ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို စစ်ခေါင်းဆောင် ဦးဆောင်ကာ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတွေကို စီမံခန့်ခွဲမယ်လို့ဆိုတဲ့သတင်းနဲ့အတူမေလအတွင်းဖွင့်လှစ်မယ့် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) အတွက် စစ်ကောင်စီ ပြင်ဆင်နေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ သတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ "Insight Myanmar” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။