Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဇွန်လ ၃ ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...          မင်းကင်းမြို့က မင်္ဂလာဆောင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဒေသခံ ၂၀ ဦးခန့်သေဆုံးတဲ့သတင်းနဲ့အတူ တီးတိန်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့တဲ့အကြောင်းတွေကို ကြားကြရမှာပါ။နိုင်ငံတကာဖက်မှာတော့ အမေရိကန်နဲ့စစ်ရေးအရ ဖလှယ်မှုတွေ ပိုမိုလုပ်ဆောင်လိုကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးပြောတဲ့ သတင်းအပါအဝင်ဆိုးလ်ကလက်ခံကျင်းပမယ့် အာဖရိကထိပ်သီးဆွေးနွေးပွဲအတွင်း သတ္ထုကုန်သွယ်ရေးမြှင့်တင်နိုင်ဖို့ တောင်ကိုရီးယားသမ္မတမျှော်လင့်တဲ့သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ Mizzima Editorial Talk အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။


    1 hr
  • ဇွန်လ ၃ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -တိုကျိုနှင့် အိုဆာကာမှာပြုလုပ်တဲ့ တော်လှန်သင်္ကြန်ပွဲမှ ရန်ပုံငွေ ကျပ်သိန်း ၇,၀၀၀ ခန့်ရရှိတဲ့သတင်း


    -မင်းကင်းမြို့က မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ ၂၀ဦးခန့် သေဆုံးခဲ့တဲ့သတင်း


    -စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက လူ ၅၃ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရကြောင်း AA ထုတ်ပြန်လိုက်တဲ့သတင်းနဲ့


    -အမေရိကန်နဲ့စစ်ရေးအရ ဖလှယ်မှုတွေ ပိုမိုလုပ်ဆောင်လိုကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးပြောလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

    13 min
  • ဇွန်လ ၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -တီးတိန်မြို့မှာ စစ်ကောင်စီက လူနေအိမ်တွေမီးရှို့နေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့သတင်း


    -ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည် ၁၅၀ ခန့် မကွေးတိုင်းထဲ ခိုလှုံလာတဲ့သတင်း


    -နိုင်ငံစုံက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေတက်ရောက်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲမှာ မြန်မာပြည်အရေး ဆွေးနွေးကြတဲ့သတင်းနဲ့


    - မြောက်ကိုရီးယားက နယ်စပ်ကိုဖြတ်ပြီး အမှိုက်တွေထည့်ထားတဲ့မီးပုံးပျံအလုံး ၆၀၀ ကျော်ကို ထပ်မံလွှတ်တင်လိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

    15 min
  • ဇွန်လ ၃ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန် ရွှေဆိုင်ပိုင်ရှင်တွေအပါအဝင် ၁၀ဦးကို ဖမ်းဆီးဖို့ လုပ်ဆောင်နေကြောင်း စစ်ကောင်စီ ကြေညာလိုက်တဲ့သတင်း


    -ဒီနှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီပြောလိုက်တဲ့သတင်း


    -သင်္ဃန်းညီနောင်ဗျူဟာ စစ်ကောင်စီထံ ပြန်မရောက်ရေး စုပေါင်းပါဝင်ရန် KNLA ပြောလိုက်တဲ့သတင်းနဲ့


    -တောင်တရုတ်ပင်လယ်မှာ ဘေဂျင်းရဲ့စိတ်ရှည်သည်းခံမှု အကန့်အသတ်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးသတိပေးလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

    14 min
  • ဇွန်လ ၃ ရက်၊ တနင်္လာနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့

    မြဝတီမြို့ဝင်ဆိုင်ဘုတ်အနီးမှာ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားတဲ့သတင်းနဲ့အတူ

    ပြည်တွင်း အမည်ရရွှေဆိုင်ပိုင်ရှင်တွေအပါအဝင် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးကို စစ်ကောင်စီအရေးယူတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တပတ်အတွင်းကနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းလွာ တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ “Women and Children’s Hour” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    34 min
  • ဇွန်လ ၂ ရက်၊ တနင်္ဂနွေနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ NLD ပါတီ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းပေးပို့တဲ့သတင်းနဲ့အတူ

    စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံရသူ ၄၀ ကျော်ရှိပြီး ၁၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားတဲ့သတင်း အပါအဝင်နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တပတ်အတွင်းကနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းလွာ တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး “မြင့်မားလာတဲ့ နိုင်ငံခြားငွေကြေးနဲ့ မြန်မာ့စီးပွားရေး” အကြောင်းသတင်းဆောင်းပါးနဲ့အတူ အပတ်စဉ်ကဏ္ဏအနေနဲ့ “Women and Children’s Hour” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    1 hr
  • ဇွန်လ ၂ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ -တအာင်းဒေသအတွင်း စစ်ကောင်စီခွင့်ပြုမိန့်ဖြင့် လည်ပတ်နေသည့်လုပ်ငန်းများကို TNLA ပိတ်ပင်လိုက်တဲ့သတင်းနဲ့အတူ -NMSP(AD)နှင့် ပတ်သက်မှုမရှိဘူးလို့ မွန်ပြည်သစ်ပါတီထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး - စစ်ကောင်စီရဲ့ အဖမ်းအဆီးသတင်းတွေကြောင့် ရွှေနဲ့ ဒေါ်လာဈေး ပြန်လည်ကျဆင်းလာတဲ့အကြောင်း သတင်းလွှာကိုနားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ သံစဉ့်အိမ်အစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဂျူချန်း နဲ့အတူ တင်ဆက်ပေးပါမယ်ရှင်။

    36 min
  • ဇွန်လ ၁ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(ဟားခါး)ဘာသာ

    ၁။ ကလေး-သိုင်ငင်းလမ်းမကြီးအား စစ်ဘေးရှောင်ပြည်သူများအတွက် ခေတ္တဖွင့်ပေး၊စစ်ရေးအရ အချိန်မရွေး ပြန်လည်ပိတ်ပင်သွားမည်ဟုဆို


    ၂။ မင်းတပ်မြို့ပေါ်က ပြည်သူများ စစ်ရေးစိုးရိမ်မှုကြောင့်


    ကြိုတင်စစ်ဘေး တိမ်းရှောင်နေကြဟုဆို


    ၃။ မီဇိုရမ်ပြည်နယ်က သဘာဝဘေးသင့် ကူညီကယ်ဆယ်ရေးအတွက်မြန်မာ စစ်ဘေးရှောင်များကိုယ်စား NUA ကအလှူငွေများပေးအပ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပါဝင်ဆောင်ရွက်


    ၄။ မင်းတပ်တွင် စစ်ကောင်စီက ကိုယ်ဝန်သည်အမျိုးသမီးအပါအ ဝင် အရပ်သား ၆ ဦးကိုမေလအတွင်း ဖမ်းဆီးခဲ့

    11 min
  • ဇွန်လ ၁ ရက်၊တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(မီဇိုး)ဘာသာ

    - PDF-Kalay ဒုတပ်ရင်းမှူး စစ်ကောင်စီတွေနဲ့ပစ်ခတ်စဉ်ကျဆုံး


    -ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှုစစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား


    -မင်းတပ်တွင် စစ်ကောင်စီက ကိုယ်ဝန်သည်အမျိုးသမီးအပါအဝင် အရပ်သား ၆ ဦးကိုမေလအတွင်း ဖမ်းဆီးခဲ့


    -အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင်၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ


    -ဆိုင်ကလုန်း Remal ကြောင့် ကုလားတန်မြစ်ရေကြီးပြီး စစ်ဘေးရှောင်နေအိမ် ၁၀ထက်မနည်းပျက်စီး

    10 min
  • ဇွန်လ ၁ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ -NLD ပါတီ နာယကကြီး သူရဦးတင်ဦး ကွယ်လွန်သွားတဲ့သတင်း နဲ့အတူ -ခြံအမှတ် (၅၄) ကိစ္စ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ ကန့်ကွက်လိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဒီကနေ့ရဲ့ သတင်းလွှာကတော့ -ဆေးဝါးဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အကြောင်း သတင်းလွှာကိုတင်ဆက်ပေးမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ “သံစဉ့်အိမ်”အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။


    #Mizzimaradio

    #Eveningradio

    54 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.