ဒီကနေ့ညမှာတော့ -ဘုရားသုံးဆူနယ်စပ်ဂိတ်ပိတ်ထား၍ တရားမဝင်လမ်းကြောင်းမှ ကုန်သွယ်နေရသဖြင့် ကုန်ဈေးနှုန်းတက်နေတဲ့သတင်းနဲ့အတူ -စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေထံ လက်နက်မရောက်ရေး ဥပဒေနဲ့ကာကွယ်ဖို့ သံအမတ်ကြီးတိုက်တွန်းလိုက်တဲ့သတင်းတွေ အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပီး ပြည်တွင်းသတင်းလွှာ အနေနဲ့-ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသည့် မော်တော်ယာဉ်ကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံလိုက်တဲ့အကြောင်း သတင်းလွှာ ကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အဖြစ် • ထိုင်းနိုင်ငံ လုံခြုံရေးအတွက် မြန်မာ့အရေးကို ဦးစားပေးဖြေရှင်းဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ပြောလိုက်တဲ့အကြောင်း ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။