ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်တဲ့သတင်းနဲ့အတူ စစ်မှုထမ်းရန်ဆင့်ခေါ်မှု လျာထားချက်မပြည့်တာကြောင့် အစားထိုးဖြည့်တင်းခဲ့ရဆိုတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ အီရန်သမ္မတသေဆုံးမှုဟာ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ပြောတဲ့ သတင်းအပါအဝင် ဩစတြေးလျရဲတပ်ဖွဲ့က အိမ်တွင်းအကြမ်းဖက်မှုနှိမ်နင်းရေးစီမံချက်အတွင်း လူ ၅၅၄ ဦးကိုဖမ်းဆီးခဲ့တဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာ၊ ထိုင်းနိုင်ငံသို့ သွားရောက်နိုင်မယ့် ဗီဇာလမ်းညွှန်အစီအစဉ်တွေကို ကြားကြရမှာပါ။ဒါ့အပြင် အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်နဲ့ မရွှေမိုးရဲ့လေးညှို့သံဆောင်းပါး အစီအစဉ်တွေကိုလည်းနားဆင်ရဖို့ရှိပါတယ်။