
Sign up to save your podcasts
Or


အပတ်စဉ် တင်ဆက်သွားမယ့် ‘လူငယ်သတင်း’ စကားဝိုင်းကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တပတ်အတွင်း ထူးခြားတဲ့သတင်းတွေကို VOH ဝိုင်းတော် သား မောရဇော်နဲ့ ငွေနှင်းဖြူတို့က စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
အပတ်စဉ် တင်ဆက်သွားမယ့်‘လူငယ်သတင်း’ စကားဝိုင်းဖြစ်ပါတယ်။ ဒီတပတ်စကားဝိုင်းမှာတော့ ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂ လအတွင်း အာဏာသိမ်းစစ် တပ်က လုပ်ဆောင်ခဲ့တဲ့ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်မှုတွေအကြောင်းကို VOH ဝိုင်းတော်သား ဆောမိရ်နဲ့ ဆာဒါက်တို့က ဆွေးနွေးထားပါတယ်။ နားသောတဆင်ကြည့်ပါခင်ဗျာ......
ဒီကနေ့မှာတော့... မြစ်ကြီးနား ဝန်ထမ်းအိမ်ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဝန်ထမ်းမိသားစုဝင် ၂ ဦးသေဆုံးတဲ့သတင်းနဲ့အတူ ထိုင်းမှာ မြန်မာနိုင်ငံသား ၁၉ ဦး လိုက်ပါစီးနင်းလာသည့်ကား မောင်းပြေးရင်း မြစ်ထဲကျတဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ အာဏာသိမ်းမှုအလွန် ထိုင်း-မြန်မာအရေးကိစ္စကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ကဆစ် ပီရွန်မြာကို သီးသန့်တွေ့ဆုံမေးမြန်းထားတဲ့ Exclusive Interview အစီအစဉ် ပထမပိုင်းနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ တိုင်းရင်းသားတွေရဲ့ အသံနဲ့ အမြင်တွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့မနက်မှာတော့ .....အညာက တပ်တွေ စုစည်းနိုင်ဖို့ ဘာတွေလိုအပ်နေလဲဆိုတဲ့သတင်းနဲ့အတူ ဘိလပ်မြေ ဈေးတင်ရောင်းတဲ့ ဆိုင် ၆၀ ကျော်ကို အရေးယူမယ်လို့ စစ်ကောင်စီပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာသတင်းနဲ့အတူ တိုင်းရင်းသားဒေသနဲ့ တော်လှန်ရေးဒေသတွေထဲက သတင်းအကြောင်းအရာတွေကို တင်ဆက်ထားတဲ့ NMG ရေဒီယိုအစီအစဥ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Morningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
- ပုဏ္ဏားကျွန်းဒေသခံ မိသားစုဝင် ၅ ဦးကို ခိုးမှုနဲ့ AA စွပ်စွဲဖမ်းဆီးထားစဥ် ၁ ဦး သေဆုံး၊ ကျန် ၄ ဦးကို ပြန်လွှတ်ပေး
- သစ်ပင်နဲ့ခံနေတာကြောင့် ချောက်ထဲမကျသွားတဲ့ ယာဉ်တိမ်းမှောက်မှု ကိုယ်ဝန်ဆောင် အပါဝင် ၂ ဦး ဒဏ်ရာရ
- ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ တိုက်ပွဲပြင်းထန်
- စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု မုံရွာဒေသခံ ၄ ဦးသေဆုံး
- တိုက်ခိုက်သူတွေကို ‘ကမ္ဘာအဆုံးထိ’ လိုက်လံချေမှုန်းမယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် ကတိပြုတဲ့ သတင်းတွေအပါအဝင် ဒီနေ့အတွက် နောက်ဆုံးရ ရွှေဈေးနဲ့ ငွေဈေးကိုလည်း တင်ဆက်ပေးသွားဖို့ ရှိနေပါတယ်။
#mizzimatv
#7pmnews
#mizzimaprimetime
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့ညမှာတော့ အပစ်ရပ်ကြေညာထားတဲ့ရက်ပေါင်း ၂၀ အတွင်း ရခိုင်မှာ စစ်ကောင်စီကစစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ AA ရဲ့ HDCO ရုံးထုတ်ပြန်တဲ့သတင်းနဲ့အတူ ပုဏ္ဏားကျွန်းဒေသခံ မိသားစုဝင် ၅ ဦးကို ခိုးမှုနဲ့ AA စွပ်စွဲဖမ်းဆီးထားစဥ် ၁ ဦး သေဆုံးပြီးတဲ့နောက် ကျန် ၄ ဦးကို ပြန်လွှတ်ပေးတဲ့သတင်း၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတကြော့ပြန်ပြင်းထန်နေတဲ့အကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာသတင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် နောက်ထပ် ဖမ်း၀ရမ်းတခု ဖြစ်လာနိုင်မလားဆိုတဲ့အကြောင်းမေးမြန်းတင်ဆက်ထားတဲ့ Human Rights Barometer အစီအစဥ်နဲ့အတူ တိုင်းရင်းသားဒေသနဲ့ တော်လှန်ရေးဒေသတွေထဲက သတင်းအကြောင်းအရာတွေကို တင်ဆက်ထားတဲ့ NMG ရေဒီယိုအစီအစဥ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ထန်းတပင်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးသေဆုံးပြီး ၄ ဦးဒဏ်ရာရတဲ့ သတင်းနဲ့ အတူ ရုရှားစစ်ရေးပြအခမ်းအနားမှာ စစ်ကောင်စီတပ်သားတွေ ပါဝင်ချီတက်မယ်ဆိုတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
အဲဒီ့နောက်မှာတော့ တိုင်းရင်းသားဒေသနဲ့ တော်လှန်ရေးဒေသတွေရဲ့သတင်းတွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကို ဆက်လက် နားဆင်ရမှာဖြစ်ပါတယ်။
-မြန်မာမှာ ငလျင်လှုပ်နေပေမယ့် နျူကလီးယားစက်ရုံစီမံကိန်း ဆက်လက်ဆောင်ရွယ်မယ်လို့ ရုရှားပြော
-ရုရှားစစ်ရေးပြအခမ်းအနားတွင် စစ်ကောင်စီတပ်သားများ ပါဝင်ချီတက်မည်
-ပခုက္ကူမှာ ပါရာမော်တာ ပစ်ခတ်ခံရ၊ မောင်းနှင်သူ ထွက်ပြေးလွတ်မြောက်သွား
-ငလျင်အတွင်းပြိုကျခဲ့တဲ့ စစ်ကိုင်းမူကြိုမှာ ကလေးငယ်တွေရဲ့ အသုံးအဆောင်တွေကို အပျက်အစီးကြားက ပြန်ကောက်ယူ
-နမ့်ဆန်တွင် ၅ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သူကိုအရေးယူပေးရန် အမျိုးသမီးအဖွဲ့များတိုက်တွန်း
-မြွေတင်ပို့မှုကို ထိုင်းကက်ဘိနက် အတည်ပြု
ဒီသတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ ဒီနေ့ရဲ့ နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ အရေးကြီးကုန်ဈေးနှုန်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...အင်အားပြင်းငလျင်ထပ်မံလှုပ်ခတ်မယ်လို့ သတင်းမှားဖြန့်ခဲ့သူကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့ သတင်းနဲ့အတူ ပခုက္ကူမှာ ပါရာမော်တာ ပစ်ခတ်ခံရပြီး မောင်းနှင်သူ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ သတင်းတွေကို နားဆင်ရမှာပါ။
အဲဒီ့နောက်မှာတော့ ရခိုင်ကမ်းရိုးတန်းက ရေလုပ်သားတွေအတွက် မိုးလေဝသခန့်မှန်းချက် အကြောင်း လေး၀တီFM ရဲ့ သီးသန့်မေးမြန်းတင်ဆက်မှုအစီအစဉ်နဲ့ တိုင်းရင်းသားဒေသ၊ တော်လှန်ရေးဒေသတွေရဲ့သတင်းတွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကို ဆက်လက် နားဆင်ရဖို့ ရှိပါတယ်။
ဒီကနေ့မနက်မှာတော့ ......ငလျင်ဘေးမှာ အိမ်မပြို၊ မီတာမပျက်သူတွေ ဓာတ်အားသုံးစွဲတဲ့အတွက် မီတာခပေးရမယ်လို့ MESC ပြောတဲ့သတင်းနဲ့အတူ လောက်ကိုင်မှာ လာရောက်နေထိုင်မယ့်သူတွေ နေထိုင်ခွင့်ကတ်လုပ်ရမယ့်သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ ငလျင်ကြောင့် ကလေးသူငယ်တွေ ထိခိုက်နစ်နာမှုတွေအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ Women and Children’s Hour အစီအစဥ်နဲ့အတူ တိုင်းရင်းသားနဲ့တော်လှန်ရေးဒေသတွေထဲက သတင်းအကြောင်းအရာတွေကို စီစဥ်တင်ဆက်ထားတဲ့ NMG ရေဒီယိုအစီအစဥ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
From the publisher's feed