ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... မင်းကင်းမြို့က မင်္ဂလာဆောင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၂၀ ဦးခန့်သေဆုံးတဲ့သတင်းနဲ့အတူ တီးတိန်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့တဲ့အကြောင်းတွေကို ကြားကြရမှာပါ။နိုင်ငံတကာဖက်မှာတော့ အမေရိကန်နဲ့စစ်ရေးအရ ဖလှယ်မှုတွေ ပိုမိုလုပ်ဆောင်လိုကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးပြောတဲ့ သတင်းအပါအဝင်ဆိုးလ်ကလက်ခံကျင်းပမယ့် အာဖရိကထိပ်သီးဆွေးနွေးပွဲအတွင်း သတ္ထုကုန်သွယ်ရေးမြှင့်တင်နိုင်ဖို့ တောင်ကိုရီးယားသမ္မတမျှော်လင့်တဲ့သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ Mizzima Editorial Talk အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။