ဒီကနေ့မနက်မှာတော့ -ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက်ကို ရခိုင်၊ ဂွမြို့သို့ ပို့ဆောင်လိုက်တဲ့သတင်း နဲ့အတူ -လုံခြုံရေးကောင်စီက မြန်မာပြည်သူတွေရဲ့ အသံကို ဥပေက္ခာပြုနေတာကြောင့် “စိတ်ပျက်ရ” တဲ့အကြောင်း ဦးကျော်မိုးထွန်း ပြောလိုက်တဲ့သတင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ နောက်ဆုံးမှာတော့ အပတ်စဉ် ကဏ္ဏအနေနဲ့ လေးဝတီ FMရဲ့ အပတ်စဉ်ရခိုင်ရေဒီယိုအစီအစဉ်ကို ထုတ်လွှင့်သွားဖို့ရှိပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။ ကိုစိုင်းခန့်နဲ့အတူတင်ဆက်ပေးပါမယ်ရှင်။