ဆောမြို့နယ် တောမရွာကို စစ်ကောင်စီတပ် လေကြောင်းသုံးတိုက်ခိုက်တဲ့ သတင်းနဲ့ အတူ စစ်တပ်ထဲထည့်ဖို့ စုဆောင်းခံထားရသူ ၂၀ နီးပါး ထွက်ပြေးလွတ်မြောက်တဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် မရွှေမိုးရဲ့လေးညှို့သံ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။