Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဧပြီလ ၅ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...နေပြည်တော်က အထပ်မြင့် သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူအများစု ပြောင်းရွှေ့တဲ့သတင်းနဲ့ အတူ မန္တလေးမှာ ငလျင်ဘေးအလှူယာဉ် ဝိုင်းရိုက်ခံရမှု ၃ ဦးကို ဖမ်းဆီးထားတဲ့ အကြောင်းတွေအပါအဝင် ငလျင်နဲ့ ပတ်သက်တဲ့ နောက်ဆုံးရအကြောင်းအရာတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ စစ်ကောင်စီရဲ့ ပိတ်ပင်ကန့်သတ်မှုများကြား ကူရာမဲ့နေတဲ့ ငလျင်ဒဏ်သင့်မြန်မာပြည်သူတွေ အကြောင်း၊ သေဆုံးခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အယူအဆအလွဲတွေနဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုနည်း အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    36 min
  • ဧပြီလ ၄ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

    - လားရှိုးကို ဧပြီ ၂၁ ရက် မတိုင်မီ စစ်ကောင်စီထံ MNDAA ပြန်ပေးမယ်- ဝရမ်းထုတ်ခံထားရတဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအဖွဲ့ဝင်ထိုင်းကို တောင်းဆို- အပုပ်နံ့ထွက်ပြီး လူသူကင်းမဲ့နေတဲ့ နေပြည်တော်က ဝန်ထမ်းအိမ်ရာများ- စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကြောင့် ရခိုင်မှာနှစ်ဖက်တိုက်ပွဲပြန်စ- ထရမ့်ရဲ့အခွန်နှုန်းထားတွေကြောင့် နိုင်ငံအများ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေလုပ်နိုင်ဖို့ စောင့်မျှော်နေတဲ့သတင်းတွေ အပါအဝင် ဒီနေ့အတွက် နောက်ဆုံးရ ရွှေဈေးနဲ့ ငွေဈေးကိုလည်း တင်ဆက်ပေးသွားဖို့ ရှိနေပါတယ်

    15 min
  • ဧပြီလ ၄ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...ငလျင်ဒဏ်သင့်ဒေသတွေမှာ အများသုံးအိမ်သာနဲ့ ရေချိုးခန်းတွေ လိုအပ်နေတဲ့ သတင်းနဲ့အတူ လားရှိုးကို ဧပြီ ၂၁ ရက် မတိုင်မီ စစ်ကောင်စီထံ MNDAA ပြန်ပေးမယ်ဆိုတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရ ငလျင်နဲ့ ပတ်သက်တဲ့ သတင်း အကြောင်းအရာတွေကို ကြားကြရမှာပါ။ အဲဒီ့နောက်မှာတော့ သေဆုံးခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အယူအဆအလွဲများဆိုတဲ့ အကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်း နဲ့ အင်အားပြင်း ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေနဲ့ပတ်သက်လို့ မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းနဲ့ဆက်သွယ်မေးမြန်းချက် အကြောင်းတွေကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    31 min
  • လူငယ်သတင်းစကားဝိုင်း I Rakhine Version (Episode -22)

    အပတ်စဥ် ထုတ်လွှင့်နေတဲ့ ‘လူငယ်သတင်းစကားဝိုင်း’ အစီအစဥ်ကနေ ပြန် လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်အတွင်း ထူးခြားတဲ့သတင်းတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။ နားသောတ ဆင်ကြည့်ကြပါ.....

    8 min
  • ဧပြီလ ၄ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်နားဆင်ကြရမယ့်သတင်းတွေကတော့......ချင်းပြည်နယ်ကို ဖြတ်မယ့် အိန္ဒိယကယ်ဆယ်ရေးယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်တွေလုံခြုံရေးပေးတဲ့တသင်းနဲ့အတူ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံရဲ့ မြေပျက်နှာသွင်ပြင် ပုံသဏ္ဍာန်ပြောင်းလဲသွားတဲ့အကြောင်း၊ စစ်ခေါင်းဆောင် BIMSTEC အစည်းအဝေးတက်ဖို့ ထိုင်းသို့ရောက်ရှိနေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ အင်အားပြင်း ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေနဲ့ပတ်သက်လို့ မိုးလေဝသနှင့်ဇ​လဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းနဲ့ဆက်သွယ်မေးမြန်းချက် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကိုလည်းဆက်လက်ထုတ်လွှင့်သွားဖို့ရှိနေပါတယ်။

    32 min
  • ဧပြီ ၃ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

    -စစ်ခေါင်းဆောင် မနက်ဖြန် BIMSTEC အစည်းအဝေးတက်မည်


    -စစ်ကောင်စီက အပစ်ခတ်ရပ်ကြောင်းကြေညာပြီးနောက် မန္တလေး နှင့် ရခိုင် မှာ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ ဆက်လုပ်နေ


    -ရန်ကုန်တွင် ငလျင်ဘေးကူညီရန် အလှူငွေကောက်ခံနေသည့်  လူငယ်အဖွဲ့  ဖမ်းဆီးစစ်ဆေးခံရပြီး အလှူငွေသိမ်းခံရ


    -ငလျင်ဘေး ကူညီလိုပါက တရားဝင်ခွင့်ပြုချက် အရင်တောင်းရမယ်လို့ စစ်ကောင်စီပြော


    -မန္တလေးငလျင်အတွင်း ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသား ကျောင်းဆရာ ၈ ဦးအနက် ၁ ဦးရုပ်အလောင်းတွေ့


    -အမေရိကန်သမ္မတ ထရမ့် ကုန်သွယ်ရေးစစ်ပွဲ စတင်


    ဒီသတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ ဒီနေ့ရဲ့ နောက်ဆုံးရ ငွေလဲနှုန်း နဲ့ ရွှေဈေးတွေကို ဂျူချန်း က စုစည်းတင်ဆက်ပေးသွားပါမယ်ရှင်။

    12 min
  • ဧပြီလ ၃ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ ..... ငလျင်ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်ဆိုပါက စစ်ကောင်စီကို အရင်အကြောင်းကြားရမယ့်သတင်းနဲ့အတူ ရခိုင်ကမ်းရိုးတန်းကို မုန်တိုင်းဝင်မယ်လို့ ထိတ်လန့်စေတဲ့ သတင်းမှားအကြောင်းအပါအဝင် နောက်ဆုံးရ ငလျင်သတင်းအကြောင်းအရာတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ အင်အားပြင်း ငလျင်ဒဏ်သင့်ဒေသတွေမှာ မိုးရွာသွန်းနိုင်ခြေနဲ့ပတ်သက်လို့ မိုးလေဝသနှင့်ဇ​လဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းနဲ့ဆက်သွယ်မေးမြန်းချက် စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းကိုလည်းဆက်လက်ထုတ်လွှင့်သွားဖို့ရှိနေပါတယ်။

    30 min
  • ဧပြီလ ၃ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဧပြီလ ၃ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ ..... စစ်ကောင်စီက ရက် ၂၀ ကြာ အပစ်ရပ်ကြောင်း ကြေညာတဲ့သတင်းနဲ့အတူ အကူအညီတွေ အမြန်ဆုံးရောက်ရှိနိုင်ဖို့ စစ်ကိုင်းတိုင်းအဆင့် ငလျင်ကူညီကယ်ဆယ်ရေး ဖွဲ့စည်းတဲ့သတင်း၊ ငလျင်အပြီး ဆောက်လုပ်ရေးသုံး ပစ္စည်းတွေနဲ့ ဆေးဝါးတွေ စျေးခုန်တက်သွားတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။ 

    အဲ့ဒီနောက်မှာတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းနဲ့အတူ ငလျင်နောက်ဆက်တွဲ မဇ္ဈိမက စိစစ်တွေ့ရှိထားတဲ့ သတင်းတုသတင်းမှားတွေအကြောင်း အချက်အလက်စစ်ဆေးသူတွေရဲ့ ဆွေးနွေးမေးမြန်းခန်းကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ 


    #Mizzimaradio

    #Morningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    -------------------------------

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။  https://bit.ly/2VhJ12U or https://tinyurl.com/donatemzm Subscribe Mizzima TV:https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join

    32 min
  • ဧပြီလ ၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဧပြီလ ၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

      

    - ငလျင်ဘေးသင့်ဒေသတွေမှာ ခိုးမှုနဲ့ ဓားပြမှုတွေ မြင့်တက်နေတဲ့သတင်း

    - ငလျင်ဘေးကူညီမယ့် တရုတ်ထောက်ပံ့ပစ္စည်းတင်ယာဉ်တန်းကို ပစ်ခတ်ကြောင်း စစ်ကောင်စီဝန်ခံ

    - ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့ အကြောင်းနဲ့

     

    - ဘန်ကောက်မိုးမျှော်တိုက် ပြိုကျမှုကြောင့် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ စစ်ဆေးခံနေရ နိုင်ငံတကာ သတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့  တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    -----------------------------------------

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတစ်ဆင့် ထောက်ပံ့နိုင်ပါသည်။  https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
    Subscribe Mizzima TV: https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join

    16 min
  • ဧပြီလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဧပြီလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့ညမှာတော့ .....ငလျင်ဘေးကူညီမယ့် တရုတ်ထောက်ပံ့ပစ္စည်းတင် ယာဉ်တန်းကို နောင်ချိုမြို့အနီးမှာ စစ်ကောင်စီပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့အတူ ငလျင်ဘေးသင့်ဒေသတွေမှာ ခိုးမှု၊ ဓားပြမှုတွေ မြင့်တက်လာတဲ့သတင်း၊ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၈၅၀ နီးပါး စစ်ကောင်စီရရှိထားသတင်း စတဲ့ နောက်ဆုံးရငလျင်သတင်းအကြောင်းအရာတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းနဲ့အတူ ငလျင်နောက်ဆက်တွဲ မဇ္ဈိမက စိစစ်တွေ့ရှိထားတဲ့ သတင်းတုသတင်းမှားတွေအကြောင်း အချက်အလက်စစ်ဆေးသူတွေရဲ့ ဆွေးနွေးမေးမြန်းခန်းကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    #Mizzimaradio

    #Eveningradio

    #MizzimaBurmeseNews

    #မဇ္ဈိမသတင်းဌာန

    -----------------------------------

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။

    Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။

    Https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    Join Mizzima TV membership -

    https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join

    31 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.