Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇွန်လ ၁၃ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...


    ကန့်ဘလူနဲ့ ကျွန်းလှမှာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ဖိအားပေးနေတာကြောင့် ဒေသခံတွေထွက်ပြေးနေရတဲ့ သတင်းနဲ့ အတူ


    စဉ့်ကူးမှာ စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် အပါအဝင် ၃ ဦးသေဆုံးတဲ့အကြောင်းတွေကိုကြားကြရမှာပါ။


    နိုင်ငံတကာဖက်မှာတော့ တောင်ကိုးရီးယားတောင်ပိုင်းမှာ ပြင်းအား ၄.၈ ရှိတဲ့ ငလျင်လှုပ်ခတ်တဲ့ သတင်းအပါအဝင် တရုတ်လုပ်လျှပ်စစ်ကားတွေအပေါ် အီးယူရဲ့အခွန်စည်းကြပ်မှုဟာ ဥရောပရဲ့အကျိုးစီးပွားကိုထိခိုက်စေလိမ့်မယ်လို့ဘေဂျင်းသတိပေးတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။


    အဲဒီ့နောက်မှာတော့ လေးဝတီFMကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio


    1 hr 8 min
  • ဇွန်လ ၁၃ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    − ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းလစာတိုးပေးခဲ့တဲ့ ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် အချို့ကို စစ်ကောင်စီ ဖမ်းဆီးလိုက်တဲ့သတင်း


    − ကျိုက်မရောထောင်မှာ တန်းပိတ်ချိန် အလုပ်စေခိုင်းခံရသူ အကျဉ်းသား အမြင့်က ပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာရတဲ့သတင်း


    − ပြည်ပ မှ ခွင့်ပြန်အလုပ်သမားတွေ တရားဝင်ငွေလွှဲပေးပို့ထားတဲ့ အထောက်ထားပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမယ့်သတင်း


    − တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းမှာ အရေးပါတဲ့ ဆဒုံးဗျူဟာတပ်စခန်းကို KIA သိမ်းပိုက်လိုက်တဲ့သတင်း


    − ပြည်တွင်း ရွှေဈေးနဲ့ဒေါ်လာဈေး ပြန်လည်မြင့်တက်လာတဲ့သတင်းနဲ့


    − ဖူဂျီတောင်ရဲ့ရှုခင်းကိုပိတ်ဆို့ထားတဲ့ ပြီးစီးလုနီးပါးကွန်ဒိုတိုက်ခန်းကို ဖြိုချဖို့ဆုံးဖြတ်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။


    #7pmnews

    #Mizzimanewshour

    #MizzimaTV

    32 min
  • ဇွန်လ ၁၃ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းမှာ အရေးပါတဲ့ ဆဒုံးဗျူဟာတပ်စခန်းကို KIA သိမ်းပိုက်လိုက်တဲ့သတင်း


    -တွန်းဇံမြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးမိထားတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်သုံ့ပန်း ဥပဒေအရ ကိုင်တွယ်သွားမယ်ဆိုတဲ့အကြောင်း


    - မုံရွာ နမခအနီး စစ်ကောင်စီတပ်စခန်းက တပ်သားငါးဦးကို PDF ဖမ်းဆီးရမိတဲ့သတင်း


    -ပူတင်ရဲ့ခရီးစဉ်အကြို ရုရှားနိုင်ငံနဲ့ဆက်ဆံရေးအပေါ် ကင်ဂျုံအန်ချီးကျူးဂုဏ်ပြုတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်း ကစုစည်းတင်ဆက်ပေးထားပါတယ်။


    #4pmnews

    #Mizzimanewshour

    #MizzimaTV


    15 min
  • ဇွန်လ ၁၃ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(ဟားခါး)ဘာသာ

    ၁။ ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၄၀၀ ကျော်မှာ ၃၀၀ ကျော် အောင်မြင်


    ၂။ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများကို အရေးယူမည်ဟု ချင်းပြည်အစိုးရအဖွဲ့ထုတ်ပြန်


    ၃။ တီးတိန်မြို့ကို စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ ထက်ဝက်စီ အပြိုင်ထိန်းချုပ်ထား


    ၄။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ တေးရုပ်ရှင်ပြပွဲ အိုင်ဇောလ်မြို့တွင် ပြုလုပ်မည်

    12 min
  • ဇွန်လ ၁၃ ရက်၊တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(မီဇိုး)ဘာသာ

    -ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၄၀၀ ကျော်မှာ ၃၀၀ ကျော် အောင်မြင်


    - စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းရှင်နှင့် အဖွဲ့အစည်းများကို အရေးယူမည်ဟုချင်းပြည်အစိုးရအဖွဲ့ထုတ်ပြန်


    -တီးတိန်မြို့ကို စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ ထက်ဝက်စီ အပြိုင်ထိန်းချုပ်ထား


    - ချင်းအမျိုးသားပိုင်နက်နယ်မြေအတွင်း အုပ်ချုပ်ရေးဖော်ဆောင်နေမှုကို ရပ်တန့်ရန် ULA/AA ကိုချင်းလဲန်းကောင်စီတောင်းဆို

    12 min
  • ဇွန်လ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ⁃ ဆီဆိုင်ဒေသခံ ၅၉ ဦးကို စစ်ကောင်စီက ဓားစာခံအဖြစ်ဖမ်းထားကြောင်း PNLA ပြောတဲ့သတင်း


    ⁃ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းလျော့ကျလာတယ်လို့ ကမ္ဘာ့ဘဏ်ပြောတဲ့သတင်း


    ⁃ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးတွေ သေဆုံးမှု အဆိုးဆုံးအခြေအနေထိ ရောက်လာနေပြီလို့ ကုလအကြီးအကဲ သတိပေးတဲ့သတင်းနဲ့


    ⁃ ထိုင်းတရားရုံးက ဝန်ကြီးချုပ်နဲ့အတိုက်အခံပါတီရဲ့အမှုတွေကို လာမယ့်အပတ်မှာရုံးချိန်းပြန်ခေါ်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    #2pmnews

    #Mizzimanewshour

    #MizzimaTV

    14 min
  • ဇွန်လ ၁၂ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    -စစ်ကောင်စီတပ်က AA ထိန်းချုပ်ရာဒေသများရှိ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့သတင်း


    -အင်ဖာထောင်မှာ ထိန်းသိမ်းထားသူများထဲမှ ၃၈ဦး မြန်မာပြည် ပြန်ပို့လိုက်တဲ့သတင်း


    -မြန်မာ့လူဦးရေ ၃၂ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးနေကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်လိုက်တဲ့သတင်း


    -တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ စကစတပ်စခန်း ၁၀ ခုကို KIA သိမ်းပိုက်


    -တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မဟာမိတ်ဆံဆက်ရေး တည်ဆောက်ဖို့ NUG သမ္မတပြောလိုက်တဲ့သတင်းနဲ့


    -တရုတ်ရေတပ်ကပ္ပတိန်ဟောင်း ၁ ဦး လှေနဲ့ခိုးဝင်လာပြီးနောက် ထိုင်ဝမ်ကလုံခြုံရေးတိုးမြှင့်လိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။


    #7pmnews

    #Mizzimanewshour

    #MizzimaTV

    30 min
  • ဇွန်လ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အသီးသီးကို တပ်အရာရှိ‌တွေနဲ့အတူ ဒရုန်းရာချီပို့ဆောင်နေတဲ့သတင်းနဲ့အတူ

    အာဏာသိမ်းကာလအတွင်း သယံဇာတအလွန်အကျွံထုတ်ယူမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်နေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းနဲ့ နွေဦးတော်လှန်အောင်ပွဲခံ ဆောင်းပါးကဏ္ဏတို့ကိုလည်း ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ မဇ္ဈိမရေဒီယိုနဲ့ The Call ​ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းစီစဉ်တင်ဆက်ထားတဲ့ "နွေဦးခေါ်သံအနုပညာကဏ္ဏ" ကိုလည်းနားဆင်ကြရမှာဖြစ်ပါတယ်။

    နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    ---------------------

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

    59 min
  • ဇွန်လ ၁၂ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(ဟားခါး)ဘာသာ

    ၁။ မီဇိုရမ်တွင် မြန်မာနိုင်ငံသား ၂ ဦးထံ ကျည်ဆံများဖမ်းမိ


    ၂။ ကလေးမြို့၊ မင်းကြီးဟိုတယ်တွင် ဖမ်းဆီးခံရသော လူငယ်အချို့ ကတိခံဝန်ချက်ဖြင့်ပြန်လွတ်လာ


    ၃။ တီးတိန်-တွန်းဇံကြား ဇလွေချောင်းကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး


    ၄။ စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးကုသရေးနှင့် မိုးတွင်းကာလ ဆန်ထောက်ပံ့နိုင်ရေးဆွေးနွေး

    10 min
  • ဇွန်လ ၁၂ ရက်၊တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(မီဇိုး)ဘာသာ

    - ကလေးမြို့၊ မင်းကြီးဟိုတယ်တွင် ဖမ်းဆီးခံရသော လူငယ်အချို့ ကတိခံဝန်ချက်ဖြင့် ပြန်လွတ်လာ


    -တီးတိန်-တွန်းဇံကြား ဇလွေချောင်းကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး


    - ပလက်ဝမြို့နယ်မှာ AA ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီး တစ်ဦးအပါဝင် ၄ ဦး နှစ်လနီးပါးအဆက်သွယ်ပြတ်


    - သံတွဲ ဆင်ခေါင်းရွာ ဗုံးကြဲခံရမှု အရပ်သား ၁၄ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရကြောင်း AA ပြော


    -စစ်ဘေးရှောင်များအတွက် အခမဲ့ဆေးကုသရေးနှင့် မိုးတွင်းကာလ ဆန်ထောက်ပံ့နိုင်ရေး ဆွေးနွေး

    11 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.