ဒီကနေ့မနက်မှာတော့ - ထိုင်းနိုင်ငံသို့ မြဝတီ အမှတ်(၁) တံတားမှ ကူးသန်းသွားသူများကို စစ်ကောင်စီ တရားမဝင်ငွေကြေးကောက်ခံနေတဲ့သတင်းနဲ့အတူ -ရန်ကုန်တိုင်းက မြို့နယ်အချို့တွင် ညအချိန် စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးနေတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။အဲ့ဒီနောက်မှာတော့ အပတ်စဉ် ကဏ္ဏအနေနဲ့ Insight Myanmar အစီအစဉ် ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ကိုစိုင်းခန့်နဲ့အတူတင်ဆက်ပေးပါမယ်ရှင်။