ဒီကနေ့ညမှာတော့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားနေကြောင်း NUGယာယီသမ္မတပြောတဲ့သတင်းနဲ့အတူ
ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ဖို့ အင်တိုက်အားတိုက်လုပ်ဆောင်နေပြီလို့ စစ်ကောင်စီပြောတဲ့သတင်း အပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ နိုင်ငံတကာသတင်းတွေဘက်မှာတော့ ထိုင်ဝမ်မှာ ပြင်းအား ၇.၄ အဆင့် ရှိတဲ့ ငလျင်လှုပ်ခတ်သွားတဲ့သတင်း၊ ရိုဟင်ဂျာတွေကို မှောင်ခိုမှုနဲ့ အင်ဒိုနီးရှား ၄ ဦး ဖမ်းဆီးခံရတဲ့သတင်း အစရှိတဲ့သတင်းတွေကို ကြားကြရမှာပါ။
အဲ့ဒီနောက်မှာတော့ ဒီကနေ့ရဲ့ ငွေလဲနှုန်းနဲ့ ကုန်စျေးနှုန်းတွေ၊ ရက်ပေါင်း ၁၂၀ ကျော်အတွင်း ရခိုင်ပြည်နယ်တစ်ဝက်ကျော်အထိ AA သိမ်းပိုက်ထားနိုင်တဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေအကြောင်း သတင်းဆောင်းပါးတို့ကို ထုတ်လွှင့်သွားမှာပါ။ ဆက်လက်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်နေတဲ့ နွေဦးခေါ်သံ အနုပညာကဏ္ဏကိုလည်း နားဆင်ကြရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789