Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇွန်လ ၁ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့  - ထိုင်းနိုင်ငံသို့ မြဝတီ အမှတ်(၁) တံတားမှ ကူးသန်းသွားသူများကို စစ်ကောင်စီ တရားမဝင်ငွေကြေးကောက်ခံနေတဲ့သတင်းနဲ့အတူ -ရန်ကုန်တိုင်းက မြို့နယ်အချို့တွင် ညအချိန် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးနေတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။အဲ့ဒီနောက်မှာတော့    အပတ်စဉ် ကဏ္ဏအနေနဲ့ Insight Myanmar အစီအစဉ် ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ကိုစိုင်းခန့်နဲ့အတူတင်ဆက်ပေးပါမယ်ရှင်။

    32 min
  • မေလ ၃၁ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...          

    NLD ပါတီ နာယကကြီး သူရဦးတင်ဦးရဲ့ ကျန်းမာရေး တိုးတက်လာတဲ့သတင်း နဲ့အတူ -MOU သက်တမ်းတိုးဖို့ ပြည်တွင်းပြန်ရမှာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ စိုးရိမ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ အဲ့ဒီနောက်မှာတော့ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းတွေနဲ့ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသမှာ ၆လအတွင်း ပြည်သူ ၂၇၀နီးပါးသေဆုံးခဲ့တဲ့အကြောင်းသတင်းလွှာကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ် ကဏ္ဏအနေနဲ့ Insight Myanmar အစီအစဉ် ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    53 min
  • မေလ ၃၁ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    - စစ်ပွဲများကြောင့် ကလေးငယ်များ အဆိုးရွားဆုံးထိခိုက်ခံစားနေရတဲ့သတင်း


    - ကလေးမြို့တွင် ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က ဒုတပ်ရင်းမှူး အသေဖမ်းဆီးခံရတဲ့သတင်း


    - ကမ္ဘောဒီးယားရှိ တရုတ်ထောက်ပံ့တဲ့ အငြင်းပွားဖွယ်ရာတူးမြောင်းကို စတင်လုပ်ဆောင်တော့မယ်လို့ ဝန်ကြီးချုပ်ပြောတဲ့သတင်း


    - စစ်ကောင်စီရဲ့ အဖမ်းအဆီးသတင်းတွေကြောင့် ရွှေနဲ့ ဒေါ်လာဈေး ပြန်လည်ကျဆင်းတဲ့သတင်း


    - ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို  တင်ဆက်ပေးသွားမှာပါ။

    31 min
  • မေလ ၃၁ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် |ချင်း (ဟားခါး)ဘာသာ

    ၁။ ဆိုင်ကလုန်း Remal ကြောင့် ကုလားတန်မြစ်ရေကြီးပြီး စစ်ဘေးရှောင်နေအိမ် ၁၀ ထက်မနည်းပျက်စီး


    ၂။ မတူပီခရိုင်ရုံးကို CDF မတူပီ၊ Vakok တပ်ရင်းက ယနေ့ သိမ်းပိုက်


    ၃။ ကလေးမြို့ အင်ဒိုင်းလေးအကျဉ်းထောင်မှာ ကျန်းမာရေးမကောင်းသူများ ဆေးရုံမှာကုသခွင့်တောင်းပေမယ့်လက်မခံ


    ၄။ ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ ခုက ဒိုင်ရ်နယ်မြေများကို ပေါင်းစည်း၍ ဒေသအုပ်ချုပ်ရေး ဆောင်ရွက်မည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ ထုတ်ပြန်

    12 min
  • မေလ ၃၁ ရက်၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် (မီဇိုးဘာသာ)

    - မိုးရွာသွန်းမှုကြောင့် ကလေး-သိုင်းငင်း- တီးတိန်လမ်း မြေပြိုကျ


    -တစ်ပတ်အတွင်း မြို့၃မြို့နှင့်စစ်ကောင်စီတပ်စခန်း ၁၁ခုကိုတော်လှန်ရေးတပ်ဖွဲ့များကသိမ်းပိုက်ရရှိ


    - ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ ခုက ဒိုင်ရ်နယ်မြေများကို ပေါင်းစည်း၍ဒေသအုပ်ချုပ်ရေးဆောင်ရွက်မည်ဟု ဒိုင်ရ်ဒေသန္တရ ကောင်စီ ထုတ်ပြန်


    -တီးတိန်မြို့မှာ လက်နက်ကြီး ထိမှန်လို့ အမျိုးသမီးတစ်ဦး သေဆုံး၊ အမျိုးသားတစ်ဦး ဒဏ်ရာရ


    - မီဇိုရမ်တွင် မိုးကြီးပြီး မြေပြိုမှုကြောင့် အရပ်၃oကျော်သေဆုံး

    11 min
  • မေလ ၃၁ ရက်နေ့၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့


    - နိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတွေကို ဗဟိုချုပ်ကိုင်မှုက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားနိုင်ကြောင်း ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေပြောတဲ့သတင်း


    - ရေဖြူမှာ CDM ဆရာမ ၂ ဦးကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီ ချမှတ်တဲ့သတင်း


    - စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရခိုင်ဒေသမှာ ၆လအတွင်း ပြည်သူ ၂၇၀နီးပါး သေဆုံးတဲ့သတင်း


    - ကမ္ဘောဒီးယားမှာ တရုတ်ထောက်ပံ့တဲ့ အငြင်းပွားဖွယ်ရာ တူးမြောင်းကို စတင်လုပ်ဆောင်တော့မယ်လို့ ဝန်ကြီးချုပ်ပြောတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    #4pmnews

    #Mizzimanewshour

    #MizzimaTV

    15 min
  • မေလ ၃၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - စစ်ပွဲတွေကြောင့် ကလေးငယ်တွေ အဆိုးရွားဆုံးထိခိုက်ခံစားနေရတဲ့သတင်း


    - မြန်မာစစ်ကောင်စီနဲ့ မပတ်သက်ဖို့ iMyanmarHouse ကို JFM တောင်းဆိုတဲ့ သတင်း


    - မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြား ပစ်လွှတ်တဲ့သတင်း


    - ဂျပန်မှာလေ့လာရေးတောင်တက်ခရီးစဉ်အတွင်း ကျောင်းသား ၇ ဦး နှင်းထုပြိုကျမှုကြောင့် သေဆုံးခဲ့တာကြောင့် ကျောင်းဆရာတွေကိုထောင်ဒဏ်ချမှတ် တဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။


    #2pmnews

    #Mizzimanewshour

    #MizzimaTV

    16 min
  • မေလ ၃၁ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    - ဟွန်ဒီသမားများကို စစ်ကောင်စီဖမ်းဆီးပြီး ဘဏ်အကောင့်များကို ပိတ်သိမ်းတဲ့သတင်း


    - အိန္ဒိယကက်ရှ်မီးယားမှာ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၂၁ ဦးသေဆုံးတဲ့သတင်း


    - လွိုင်ကော်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်တဲ့သတင်း


    - ဟောင်ကောင်ရဲ့လုံခြုံရေးဥပဒေအပေါ် ဝေဖန်နေသူတွေကို ဝင်မရှုပ်ဖို့တရုတ်ပြောတဲ့သတင်း


    -ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    #12pmnews

    #Mizzimanewshour

    #MizzimaTV

    13 min
  • မေလ ၃၁ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    မေလ ၃၁ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ဟွန်ဒီသမားတွေကို စစ်ကောင်စီဖမ်းဆီးပြီး ဘဏ်အကောင့်တွေ ပိတ်သိမ်းလိုက်တဲ့ သတင်းနဲ့ အတူ လွိုင်ကော်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး တပ်တွေအကြား တိုက်ပွဲဖြစ်ပွားတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    34 min
  • မေလ ၃၀ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...          ထို့ကော်ကိုးလမ်းအပါအဝင် မြဝတီ-ဘားအံ တောလမ်းတွေပိတ်လိုက်ပြီး ကုန်ကားတွေကို လမ်းဟောင်းကနေ ဆင်းခွင့်ပြုတဲ့သတင်းနဲ့ အတူ ဟိုတယ် မဲဖောက်မယ့် Project The Key ကမ်ပိန်း မကြာမီစတင်တော့မယ့် အကြောင်းတွေကိုကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ ဒေသတွင်းဆက်ဆံရေး ပိုမိုနက်ရှိုင်းဖို့ရည်ရွယ်တဲ့ဖိုရမ်အတွက် တရုတ်က အာရပ်ခေါင်းဆောင်တွေကိုလက်ခံကြိုဆိုတဲ့ သတင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၆၅ ဦးအထိ မြင့်တက်လာတဲ့  သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီ့နောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။ 


    1 hr 7 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.