Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇွန်လ ၅ ရက်နေ့၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့


    - NLD ပါတီ နာယကကြီး သူရဦးတင်ဦး ဈာပနကို သမ္မတဦးဝင်းမြင့် ဇနီး တက်ရောက်တဲ့သတင်း


    - ပါကစ္စတန်နိုင်ငံမှာ ကျောက်မီးသွေးတွင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၁ ဦးသေဆုံးတဲ့သတင်း


    - အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စစ်ကောင်စီ စတင်လုပ်ဆောင်တဲ့သတင်း


    - ဖိလစ်ပိုင်မှာမီးတောင်ပေါက်ကွဲပြီး ရာနှင့်ချီတဲ့ဒေသခံတွေ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေဆီ ခိုလှုံတဲ့ သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    #4pmnews

    #Mizzimanewshour

    #MizzimaTV

    14 min
  • ဇွန်လ ၅ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတဦးအပါအဝင် ခြောက်ဦးပြန်လွတ်လာတဲ့သတင်း


    -မကွေးတိုင်း၊ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ပျူစောထီးစခန်းကို တိုက်ခိုက်မှု ငါး ဦးသေဆုံးပြီး သေနတ် ကိုး လက် သိမ်းဆည်းရရှိတဲ့သတင်း


    -အမျိုးသမီးများ စစ်မှုထမ်းဖို့ စစ်ကောင်စီ စတင်လုပ်ဆောင်နေတဲ့သတင်းနဲ့


    -ဖိလစ်ပိုင်ကင်းစခန်းတွေဆီ လေကြောင်းကနေပေးပို့တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို တရုတ်သင်္ဘောတွေက တရားမဝင်ကောက်ယူနေတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။


    #2pmnews

    #Mizzimanewshour

    #MizzimaTV


    16 min
  • ဇွန်လ ၅ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...တီးတိန်မြို့တိုက်ပွဲအတွင်း ဒေသခံ ၅ဦး သေဆုံးပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို ထပ်မံမီးရှို့တဲ့ သတင်းနဲ့ အတူ ရှမ်းမြောက်မှာ KIA နဲ့ ပြဿနာကြီးထွားလာမှု ကြားဝင် ဖြေရှင်းပေးဖို့ FPNCC ထံTNLA တောင်းဆိုတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    31 min
  • ဇွန်လ ၄ ရက်၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    − ရှမ်းမြောက်မှာ KIA နဲ့ ပြဿနာကြီးထွားလာမှု ကြားဝင်ဖြေရှင်းပေးဖို့ FFPNCCထံ TNLA တောင်းဆိုလိုက်တဲ့သတင်း 


    − အမေရိကန် ထိန်းသိမ်းထားတဲ့ မြန်မာပိုင် ကန်ဒေါ်လာ  ၁ ဘီလီယံ‌ကျော်မှ အတိုးငွေကိုရရှိရေး NUG ကြိုးပမ်းနေတဲ့သတင်း


    − ငပလီကမ်းခြေဟိုတယ်ဇုန်အနီး တိုက်ပွဲပြင်းထန်နေတဲ့သတင်း


    − စစ်တွေ ဗျိုင်းဖြူရွာ စီးနင်းခံရမှု သတ်ဖြတ်ခံရသူ ၇၆ ဦးအထိရှိလာကြောင်း AA ပြောတဲ့သတင်း


    − မင်းကင်း မင်္ဂလာဆောင်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်တိုးလာပြီး ဒ‌ဏ်ရာရသူအချို့ စိုးရိမ်ရတဲဲ့အကြောင်းနဲ့


    − ရွှေနဲ့ ဒေါ်လာဈေး အလှုပ်အခတ်ကြောင့် အခြေခံစားသောက်ကုန်ဈေး မြင့်တက်နေတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးပါမယ်။

    29 min
  • ဇွန်လ ၄ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    အမေရိကန် ထိန်းသိမ်းထားတဲ့ မြန်မာပိုင် ကန်ဒေါ်လာ ၁ ဘီလီယံ‌ကျော်က အတိုးရရှိရေး NUG ကြိုးပမ်းနေတဲ့ သတင်းနဲ့ အတူ မင်းကင်း မင်္ဂလာဆောင်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်တိုးလာတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ ယူကရိန်းငြိမ်းချမ်းရေးထိပ်သီးညီလာခံသို့ နိုင်ငံတွေမတက်ရောက်အောင် ဖိအားပေးနေတယ်ဆိုတဲ့စွပ်စွဲချက်ကို တရုတ်ငြင်းဆိုတဲ့သတင်းအပါအဝင်အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲပြီး ကောင်းကင်ကို ပြာတွေ ၇ ကီလိုမီတာအထိလွင့်စင်တဲ့သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီနောက်မှာတော့ ပြည်တွင်းသတင်းလွှာ၊ ဗီဇာလမ်းညွှန်၊ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်၊ မရွှေမိုးရဲ့လေးညှို့သံဆောင်းပါး အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။

    1 hr 1 min
  • ဇွန်လ ၄ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် |ချင်း (ဟားခါး)ဘာသာ

    ၁။ ချင်းလဲန်းကောင်စီတွင် ပူးပေါင်းပါဝင်မည်ဟု PDA- တီးတိန် ပြော


    ၂။ ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၃ ဦး လက်နက်နှင့်အတူ CNO/CNDF ထံ အလင်းဝင်


    ၃။ တီးတိန်မြို့ပေါ်နေအိမ်များ ထပ်မံမီးရှို့ခံရ


    ၄။ ချင်းပြည်အတွင်း စစ်ကောင်စီ အမြန်ဆုံးကင်းစင်ရေး ဆောင်ရွက်မည်၊ ဗျူဟာကျသည့် နေရာများကို ဦးစားပေး သိမ်းနိုင်ရေး ချင်းကာကွယ်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေး


    11 min
  • ဇွန်လ ၄ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် (မီဇိုးဘာသာ)

    - ချင်းလဲန်းကောင်စီတွင် ပူးပေါင်းပါဝင်မည်ဟု PDA- တီးတိန် ပြော


    -မင်းတပ်မြို့ပေါ်က ပြည်သူများ စစ်ရေးစိုးရိမ်မူကြောင့် ကြိုတင်စစ်ဘေးတိမ်းရှောင်နေကြဟုဆို


    -သီးခြားလွတ်လပ်သည့် ချင်းအမျိုးသားတက္ကသိုလ်- CNU ကို အလျင်အမြန် ဖွင့်လှစ်နိုင်ရေးချင်းပြည်အစိုးရဆောင်ရွက်နေ


    - ချင်းပြည်အတွင်း စစ်ကောင်စီ အမြန်ဆုံးကင်းစင်ရေး ဆောင်ရွက်မည်


    -မီဇိုရမ်မြေပြိုမှုရံပုံငွေအတွက် အွန်လိုင်းကနေရှိုးပွဲကျင်းပမယ်


    10 min
  • ဇွန်လ ၄ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -ရွှေလုပ်ငန်းရှင်တချို့ ဖမ်းဆီးခံရပြီးနောက် အခေါက်ရွှေရောင်းဝယ်မှု ရပ်ဆိုင်းနေတဲ့သတင်း


    -အမေရိကန်က ထိန်းသိမ်းထားတဲ့ ငွေ ၁.၃၆ ဘီလီယံကနေ အနိမ့်ဆုံးအဆင့်အနေနဲ့ အတိုးငွေရရှိနိုင်ဖို့ NUG ကြိုးပမ်းနေတယ်ဆိုတဲ့သတင်း


    -မင်းကင်း မင်္ဂလာဆောင်လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်တိုးလာပြီး ဒ‌ဏ်ရာရသူအချို့ စိုးရိမ်ရတဲဲ့အကြောင်း


    -အမှိုက်မီးပုံးပျံတွေကြောင့် ကိုရီးယား ၂ နိုင်ငံအကြား စစ်ရေးသဘောတူညီချက်ကို အပြည့်အဝရပ်ဆိုင်းသွားမယ်လို့ တောင်ကိုရီးယားပြော တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်း ကစုစည်းတင်ဆက်ပေးထားပါတယ်။

    16 min
  • ဇွန်လ ၄ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    ⁃ ဗျိုင်းဖြူရွာဖြစ်စဉ်မှာ အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို လက်စားချေမယ်လို့ AA ကြေညာလိုက်တဲ့သတင်း


    ⁃ ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲကာလမတိုင်မီက မီးရှို့ခံရတဲ့ နေအိမ်  ၂,၀၀၀ ကျော်ရှိတယ်လို့ AA စစ်ဦးစီးချုပ် ပြောတဲ့သတင်း


    ⁃ စစ်ကောင်စီက စစ်အသုံးစရိတ် သမိုင်းတလျောက်စံချိန်တင်သုံးစွဲနေတဲ့သတင်းနဲ့


    ⁃ ဂါဇာစစ်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့ မော်လ်ဒိုက်က အစ္စရေးလူမျိုးခရီးသွားတွေကို ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    16 min
  • ဇွန်လ ၄ ရက်၊ အင်္ဂါနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    မြန်မာ့စီးပွားရေး ပျက်ကပ်ဆိုက်‌နေပြီလို့ NUG ဝန်ကြီးပြောတဲ့ သတင်းနဲ့ အတူ 

    ခင်ဦးမှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ နဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။ 

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် Mizzima Editorial Talk အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။ 

    36 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.