Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • Mizzima 108 ၏ ဧပြီလ ၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    − ပြည်သူ့ညီလာခံ နောက်ဆုံးနေ့အစည်းအဝေးကို မတက်ရောက်ကြောင်း CRPH အကြောင်းကြားတဲ့သတင်း


    − မြန်မာ့အရေးအတွက် ထိုင်း၀န်ကြီးချုပ် အရေးပေါ်အစည်းအဝေး ခေါ်ယူကာ နယ်စပ်အခြေအနေအပါအ၀င် မြန်မာ့အရေးစောင့်ကြည့်ရန် အလုပ်အဖွဲ့တစ်ခု ဖွဲ့စည်းမယ့်သတင်း


    −လွယ်ဂျယ်မှ စစ်ကောင်စီလက်ကျန် ၆၂ ဦး လက်နက်တွေထားခဲ့ကာ တရုတ်နိုင်ငံကို  ခိုလှုံသွားတဲ့သတင်းနဲ့


    −  မြောက်အမေရိကတိုက်တဝန်း လူပေါင်းသန်းနဲ့ချီစောင့်ကြည့်ခဲ့ကြတဲ့  နေကြတ်မှုဖြစ်စဉ် အကြောင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။

    Google Podcast

    https://tinyurl.com/chdm5d3e  

    Anchor Podcast  

    https://anchor.fm/mizzima108fm  

    Radio Public  

    https://radiopublic.com/mizzima-108fm-693aa1  

    Spotify  

    https://open.spotify.com/show/0JqldUlReGJnU3G6gNwugY  

    Apple Podcast    

    https://podcasts.apple.com/.../mizzima-108fm/id1581394789


    16 min
  • Mizzima 108 ၏ ဧပြီလ ၉ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    -မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံကို ဝင်ရောက်သူပိုများလာတဲ့သတင်း


    -လက်နက်ချ သင်္ဃန်းညီနောင်ဗျူဟာမှူးဟာ မြစ်ကြီးနားဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့သူဖြစ်တဲ့အကြောင်း


    -ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မော်လမြိုင်ရောက်ရှိစဉ် ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း Alpha bats အဖွဲ့ပြောလိုက်တဲ့သတင်းနဲ့


    -အင်ဒိုနီးရှားမှာ ယာဉ်တိုက်မှုကြောင့် ၁၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားတဲ့သတင်း

    တွေအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။



    Google Podcast

    https://tinyurl.com/chdm5d3e  

    Anchor Podcast  

    https://anchor.fm/mizzima108fm  

    Radio Public  

    https://radiopublic.com/mizzima-108fm-693aa1  

    Spotify  

    https://open.spotify.com/show/0JqldUlReGJnU3G6gNwugY  

    Apple Podcast    

    https://podcasts.apple.com/.../mizzima-108fm/id1581394789

    13 min
  • ဧပြီလ ၉ ရက်၊ အင်္ဂါနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    ဧပြီလ ၉ ရက်၊ အင်္ဂါနေ့ မနက်ဘက် မဇ္ဈိမရေဒီယိုအစီအစဉ်


    UID လက်မှတ် (စမတ်ကတ်)ရှိသူတွေကိုသာ နယ်စပ်ဖြတ်သန်းခွင့်ပြုမယ်လို့ စစ်ကောင်စီပြောတဲ့သတင်းနဲ့ အတူ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံကို ဝင်ရောက်သူပိုများတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ နဲ့ နိုင်ငံတကာ သတင်းတွေကို နားဆင်ရပါမယ်။ သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် Mizzima Editorial Talk အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    #Mizzimaradio

    #Morningradio

    35 min
  • “ကချင်ရဲ့ထိုးစစ်အောက်မှာ စစ်ကောင်စီတပ်ဟာ ပျှမ်းမျှ ၁ ရက်ကို စခန်း ၃ ခုလောက်ကျနေတယ်” (Editorial Talk)

    မဇ္ဈိမ။ ။ ဒီတပတ်မဇ္ဈိမ Editorial Talk အစီအစဉ်မှာတော့ ကချင်စစ်မျက်နှာမှာ စစ်ကောင်စီတပ်တွေ ဘယ်လိုခုခံနေရသလဲဆိုတာနဲ့ပတ်သက်ပြီး သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။ 


    #Editorialtalk 

    #ကချင်

    #စစ်ကောင်စီ 

    #စစ်ရေး 

    19 min
  • ဧပြီလ ၈  ရက်၊ တနင်္လာနေ့  ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...     စစ်သုံ့ပန်းတွေရဲ့ ဆန္ဒမပါဘဲ ပြန်လွှဲပေးမှာ မဟုတ်ကြောင်း KNU ပြောတဲ့သတင်းနဲ့ အတူ မြင်းခြံမှာ စစ်ကောင်စီတပ်ကကျေးရွာကို မီးရှို့ ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်သွားတဲ့အကြောင်းတွေကို ကြားကြရမှာပါ။

     နိုင်ငံတကာဖက်မှာတော့ ဗီယက်နမ်မှာ မိုးခေါင်ရေရှားမှုအတွက် အရေးပေါ်အခြေအနေကြေညာထားတဲ့ သတင်းအပါအဝင် အမေရိကန်ရဲ့ စစ်ရေးအကူအညီမရရင် ရုရုားကိုစစ်ရှုံးနိုင်တယ်လို့ ယူကရိန်းသမ္မတပြောတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။

     အဲ့ဒီနောက်မှာတော့ ဒီကနေ့ရဲ့ ငွေလဲနှုန်း၊ ကုန်စျေးနှုန်းနဲ့ အပတ်စဉ် ကဏ္ဍဖြစ်တဲ့  Mizzima Editorial Talk အစီအစဉ်ကို  နားဆင်ရဖို့ရှိပါတယ်။ 

    1 hr 3 min
  • Mizzima 108 ၏ ဧပြီလ ၈ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    ⁃ ပြင်ဦးလွင်စစ်တက္ကသိုလ် ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေပြောတဲ့သတင်း


    ⁃ စစ်သုံ့ပန်းတွေရဲ့ ဆန္ဒမပါဘဲ စစ်ကောင်စီဆီကို ပြန်လွှဲပေးမှာမဟုတ်ဘူးလို့  KNUပြောတဲ့သတင်း


    ⁃ Chevron အစုရှယ်ယာတွေ စစ်ကောင်စီအတွက် အထောက်အပံ့ဖြစ်နေကြောင်း Justice For Myanmar ပြောတဲ့သတင်းနဲ့


    ⁃ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်AA တိုက်ပွဲအကြား တရုတ်ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။


    Google Podcast

    https://tinyurl.com/chdm5d3e  

    Anchor Podcast  

    https://anchor.fm/mizzima108fm  

    Radio Public  

    https://radiopublic.com/mizzima-108fm-693aa1  

    Spotify  

    https://open.spotify.com/show/0JqldUlReGJnU3G6gNwugY  

    Apple Podcast    

    https://podcasts.apple.com/.../mizzima-108fm/id1581394789


    16 min
  • Mizzima 108 ၏ ဧပြီလ ၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

    -စစ်သုံ့ပန်းတွေရဲ့ ဆန္ဒမပါဘဲ ပြန်လွှဲပေးမှာ မဟုတ်ကြောင်း KNU ပြောလိုက်တဲ့သတင်း


    -ချင်းတွင် ရှေ့တန်းရောက် ဒဏ်ရာရ  PDF  ရဲဘော်တွေ အရေးပေါ်ဆေးဝါး လိုအပ်နေတဲ့အကြောင်း


    -စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်AA တိုက်ပွဲအကြား တရုတ်ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေတဲ့သတင်းနဲ့


    -လူနည်းစုကိုအကာအကွယ်ပေးဖို့နဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့ အတိုက်အခံအိန္ဒိယကွန်ဂရက်ပါတီကတိပြုပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။


    အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။

    Google Podcast

    https://tinyurl.com/chdm5d3e  

    Anchor Podcast  

    https://anchor.fm/mizzima108fm  

    Radio Public  

    https://radiopublic.com/mizzima-108fm-693aa1  

    Spotify  

    https://open.spotify.com/show/0JqldUlReGJnU3G6gNwugY  

    Apple Podcast    

    https://podcasts.apple.com/.../mizzima-108fm/id1581394789


    16 min
  • Mizzima 108 ၏ ဧပြီလ ၈ ရက်၊  မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

    − မဲဆောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာခေါ်တဲ့ မြန်မာလေယာဉ် အလွတ်ပြန်သွားခဲ့ရတဲ့သတင်း


    − ခမရ ၅၆၅ ဒုတပ်ရင်းမှုးကို ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိပြီး ဆေးကုသမှုပေးနေတယ်လို့ AA ထုတ်ပြန်တဲ့သတင်း


    −ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်တာဝန်ပေးခံရခြင်းကို ဂုဏ်ယူကြောင်း တာဝန်ပေးခံရတဲ့  သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကြေညာတဲ့သတင်း


    − ဗီယက်နမ်မှာမိုးခေါင်ရေရှားမှုအတွက် အရေးပေါ်အခြေအနေကြေညာထား တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။



    Google Podcast

    https://tinyurl.com/chdm5d3e  

    Anchor Podcast  

    https://anchor.fm/mizzima108fm  

    Radio Public  

    https://radiopublic.com/mizzima-108fm-693aa1  

    Spotify  

    https://open.spotify.com/show/0JqldUlReGJnU3G6gNwugY  

    Apple Podcast    

    https://podcasts.apple.com/.../mizzima-108fm/id1581394789

    16 min
  • ဧပြီလ ၈ ရက်၊ တနင်္လာ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ မုဒုံ လေဆိပ်စီမံကိန်းကိုလာရောက်ချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့သတင်းနဲ့အတူ ပခုက္ကူမြို့နယ် သာကြီးတောင် ရေနံမြေရဲစခန်းက ရဲတပ်သား ၁ ဦး သေနတ်နှစ်လက်နဲ့ အလင်းဝင်လာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ သူတို့ရဲ့ အနုပညာဖန်တီးမှုတွေကို တင်ဆက်ပေးနေတဲ့ cele city အစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။


    33 min
  • Mizzima 108 ၏ ဧပြီလ ၇ ရက်၊ တနဂ်နွေနေ့ ညဘက် မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ သင်္ဃန်းညီနောင်ဗျူဟာမှ စစ်ကောင်စီတပ်သား ၅၀၀ ကျော် လက်နက်ချအညံ့ခံတဲ့သတင်းနဲ့အတူ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်အနီး စစ်ကောင်စီ လုံခြုံရေးစစ်ဆေးစဥ် ဗုံး ၂ လုံး ဆင့်ပေါက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။ အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေကို ထိန်းသိမ်းထားတဲ့အခြေအနေနဲ့ပတ်သက်လို့ ဂဠုန်စစ်ကြောင်းတာဝန်ရှိသူကို သွားရောက်မေးမြန်းထားတဲ့ အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။ ဒါ့အပြင် ကမ္ဘာတလွှားက အနုပညာရှင်တွေရဲ့အကြောင်းတွေ သူတို့ရဲ့ အနုပညာဖန်တီးမှုတွေကို တင်ဆက်ပေးနေတဲ့ cele city အစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။ နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးမှာပါ။


    #Mizzimaradio

    #Eveningradio

    Google Podcast

    https://tinyurl.com/chdm5d3e

    Anchor Podcast

    https://anchor.fm/mizzima108fm

    Radio Public

    https://radiopublic.com/mizzima-108fm-693aa1

    Spotify

    https://open.spotify.com/show/0JqldUlReGJnU3G6gNwugY

    Apple Podcast

    https://podcasts.apple.com/.../mizzima-108fm/id1581394789


    1 hr

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.