− ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အီတလီချီးမြှင့်တဲ့သတင်း
-အိန္ဒိယအစိုးရ အများစုပိုင်ဆိုင်တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ စစ်ကောင်စီကို လက်နက်နဲ့ လေ့ကျင့်ရေးသင်တန်း ပံ့ပိုးနေတဲ့သတင်း
-ပြည်ပအလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေမှတစ်ဆင့် မိသားစုထံ လွှဲပြောင်းတဲ့အထောက်အထားတွေ တင်ပြဖို့ အေဂျင်စီတွေကို စစ်ကောင်စီပြောလိုက်တဲ့သတင်း
-သတ်မှတ်ရွှေဈေးနှုန်းနဲ့ တစ်ဦးကို ရွှေတစ်ပဲနှုန်းသာ ဝယ်ယူ ခွင့်ရတဲ့သတင်း
-တရုတ်နယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ ကန်ပိုက်တီလမ်းပိုင်းဖွင့်ပြီး တစ်ရက်အကြာမှာ စစ်ကောင်စီ ပြန်ပိတ်လိုက်တဲ့သတင်းနဲ့
စားအုန်းဆီ ပြတ်လပ်မှုကြောင့် တန်းစီဝယ်ယူနေရပြီး ဈေးနှုန်းလည်းမြင့်တက်လာတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။