Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • မေလ ၂၂ ရက် ၊ တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(ဟားခါး)ဘာသာ

    (၁)တွန်းဇံမြို့တိုက်ပွဲများကြောင့်အိုးအိမ်စွန့်ခွါစစ်ဘေးရှောင်ပြည်သူ ၅၀၀၀ နီးပါးရှိလာ၊ စစ်ဘေးရှောင် ဦးရေ တိုးလာလျက်ရှိ


    (၂)ကန်ပက်လက်မှာ စစ်ကောင်စီဖမ်းသွားသော စစ်ဘေးရှောင်ပြည်သူအများစု ပြန်လွတ်လာ၊ ၄ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ


    (၃) ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့်ကျီခါးမြို့ကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ


    (၄) မရာနယ်မြေက AA သင်ကြားပေးသည့် စစ်ရေးသင်တန်းတွင် အမျိုးအမျိုးသမီးရဲဘော် ၂၀ ရာခိုင်နှုန်းပါဝင်

    12 min
  • မေလ ၂၂ ရက်၊တိုင်းရင်းသားရေဒီယိုအစီအစဉ် | ချင်း(မီဇိုး)ဘာသာ

    -ဂန့်ဂေါမြို့နယ်တွင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နဲ့ပျူစောထီးတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဉီးသေ၊အများအပြားဒဏ်ရာရ


    -ပလက်ဝမြို့နယ်က ကျောင်းဆရာ ၂ ဦးအပါအဝင် ဒေသခံအမျိုးသား ၉ ဦးကို AA ဖမ်းဆီး


    -တွန်းဇံတိုက်ပွဲအတွင်း ကျဆုံးသွားသော CDF-Hualngoram တပ်သားအလောင်း သဂြိုလ်


    -မရာနယ်မြေက AA သင်ကြားပေးသည့် စစ်ရေးသင်တန်းတွင် အမျိုးသမီးရဲဘော် ၂၀ရာခိုင်နှုန်းပါဝင်


    -အိန္ဒိယ-မြန်မာနယ်စပ်တွင် အာသံရိုင်ဖယ်တပ်က စစ်အသုံးဆောင်ပစ္စည်းတချို့ဖမ်းမိ

    10 min
  • မေလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    အခု တင်ဆက်ပေးသွားမယ့် သတင်းတွေကတော့


    - ဟားငါးကောင်အဖွဲ့ဝင် လူရွှင်တော် ဝိုင်းကျော် ဆေးကုသမှုခံယူနေရင်း ဆုံးပါးသွားတဲ့သတင်း


    - ထိုင်ဝမ်ကို နိုင်ငံအဖြစ် အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီပြောတဲ့သတင်း


    -မြိတ်မှာ စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲခံရပြီးနောက် အမျိုးသမီးအပါအဝင် ၆ ဦး ဖမ်းဆီးခံရတဲ့သတင်း


    - မလေးရှားနိုင်ငံရဲစခန်း ၁ ခုတိုက်ခိုက်ခံရပြီးနောက်ပိုင်း စင်ကာပူကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    #4pmnews

    #Mizzimanewshour

    #MizzimaTV

    15 min
  • မေလ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -ရခိုင်ပြည်နယ်အခြေအနေတွေကို စိုးရိမ်ကြောင်း အမေရိကန် ထုတ်ပြန်လိုက်တဲ့သတင်း


    -စစ်မှုထမ်းဖို့ပျက်ကွက်သူအားလုံးကို အရေးယူမယ်လို့ စစ်ကောင်စီပြောလိုက်တဲ့သတင်း


    -ဝိုင်းမော်မြို့ ခလရ - ၃၂၁ တပ်ရင်းကို KIA သိမ်းယူလိုက်တဲ့သတင်း နဲ့


    -ဖိလစ်ပိုင်က နျူကလီးယားစွမ်းအင်အသုံးချမှုဆိုင်ရာ လေ့ကျင့်သင်ယူရေးအတွက် အမေရိကန်နဲ့သဘောတူလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။


    #2pmnews

    #Mizzimanewshour

    #MizzimaTV

    15 min
  • မေလ ၂၁ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    -ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အခြေအနေကို စိုးရိမ်ပူပန်ကြောင်း NUG ထုတ်ပြန်တဲ့သတင်း

    -စစ်မှုထမ်းရန်ဆင့်ခေါ်မှု လျာထားချက်မပြည့်တာကြောင့် အစားထိုးဖြည့်တင်းခဲ့ရတယ်လို့ စစ်ကောင်စီပြောတဲ့သတင်း

    -တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့သတင်း

    -ရန်ကုန်စက်မှုဇုန်သို့သွယ်တန်းသည့် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုဖြစ်ပွားတဲ့အကြောင်း

    -အီရန်သမ္မတသေဆုံးမှုဟာ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ပြော

    -ပူးပေါင်းတပ် သိမ်းပိုက်ခံရတဲ့ ဖူ့ချီမူစခန်းမှ စစ်ကောင်စီတပ်သား ၄၀ လောက်ထွက်ပြေးသွားပြီး လမ်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါ ၄ ဦးကို ပစ်သတ်သွားတဲ့သတင်း တွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ ဒီနေ့ရဲ့ နောက်ဆုံးရ ငွေလဲနှုန်းတွေကိုပါ စုစည်းတင်ဆက်ပေးသွားမှာပါ။

    29 min
  • မေလ ၂၁ ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...         တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်တဲ့သတင်းနဲ့အတူ  စစ်မှုထမ်းရန်ဆင့်ခေါ်မှု လျာထားချက်မပြည့်တာကြောင့် အစားထိုးဖြည့်တင်းခဲ့ရဆိုတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။ နိုင်ငံတကာဖက်မှာတော့ အီရန်သမ္မတသေဆုံးမှုဟာ ဆုံးရှုံးမှုကြီးဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ပြောတဲ့ သတင်းအပါအဝင် ဩစတြေးလျရဲတပ်ဖွဲ့က အိမ်တွင်းအကြမ်းဖက်မှုနှိမ်နင်းရေးစီမံချက်အတွင်း လူ ၅၅၄ ဦးကိုဖမ်းဆီးခဲ့တဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာ၊ ထိုင်းနိုင်ငံသို့ သွားရောက်နိုင်မယ့် ဗီဇာလမ်းညွှန်အစီအစဉ်တွေကို ကြားကြရမှာပါ။ဒါ့အပြင် အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်နဲ့ မရွှေမိုးရဲ့လေးညှို့သံဆောင်းပါး အစီအစဉ်တွေကိုလည်းနားဆင်ရဖို့ရှိပါတယ်။ 

     

    1 hr 1 min
  • မေလ ၂၁ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    − စစ်တွေမှာ စားနပ်ရိက္ခာ ပြတ်တောက်လုနီးပါးဖြစ်နေပြီလို့ ကုလပြောခွင့်ရသူ ပြောတဲ့သတင်း


    − ပူးပေါင်းတပ် သိမ်းပိုက်ခံရတဲ့  ဖူ့ချီမူစခန်းမှ စစ်ကောင်စီတပ်သား ၄၀ လောက်ထွက်ပြေးသွားပြီး လမ်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါ ၄ ဦးကို ပစ်သတ်သွားတဲ့သတင်း


    − မြန်မာ့စီးပွားရေးအကျပ်အတည်းကြောင့် ရန်ကုန်ရှိ တောင်ကိုရီးယား တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက်ထုတ်လုပ်ရောင်းချရေးလုပ်ငန်း ရပ်ဆိုင်းလိုက်တဲ့သတင်း


    − တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    14 min
  • မေလ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့သတင်း


    -စစ်မှုထမ်း စုဆောင်းရာမှာ လျာထားချက် ပြည့်မီရေး လူစားထိုး ဖြည့်တင်းခဲ့ရတယ်လို့ စစ်မှုထမ်းဆင့်​ခေါ်​ရေး ဗဟိုအဖွဲ့ပြောတဲ့အကြောင်း


    -စစ်အာဏာသိမ်းမှုမှ လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေး ဆက်လက် ထောက်ခံသွားမယ်လို့ တောင်ကိုရီးယားလွှတ်တော်အမတ်များ ကတိပြုတဲ့သတင်း


    -ရခိုင်တိုက်ပွဲအတွင်း  စစ်တပ်ရဲ့ သွေးထိုးမှုတွေကြောင့် ကြမ်းကြုတ်ရက်စက်မှုတွေထပ်ဖြစ်မှာစိုးရိမ်တယ်လို့ ကုလ လူ့အခွင့်အရေးမဟာမင်းကြီးပြောတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်း ကစုစည်းတင်ဆက်ပေးထားပါတယ်။

    16 min
  • မေလ ၂၁ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    ⁃ ရုရှားအာကာသကော်ပိုရေးရှင်း နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ တွေ့ဆုံ တဲ့သတင်း


    ⁃ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နိုင်လို့ ဘေးလွတ်ရာပြောင်းကြဖို့ AA သတိပေးတဲ့သတင်း


    ⁃ အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးပြီလို့ နိုင်ငံပိုင်ရုပ်မြင်သံကြား ကြေညာတဲ့သတင်းနဲ့


    ⁃ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ကနဦးအဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးတွဲအကောင်အထည်ဖော်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့အကြား ကနဦးအဆင့် ဆွေးနွေးမှုတွေ စတင်နေတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

    14 min
  • မေလ ၂၁ ရက်၊ အင်္ဂါနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    မေလ ၂၁ ရက်၊ အင်္ဂါနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ... စစ်ကောင်စီ ဖမ်းဆီးထားတဲ့ ARF တပ်ဖွဲ့ဝင် ၆ ဦး အပါအဝင် ၈ ဦး အဆက်အသွယ် ပြတ်တောက်နေတဲ့ သတင်းနဲ့ အတူ တနင်္သာရီမြို့၊ ရမ်းဖိုရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ နဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် Mizzima Editorial Talk အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    35 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.