
Sign up to save your podcasts
Or


ဒီကနေ့မှာတော့.... လေးမျက်နှာမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတဲ့သတင်းနဲ့အတူ ထိုင်းဘာသာစကား သင်တဲ့ မြန်မာအမျိုးသမီးတဦး အဖမ်းခံရတဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ မလေးရှား ပါလီမန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီတခုရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မစ္စတာဝေါင်ချန်းကို မဇ္ဈိမ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ မတ်လ ၂၃ ရက်နေ့က တွေ့ဆုံမေးမြန်းထားတဲ့ သီးသန့်အင်တာဗျူးနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ တိုင်းရင်းသားတွေရဲ့ အသံနဲ့ အမြင်တွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Morningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့မှာတော့ ငလျင်ဒဏ်သင့် နေပြည်တော်တွင် ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင်လုပ်ရန် စစ်ခေါင်းဆောင် ညွှန်ကြားတဲ့သတင်းနဲ့အတူ နေပြည်တော် အေလာလေတပ်စခန်း ကို ရှော့ဒုံးဖြင့် တိုက်ခိုက်တဲ့အကြောင်း အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ မလေးရှား ပါလီမန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီတခုရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ မစ္စတာဝေါင်ချန်းကို မဇ္ဈိမ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ မတ်လ ၂၃ ရက်နေ့က တွေ့ဆုံမေးမြန်းထားတဲ့ သီးသန့်အင်တာဗျူးနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ တိုင်းရင်းသားတွေရဲ့ အသံနဲ့ အမြင်တွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့မနက်မှာတော့ .....သင်္ကြန်ကာလ နေပြည်တော် ပေါင်းလောင်းမြစ်အတွင်း အမျိုးသား ၃ ဦး ရေနစ်သေဆုံးတဲ့သတင်းနဲ့အတူ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ ဗုံးကြဲတာကြောင့် ဒေသခံ ၃ ဦး ပြင်းထန်ဒဏ်ရာရတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ တွေ့ဆုံမှုအတွင်းဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့ သိရှိနိုင်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ဆက်သွယ်မေးမြန်းချက်နဲ့အတူ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ တိုင်းရင်းသားတွေရဲ့ အသံနဲ့ အမြင်တွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Morningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
- အကူအညီပေးရေးအတွက် အပစ်ရပ် ထပ်တိုးဖို့ စစ်ကောင်စီနဲ့ NUG တို့ သဘောတူ
- အထွေထွေထိုးစစ်ကြီးတရပ်ဆင်နွှဲဖို့ ပြင်ဆင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြော
- လားရှိုးကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်နေပြီလို့ဆို
- အပစ်ရပ်ကြေညာထားပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေ
- သဘောတူညီချက်ရဖို့ အီရန်နဲ့ အမေရိကန်မှာ အချိန်နည်းလာတယ်လို့ ကုလ နျူကလီးယားအေဂျင်စီ အကြီးအကဲ ပြောတဲ့ သတင်းအပါအဝင် ဒီနေ့အတွက် နောက်ဆုံးရ ရွှေဈေးနဲ့ ငွေဈေးကိုလည်း တင်ဆက်ပေးသွားဖို့ ရှိနေပါတယ်။
#mizzimatv
#7pmnews
#mizzimaprimetime
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့ညမှာတော့ ....အကူအညီပေးရေးအတွက် အပစ်ရပ် ထပ်တိုးဖို့ စစ်ကောင်စီနဲ့ NUG တို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောတဲ့သတင်းနဲ့အတူ လားရှိုးကိုအခြေပြုပြီး ကိုးကန့် ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီ နိုင်ငံရေးစွက်ဖက်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ တွေ့ဆုံမှုအတွင်းဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ သိရှိနိုင်ဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ဆက်သွယ်မေးမြန်းချက်နဲ့အတူ တိုင်းရင်းသားဒေသတွေထဲက သတင်းတွေ တိုင်းရင်းသားတွေရဲ့ အသံနဲ့ အမြင်တွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကိုလည်းဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
သင်္ကြန် ၅ ရက်အတွင်း စစ်ကောင်စီတပ်က မြို့ ၁၃ ခုကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့တဲ့ သတင်းနဲ့ အတူ လားရှိုးဆေးရုံပိတ်လိုက်တဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
အဲဒီ့နောက်မှာတော့ တိုင်းရင်းသားဒေသနဲ့ တော်လှန်ရေးဒေသတွေရဲ့သတင်းတွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကို ဆက်လက် နားဆင်ရမှာဖြစ်ပါတယ်။
-ဘန်ကောက်မှာ အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် နဲ့ စစ်ခေါင်းဆောင်တို့ ဆွေးနွေးပွဲစတင်
-စစ်ကောင်စီ၏ လွတ်ငြိမ်း ၅,၀၀၀ နီးပါးအနက် ကမာရွတ်သတင်းမီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်း အပါအဝင် နိုင်ကျဉ်း ၅ ရာခိုင်နှုန်းအောက်သာ လွတ်ငြိမ်းရ
-သင်္ကြန် ၅ ရက်အတွင်း မြို့ ၁၃ မြို့ ဗုံးကြဲခံရပြီး သံဃာအပါအဝင် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံး
-စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြီးကြောင့် မြေပြင် ၆ မီတာကျော် ရွေ့လျားသွားဟု နာဆာ ပြော
-ငလျင်ကြောင့် ကွယ်လွန်သွားသူ ပြည်သူများအတွက် တော်လှန်လူငယ်များ ရည်စူးကုသိုလ်ပြုလုပ်
ဒီသတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့ အရေးကြီးကုန်ဈေးနှုန်းတွေကိုပါ စုစည်းတင်ဆက်ပေးသွားမှာပါ။
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
စစ်ကောင်စီလွတ်ငြိမ်း နိုင်ငံရေးအကျဉ်းသား ၅ ရာခိုင်နှုန်းအောက်သာ ပါဝင်တဲ့ သတင်းနဲ့အတူ ငလျင်ကြောင့် ကွယ်လွန်သွားသူ ပြည်သူတွေအတွက် တော်လှန်လူငယ်တွေ ရည်စူးကုသိုလ်ပြုလုပ်တဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ သတင်းတွေကို နားဆင်ရမှာပါ။
အဲဒီ့နောက်မှာတော့ တိုင်းရင်းသားဒေသနဲ့ တော်လှန်ရေးဒေသတွေရဲ့သတင်းတွေကို ပြောပြပေးမယ့် NMG ရေဒီယိုအစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။
ဧပြီလ ၁၇ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ … တပ်ရင်းမှူးနဲ့ တပ်ရေးဗိုလ်ကြီးကို စစ်ဦးစီးအဖွဲ့ကပြန်ဖမ်းတာကြောင့် နေပြည်တော် PDF(၈၀၁) တပ်ရင်းက တပ်ဖွဲ့ဝင် ၆၄ ဦးနှုတ်ထွက်စာတင်တဲ့သတင်းနဲ့အတူ ကလေးမြို့မှာ ဗုံးပေါက်ကွဲပြီး စစ်ဘေးရှောင်ကလေး ၂ ဦး ပွဲခြင်းပြီး သေဆုံးတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ AI နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ငလျင်ကြောင့်ပျက်စီးရုပ်သံဖိုင်များတွေအကြောင်းနဲ့အတူ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအား အကဲဖြတ်ခြင်း ထိုင်းနိုင်ငံက အမျိုးသား လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် အမျိုးသား ပြန်လည်ပြုပြင်ရေးဆိုင်ရာ အောက်လွှတ်တော်ကော်မတီ၏ သဘာပတိလည်းဖြစ်သူ ပြည်သူ့ပါတီ၏ လက်ထောက်အကြီးအကဲ မစ္စတာ ရန်စီမန်ရုံးနှင့်ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Morningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join
ဧပြီလ ၁၆ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
- ကျုံဒိုးကို စစ်ကောင်စီလေကြောင်းကနေဗုံးဆက်ကြဲတာကြောင့် ဒေသခံတွေ ပိတ်မိနေတဲ့ သတင်း
- ကျောက်သေတ္တာစေတီကို မိုင်းခွဲဖြိုချတာမလုပ်ဘဲ ကွန်ကရစ်လောင်းထိန်းသိမ်းဖို့ စစ်ခေါင်းဆောင် ညွှန်ကြားတဲ့သတင်း
- ငွေဆောင်နဲ့ ချောင်းသာမှာ လည်ပတ်သူတွေနဲ့ ပြန်လည်စည်ကားလာတဲ့ အကြောင်းနဲ့
- အာဖဂန် ၆၀,၀၀၀ နီးပါး ပါကစ္စတန်ကနေ ၂ ပတ်အတွင်း နေရပ်ပြန်သွားကြတယ်လို့ IOM ပြောတဲ့ နိုင်ငံတကာသတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့ တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
#mizzimatv
#7pmnews
#mizzimaprimetime
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတစ်ဆင့် ထောက်ပံ့နိုင်ပါသည်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Subscribe Mizzima TV: https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join
From the publisher's feed