Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဧပြီလ ၁၂ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...နိုင်ငံတကာမှ ငလျင်အလှူငွေတွေ စစ်အသုံးစရိတ်အတွက် အထောက်ပံ့ ဖြစ်သွားနိုင်ဟု JFM သတိပေးတဲ့ သတင်းနဲ့အတူ တိုင်းနှင့်ပြည်နယ် ၄ ခုမှာတက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပဖို့ စီစဉ်တဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ သတင်းတွေကို နားဆင်ရမှာပါ။ အဲဒီ့နောက်မှာတော့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းတွေကိုပြောပြပေးမယ့် အပြင် သေဆုံးခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အယူအဆအလွဲများဆိုတဲ့အကြောင်းအရာတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    32 min
  • ဧပြီလ ၁၂ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ငလျင်ကြောင့် စစ်ကိုင်းမှာ သံဃာနဲ့ သီလရှင် ၁၀၄ ပါး၊ မန္တလေးမှာ သံဃာ ၅၇ ပါး ပျံလွန်တော်မူတဲ့ သတင်းနဲ့ အတူ ပခုက္ကူမှာ စစ်ကောင်စီဗိုလ်မှူး လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရပြီး ဗိုလ်မှူးအပါ ၂ ဦးသေဆုံးတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ အပါအဝင် အကျဉ်းသားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    34 min
  • ဧပြီလ ၁၁ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

    - တနင်္သာရီမှာ တရုတ်ဒရုန်းပညာရှင်တွေ ရောက်ရှိနေပြီး စစ်ကောင်စီကို ကူညီနေတယ်ဆိုတဲ့သတင်း


    - ငလျင်ဘေးသင့်နေချိန် ဒီဇင်ဘာရွေးကောက်ပွဲအတွက် ပူးပေါင်းကြဖို့ စစ်ခေါင်းဆောင်တိုက်တွန်းတဲ့သတင်း


    - ပခုက္ကူမှာ ကားပစ်ခတ်ခံရပြီး စစ်ကောင်စီဗိုလ်မှူး အပါ ၂ ဦး သေဆုံးတဲ့သတင်း


    - အမေရိကန်အပေါ် ‘လက်တုံ့ပြန်အစီအစဉ်’ တွေ မချမှတ်ဘူးလို့ အာဆီယံစီးပွားရေးဝန်ကြီးတွေပြောတဲ့သတင်းတွေအပါအဝင် ဒီနေ့အတွက် နောက်ဆုံးရ ရွှေဈေးနဲ့ ငွေဈေးကိုလည်း တင်ဆက်ပေးသွားဖို့ ရှိနေပါတယ်။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    15 min
  • ဧပြီလ ၁၁ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဧပြီလ ၁၁ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ငလျင်ဘေးသင့်ချိန် လာမယ့်ဒီဇင်ဘာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝိုင်းဝန်းပူးပေါင်းဖို့ စစ်ခေါင်းဆောင်ပြောတဲ့ သတင်းနဲ့ အတူ ငလျင်လှုပ်ပြီးနောက် အာမခံကုမ္ပဏီအချို့ သဘာဝဘေးအာမခံရောင်းချမှု ယာယီရပ်နားတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။ အဲဒီ့နောက်မှာတော့ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ အပါအဝင် အကျဉ်းသားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    31 min
  • ဧပြီလ ၁၁ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...မန္တလေးနဲ့ အင်းလေးက စစ်ရှောင်တွေ ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခပိုနေရတဲ့သတင်းနဲ့ အတူ ကောလင်းမြို့မှ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းတွေကိုပြောပြပေးမယ့် သေဆုံးခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့အယူအဆအလွဲများဆိုတဲ့အကြောင်းအရာတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

    34 min
  • ဧပြီလ ၁၀ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...သဘာဝဘေးအန္တရာယ်ကင်းဝေး‌ရေး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ ငါးလွှတ်ပရိတ်ရွတ်နေတဲ့ သတင်းနဲ့အတူ ထိုင်ဝမ်အစိုးရက မြန်မာငလျင်ကယ်ဆယ်ရေး ရန်ပုံငွေရှာဖွေဖို့ ဆုတောင်းပွဲတွေ ကျင်းပဖို့ စီစဉ်တဲ့အကြောင်းတွေအပါအဝင် နောက်ဆုံးရ ငလျင်နဲ့ ပတ်သက်တဲ့သတင်းတွေကို နားဆင်ရမှာပါ။


    အဲဒီ့နောက်မှာတော့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းတွေကိုပြောပြပေးမယ့် အပြင် သေဆုံးခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အယူအဆအလွဲများဆိုတဲ့အကြောင်းအရာတွေကိုလည်း နားဆင်ရဖို့ရှိပါတယ်။

    33 min
  • ဧပြီလ ၁၀ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    − ဧပြီ ၉ ရက်နေ့ တရက်တည်းမှာ မြို့၃ မြို့ကို စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ၃၆ ဦးထက်မနည်းသေဆုံးတဲ့သတင်း


    − ငလျင်အကူညီအတွက် ထရမ့်အစိုးရကို စစ်ခေါင်းဆောင်ကျေးဇူးတင်တဲ့အကြောင်း


    − လေဖိအားနည်းရပ်ဝန်းအားလျော့သွားပေမယ့် မိုးရွာသွန်းမှုနဲ့ မြေပြိုမှု သတိပြုရမယ့်သတင်းနဲ့


    − လားရှိုးမှာ ရာဇဝတ်မှုကျူးလွန်သူ ၅ဦးကို MNDAAက လူအများရှေ့ ကွပ်မျက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    18 min
  • ဧပြီလ ၁၀ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဧပြီလ ၁၀ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ငလျင်ဘေးသင့်ဒေသခံတွေ ယာယီနေထိုင်တဲ့နေရာတွေမှာ အိမ်သာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့သတင်းနဲ့အတူ ငလျင်ဒဏ်သင့် နေပြည်တော်ဝန်ထမ်းအိမ်ရာတွေမှာ သူခိုးတွေသောင်းကျန်းနေတဲ့သတင်း၊ အင်းတော်တိုက်ပွဲကနေထွက်ပြေးသွားတဲ့ တပ်မ(၇၇)တပ်မမှူးကို KIA နှင့် မဟာမိတ်တွေ လက်ရ အရှင်ဖမ်းဆီးရမိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုနားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ ငလျင်အလွန် မြန်မာရဲ့ကျန်းမာရေးစနစ် ပြိုလဲလုနီးနီး ဖြစ်လာတဲ့အကြောင်း သတင်းဆောင်းပါး၊ ငလျင်ဒဏ်သင့်ဒေသက အမျိုးသမီးနဲ့ကလေးသူငယ်တွေကို ဘယ်လိုပံ့ပိုးကူညီနိုင်မလဲဆိုတဲ့အကြောင်းဆွေးနွေးထားတဲ့ Women and Children’ Hour အစီအစဥ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    -------------------------------

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။  https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join 


    32 min
  • ဧပြီလ ၉ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဧပြီလ ၉ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

      

    - KIO နဲ့ PSLF ဗဟိုကော်မတီများတွေ့ဆုံရေး ရှေ့ပြေးညှိနှိုင်းမှုစတင်တဲ့သတင်း 

    - လေဖိအားနည်းရပ်ဝန်းအားလျော့နိုင်သော်လည်း မိုးနဲ့ လေပြင်းအန္တရာယ်ဆက်ရှိနိုင်တဲ့သတင်း

    - ငလျင်ဘေးသင့်ဒေသခံတွေ ယာယီနေထိုင်တဲ့နေရာတွေ အိမ်သာမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းနဲ့

     

    - ကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲဖို့ တရုတ်အသင့်ရှိတယ်ဆိုတဲ့ နိုင်ငံတကာ သတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့  တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    -----------------------------------------

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတစ်ဆင့် ထောက်ပံ့နိုင်ပါသည်။  https://bit.ly/2VhJ12U or https://tinyurl.com/donatemzm


    Subscribe Mizzima TV: https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join

    16 min
  • ဧပြီလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဧပြီလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ ..... လေဖိအားနည်းရပ်ဝန်းအားလျော့နိုင်ပေမယ့်လည်း မိုးနဲ့လေပြင်းအန္တရာယ်ဆက်ရှိနေတဲ့သတင်းနဲ့အတူ KIO နှင့် PSLF ဗဟိုကော်မတီများတွေ့ဆုံရေး ရှေ့ပြေးညှိနှိုင်းမှုစတင်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုနားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ ငလျင်အလွန် မြန်မာရဲ့ကျန်းမာရေးစနစ် ပြိုလဲလုနီးနီး ဖြစ်လာတဲ့အကြောင်း သတင်းဆောင်းပါး၊ ငလျင်ဒဏ်သင့်ဒေသက အမျိုးသမီးနဲ့ကလေးသူငယ်တွေကို ဘယ်လိုပံ့ပိုးကူညီနိုင်မလဲဆိုတဲ့အကြောင်းဆွေးနွေးထားတဲ့ Women and Children’ Hour အစီအစဥ်တို့ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    -----------------------------------

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။ 

    Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။  

    Https://bit.ly/2VhJ12U  or https://tinyurl.com/donatemzm 

    Join Mizzima TV membership -

    https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join


    33 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.