ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...တီးတိန်မြို့တိုက်ပွဲအတွင်း ဒေသခံ ၅ဦး သေဆုံးပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို ထပ်မံမီးရှို့တဲ့ သတင်းနဲ့ အတူ ရှမ်းမြောက်မှာ KIA နဲ့ ပြဿနာကြီးထွားလာမှု ကြားဝင် ဖြေရှင်းပေးဖို့ FPNCC ထံTNLA တောင်းဆိုတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။