ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ဟု NUG ပြောတဲ့ သတင်းနဲ့ အတူ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးတဲ့ တိုက်ပွဲမှာ ဒဏ်ရာရကာကွယ်ရေးရဲဘော် ကျဆုံးတဲ့
အကြောင်းတွေကိုကြားကြရမှာပါ။
နိုင်ငံတကာဖက်မှာတော့ ပါပူဝါနယူးဂီနီမြေပြိုမှုမှ သေဆုံးသူတွေရဲ့အလောင်းများ ရှာဖွေကောက်ယူမှုလုပ်ငန်းများ
အဆုံးသတ်တဲ့ သတင်းအပါအဝင် တတိယအကြိမ်ရာထူးသက်တမ်းမှာ မျှော်လင့်တာထက်ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့မိုဒီရင်ဆိုင်ရနိုင်တဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီ့နောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
အခုပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို ကိုစိုင်းခန့်နဲ့အတူ တင်ဆက်ပေးပါတော့မယ်။