ဒီကနေ့ မနက်နားဆင်ရမယ့် အစီစဉ်တွေတွေကတော့ ကျပ်သိန်း ၁၇,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ချင်းပူးပေါင်းတပ်ဖမ်းဆီးရမိတဲ့သတင်းနဲ့အတူ -နှစ်ပေါင်း ၃၀ နီးပါးရှိ အောင်သာဝရ စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ / ပြည််တွင်းသတင်းလွှာအနေနဲ့ ဖက်ဒရယ်ခရီးအတွက် အညာမြေရဲ့ကြိုးပမ်းမှုများအကြောင်း သတင်းလွှာကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ်အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဂျူချန်းနဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။