ ၈၀ ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရ
- ပလက်ဝနဲ့ မင်းတပ်မှာ ဝမ်းကိုက်ရောဂါကြောင့် သေဆုံးသူ ၁၄ ဦးခန့်ထိရှိလာ
- တီးတိန်မြို့က စစ်ကောင်စီတပ်သား တစ်ရာကျော် ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးလာ
-မဏိပူရ်၊ အင်ဖားထောင်ထဲက မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒဖော်ထုတ်
From the publisher's feed