ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... လေကြောင်းတိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ ၂၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်တဲ့ သတင်းနဲ့အတူ ထိန်းချုပ်ဒေသမှာ Non – CDM တွေရဲ့ လူထုဝန်ဆောင်မှု လုပ်ငန်းတွေ ဆက်လက်လည်ပတ်ခွင့်ပြုတယ်လို့ မွန်ပြည်သစ် AD ပြောတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။နိုင်ငံတကာဖက်မှာတော့ ကျမ်းသစ္စာကျိန်ဆိုပွဲအကြိုရက် တွေအတွင်း ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်မှုတွေတိုးမြှင့်တဲ့ သတင်းအပါအဝင် အီးယူနဲ့အမေရိကန်တို့ကဓာတုပစ္စည်းအလွန်အကျွံတင်သွင်းမှုတိုက်ဖျက်ရေးစုံစမ်းစစ်ဆေးမှုကို တရုတ်စတင်တဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။အဲဒီ့နောက်မှာတော့ ပြည်တွင်းသတင်းလွှာနဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ Mizzima Editorial Talk အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။