ဧပြီလ ၁ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ညမှာတော့ .....အင်တာနက်၊ ဆက်သွယ်ရေးလိုင်း၊ သတင်းရယူခွင့် ကန့်သတ်မှု ပယ်ဖျက်ပေးရန် စစ်ကောင်စီထံ အဖွဲ့ ၁၂၀ စုပေါင်း တောင်းဆိုတဲ့သတင်းနဲ့အတူ ကနေဒါ အရေးပေါ်ဆေးရုံလေယာဉ် မြန်မာသို့ လာမယ့်သတင်း၊ စစ်ဘေးကြောင့် မြန်မာဆီ စေလွှတ်မယ့် ကယ်ဆယ်ရေးအဖွဲ့ကို ထိုင်ဝမ် ဖျက်သိမ်းလိုက်ရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ငလျင်သတင်းအကြောင်းအရာတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ ဝမ်းပျက်၊ အသက်ရှူကြပ်တဲ့ ဝေဒနာတွေ ခံစားနေကြရတဲ့အကြောင်း သတင်းလွှာ၊ အင်အားကြီးငလျင်လှုပ်ခတ်ပြီးနောက် သိထားသင့်တဲ့ ဘေးကင်းလုံခြုံရေးသတိပေးချက်တွေကို ဆက်လက်ထုတ်လွှင့်သွားဖို့ရှိနေပါတယ်။
အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဘန်ကောက်ငလျင်ဘေးမှာ မြန်မာလုပ်သားများအပါအဝင် ပိတ်မိနေဆဲ အလုပ်သမားများကို ကယ်ထုတ်ပေးရန် ထိုင်းဝန်ကြီးချုပ်ကို ဒူးထောက်တောင်းပန်ခဲ့တဲ့ WAG အဖွဲ့မှ တာဝန်ခံ ကိုမုန်တိုင်းကို ဆက်သွယ်မေးမြန်းထားတဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်းကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
#Mizzimaradio
#Eveningradio
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
-----------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါရစေ။
Mizzima TV YouTube Channel တွင် မန်ဘာဝင်ပေးခြင်း နှင့် ဖော်ပြပါလင့်များတွင် လှူဒါန်းခြင်းမှတဆင့် ထောက်ပံ့နိုင်ပါသည်။
Https://bit.ly/2VhJ12U or https://tinyurl.com/donatemzm
Join Mizzima TV membership -
https://www.youtube.com/cha.../UCk9f0cLiMmtchQySOogzoig/join