အာဏာသိမ်းကာလအတွင်း သယံဇာတအလွန်အကျွံထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းနဲ့ နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏတို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမရေဒီယိုနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ "နွေဦးခေါ်သံအနုပညာကဏ္ဏ" ကိုလည်းနားဆင်ကြရမှာဖြစ်ပါတယ်။