ဒီကနေ့မနက်မှာတော့ ရခိုင်အပါအဝင် ဒေသအချို့ မိုးဆက်ကောင်းနိုင်တာကြောင့် ရေကြီးမြေပြိုမှုဘေးသတိပေးချက်ထုတ်ပြန်ထားတဲ့သတင်းနဲ့အတူ ဆေးရုံမှာ မြန်မာအမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ထိုင်းရဲအဖမ်းခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့လွှာတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ “Mizzima Editorial Talk” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။