Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇွန်လ ၁၇ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့

    - ရခိုင်ပြည်နယ် တောင်ကုတ်တွင် တိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့အတူ - မန္တလေးအိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော် ထောင်ပြောင်းခံရတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ / ပြည််တွင်းသတင်းလွှာအနေနဲ့ -တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူစီမံကိန်းကို တရုတ်သံအရာရှိအဖွဲ့လာရောက်စစ်ဆေးတဲ့အကြောင်း သတင်းလွှာကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ ဇွန်လ ၉ ရက်နေ့က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ လက်ထောက်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေး‌ချယ်ခံခဲ့ရတဲ့ ဒေါ်ဖြိုးစန္ဒာစိုးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတဲ့အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။ အခုကတော့ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    38 min
  • ဇွန်လ ၁၆ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...          အိုက်ဇောလ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအခမ်းအနားကျင်းပခဲ့တဲ့သတင်းနဲ့အတူ -ဒေါ်လာ သုံးသန်းကျော် တရုတ်ပေးမဲ့ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေစာချုပ် စစ်ကောင်စီ လက်မှတ်ထိုးလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ အဲ့ဒီနောက်မှာတော့  ဇွန်လ ၉ ရက်နေ့က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ လက်ထောက်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေး‌ချယ်ခံခဲ့ရတဲ့ ဒေါ်ဖြိုးစန္ဒာစိုးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတဲ့အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ 


    56 min
  • ဇွန်လ ၁၆ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့    ကျပ်သိန်း ၁၇,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ချင်းပူးပေါင်းတပ်ဖမ်းဆီးရမိတဲ့သတင်းနဲ့အတူ -နှစ်ပေါင်း ၃၀ နီးပါးရှိ အောင်သာဝရ စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး  သတင်းပေးပို့ချက်အနေနဲ့ / ပြည််တွင်းသတင်းလွှာအနေနဲ့  ဖက်ဒရယ်ခရီးအတွက် အညာ‌မြေရဲ့ကြိုးပမ်းမှုများအကြောင်း သတင်းလွှာကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ်အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဂျူချန်းနဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။


    34 min
  • ဇွန်လ ၁၅ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...          ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ပန်းသပိတ်ဆင်နွဲကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်းနေကြတဲ့သတင်းနဲ့အတူ -ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ထောင်ပြောင်းခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဒီကနေ့ရဲ့ သတင်းလွှာကတော့ -မြဝတီ- ရန်ကုန် ကားခ ၂ ဆကျော် ဈေးမြင့်တက်လာတဲ့အကြောင်း  ကိုတင်ဆက်ပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ “သံစဉ့်အိမ်”အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။  နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ 

    55 min
  • ဇွန်လ ၁၅ ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇွန်လ ၁၅ ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================


    ဒီကနေ့မနက်မှာတော့ မြဝတီ- ရန်ကုန် ကားခ ၂ ဆကျော် ဈေးမြင့်တက်လာတဲ့သတင်းနဲ့အတူ ဖက်ဒရယ်ခရီးအတွက် အညာ‌မြေရဲ့ကြိုးပမ်းမှုတွေအကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ နဲ့ ပြည်တွင်း သတင်းပေးပို့ချက်တွေကိုလည်း ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်ကဏ္ဏမှာတော့ “Women and Children’s Hour” အစီအစဉ်ကိုလည်းထုတ်လွှင့်သွားမှာပါ။


    #Mizzimaradio

    #Morningradio

    32 min
  • ဇွန်လ ၁၄ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...          ရှမ်းမြောက်မှာ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ ပြန်ရရှိဖို့ စစ်ကောင်စီက အင်အားတိုးချဲ့ပြင်ဆင်လာမှုကြောင့် စစ်ရေးတင်းမာနေတဲ့သတင်းနဲ့အတူဖုန်းအတွင်း VPN App တွေ့လျှင် စစ်ကောင်စီတပ်က ခြိမ်းခြောက် ငွေတောင်းနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ 

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းတွေ၊ ပြည်တွင်း သတင်းပေးပို့ချက်တွေကိုလည်း ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    ဒါ့အပြင် နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါးတွေထဲက "မိုးကျရွှေကိုယ်နဲ့ အရန်တပ်ဖွဲ့ဥပဒေ" ဆိုတဲ့ဆောင်းပါးနဲ့ အတူ အပတ်စဉ်ကဏ္ဏမှာတော့ “Women and Children’s Hour” အစီအစဉ်ကိုလည်းထုတ်လွှင့်သွားမှာပါ။

    1 hr 1 min
  • ဇွန်လ ၁၄ ရက်၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    - ရှမ်းမြောက်မှာ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေများ ပြန်ရရှိဖို့ စစ်ကောင်စီက အင်အားတိုးချဲ့ပြင်ဆင်လာမှုကြောင့် စစ်ရေးတင်းမာနေတဲ့သတင်း


    - ဖုန်းအတွင်း VPN App တွေ့လျှင် စစ်ကောင်စီတပ်က ခြိမ်းခြောက် ငွေတောင်းတဲ့သတင်း


    - ရုရှားရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေ အပြီးသတ်ရုပ်သိမ်းသွားပြီလို့ အဇာဘိုင်ဂျန်ပြောတဲ့သတင်း


    - စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပထွက်ခွာမှုများလာပြီး လုပ်သားရှားပါးမှု ရင်ဆိုင်နေရတဲ့သတင်း


    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို  တင်ဆက်ပေးသွားမှာပါ။


    30 min
  • ဇွန်လ ၁၄ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -ဖုန်းအတွင်း VPN App တွေ့လျှင် စစ်ကောင်စီတပ်က ခြိမ်းခြောက် ငွေတောင်းတဲ့သတင်း


    -မတူပီ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို ချင်းပူးပေါင်းတပ် သိမ်းပိုက်ပြီး စစ်ကောင်စီက တပ်ရင်းမိသားစုဝင်များကို ရဟတ်ယာဥ်ဖြင့်ပြောင်းရွေ့နေတဲ့သတင်း


    -ရခိုင်မှာ စစ်ကောင်စီ က ကြည်း၊ရေ၊လေ အင်အားသုံးခုခံနေတဲ့သတင်းနဲ့


    -ရုရှားရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေ အပြီးသတ်ရုပ်သိမ်းသွားပြီလို့ အဇာဘိုင်ဂျန်ပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

    16 min
  • ဇွန်လ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -မန္တလေးမြို့က မိုဘိုင်းဖုန်းအရောင်းဆိုင် ချိတ်ပိတ်ခံရတဲ့သတင်း


    -ရှမ်းမြောက်မှာ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေများ ပြန်ရရှိဖို့ စစ်ကောင်စီက အင်အားတိုးချဲ့ပြင်ဆင်လာမှုကြောင့် စစ်ရေးတင်းမာနေတဲ့သတင်း


    -မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက ငတ်မွတ်ခေါင်းပါးမှုကို ဟန့်တားနိုင်ရေး G 7နိုင်ငံတွေကာကွယ်ပေးဖို့ ကုလ တောင်းဆိုလိုက်တဲ့သတင်းနဲ့


    -မွမ်ဘိုင်းအတွက် သောက်သုံးရေထောက်ပံ့နေရတဲ့ ကျေးလက်အိန္ဒိယမှာ ရေပြတ်လပ်မှုကြုံတွေ့နေရတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

    15 min
  • ဇွန်လ ၁၄ ရက်၊ သောကြာနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    ဇွန်လ ၁၄ ရက်၊ သောကြာနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၃ ခုကို PDF တိုက်ခိုက်တဲ့သတင်းနဲ့ အတူ မိုးသည်းထန်ပြီး ကျိုက်ထီးရိုးတောင်တက်လမ်း နေရာအချို့မြေပြိုတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    32 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.