
Sign up to save your podcasts
Or


ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်က ကျုံအိတ်တံတား ထပ်မံ မိုင်းခွဲခံရတဲ့သတင်းနဲ့ အတူ ကနက်သီရိရွာကို စစ်ကောင်စီကလေကြောင်း ရေကြောင်းနဲ့ တိုက်ခိုက်မှု၊ အရပ်သား ၃ ဦးသေဆုံးတဲ့ သတင်းအပါအဝင် ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်းထူးခြားနိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီ့နောက်မှာတော့ အပတ်စဉ်အစီအစဉ်ဖြစ်တဲ့ “သံစဉ့်အိမ်”အစီအစဉ် နဲ့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Eveningradio
(၁) ချင်းပြည်နယ် စစ်ကောင်စီ၏ အထူးအစီအစဉ်ဖြင့် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စားမေးပွဲ ဖြေဆိုသူ ၃၄ ဦး ရှိ
(၂) ကျောက်ထုတိုက်နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၂၀) ဦးခန့် သေဆုံး၊ ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိ
(၃)ပလက်ဝမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး ပွဲချင်းသေဆုံး၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ
(၄) မင်းတပ်မြို့တွင် ဖမ်းဆီးခံရသော အမျိုးသမီး (၂) ဦးထဲမှ တစ်ဦး အာမခံချက်ဖြင့် ပြန်လွတ်လာ
မေလ ၁၁ ရက်၊တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(မီဇိုး)ဘာသာ
- ကျောက်ထုတိုက်နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၀ ဦးခန့်သေဆုံး၊ ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများရရှိ၊ ရွာလုံးကျွတ် ထွက်ပြေးနေရ
- ကျင်ဒွေးအနီးမှာ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၅၀၀ ခန့်တို့ တိုက်ပွဲများဆက်လက်ပြင်းထန်နေ
- ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ အထူးအစီစဉ်ဖြင့် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေး ပွဲဖြေဆိုသူ ၃၄ ဦးရှိ
-မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော်ရှိနေ
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို စစ်ခေါင်းဆောင် ဦးဆောင်ကာ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းတွေကို စီမံခန့်ခွဲမယ်လို့ဆိုတဲ့သတင်းနဲ့အတူမေလအတွင်းဖွင့်လှစ်မယ့် စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂) အတွက် စစ်ကောင်စီ ပြင်ဆင်နေတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ သတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ "Insight Myanmar” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
-ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ လေပြင်းတိုက်ခတ်ပြီးကျေးရွာ ၁၀ ရွာဝန်းကျင်ကစစ်ရှောင်စခန်းအပါအဝင် လူနေအိမ် ၅၀၀ ကျော် အမိုးလန် ပျက်စီး
-CDF-KKG တပ်ဖွဲ့က ရဲဘော် ၄ ဦး တစ်ပတ်အတွင်း ကျဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာများ
-မင်းတပ်တွင် စစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်
-ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ
-အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကြောင်းငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မည်
(၁) အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်စပ်ခြံစည်းရိုးခတ်မည့်အစီအစဉ်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်။
(၂) မီဇိုရမ်တွင် မြန်မာစစ်ဘေးရှောင် ၃၄,၀၀၀ ကျော်ရှိနေ
(၃) ကျင်ဒွေးအနီးမှာ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ခန့်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
(၄) မင်းတပ်မြို့ပေါ်တွင် မှတ်ပုံတင်ပြုလုပ်လာသူ စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးကို စစ်ကောင်စီကဖမ်းဆီး
အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘူးသီးတောင်နဲ့ မောင်တောမှာ တိုက်ပွဲပြင်းထန်နေတဲ့သတင်း
- ဂျပန်ရေတပ်ဖျက်သင်္ဘောရဲ့ ဗီဒီယိုဟာ လုပ်ကြံဖန်တီးထားတာမဟုတ်ဘဲ အစစ်အမှန်ဖြစ်နိုင်ကြောင်း ဂျပန်ပြောတဲ့သတင်း
- မတ္တရာတွင် စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး အပါအဝင် ၁၂ ဦးသေဆုံးတဲ့သတင်း
- တောင်တက်ရာသီအစမှာ နီပေါလမ်းပြ ၁ ဦး ဟိမဝန္တာတောင်ထိပ်မှာ သေဆုံးတဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
- နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို စစ်ခေါင်းဆောင် ဦးဆောင်ကာ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲမယ်လို့ဆိုတဲ့သတင်း
- မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ခဲယမ်းများသိမ်းဆည်းရရှိတဲ့သတင်း
- တရားမဝင်မူးယစ်ဆေးဝါးနှိမ်နင်းရေး ထိုင်းဝန်ကြီးချုပ်တောင်းဆိုတဲ့သတင်း
- ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ဇနီးကို ထောင်ကြီးချုပ်သို့ပြောင်းရွှေ့
တဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
- အောင်ဇေယျစစ်ကြောင်း မြဝတီမြို့နဲ့ နီးကပ်လာတဲ့သတင်း
- ဆောမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၉ဦးသေဆုံးပြီး ၅၀ထက်မနည်း ဒဏ်ရာရတဲ့သတင်း
- အမေရိကန်ဖျက်သင်္ဘော ရေလက်ကြားကိုဖြတ်သန်းတဲ့အချိန် ထိုင်ဝမ်အနီးတဝိုက်မှာ တရုတ်တိုက်လေယာဉ်တွေကို တွေ့ရှိရတဲ့သတင်း
- ပါကစ္စတန်မှာ လူမျိုးရေးတိုက်ခိုက်မှု ၁ ခုအတွင်း လူ ၆ ဦးသေဆုံးတဲ့သတင်း
-ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
မေလ ၁၀ ရက်၊ သောကြာနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... ဆောမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ၉ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရတဲ့သတင်းနဲ့အတူ အညာတော်လှန်ရေးကို ဆင်နွှဲနေကြတဲ့ အမျိုးသမီးတွေအကြောင်း အပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
#Mizzimaradio
#Morningradio
From the publisher's feed