ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ခြံအမှတ်( ၅၄) ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်ဆင်မှု ပယ်ချခံရတဲ့သတင်းနဲ့အတူစစ်ကောင်စီက ပြည်ပအားကိုးနဲ့ နည်းပညာမြင့်ဒရုန်းတွေကို ပိုမိုအသုံးပြုလာနေတဲ့သတင်း အပါအဝင်နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ သတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ဆက်လက်ပြီး မဇ္ဈိမက ထုတ်လွှင့်လျက်ရှိတဲ့ နွေဦးတော်လှန်အောင်ပွဲခံဆောင်းပါးတွေထဲက ဒီတပတ်မှာတော့ “မြဝတီ ကျားဖြန့်တွေ ဘယ်လဲ ဘာလဲ” ဆိုတဲ့အကြောင်း ဆောင်းပါးကိုလည်းတင်ဆက်သွားမှာပါ။ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ “Insight Myanmar” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။