Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဖေဖော်ဝါရီလ ၂၁ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ .....ရခိုင်ပြည်နယ် မြို့တော်စစ်တွေအနီးက ပေါက်​တောနယ်ကို စစ်ကောင်စီ ဗုံးအလုံး ၅၀ ကျော်ကြဲချတဲ့အတွက် ပြည်သူ အများအပြားဒဏ်ရာရတဲ့သတင်းနဲ့အတူ မြန်မာ့အရေး ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ UNHRC ကို အရပ်ဘက်အဖွဲ့တွေ တောင်းဆိုတဲ့အကြောင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာကဏ္ဍတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    46 min
  • ဖေဖော်ဝါရီလ ၂၁ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    စစ်ကောင်စီခေါင်းဆောင်ပြောတဲ့အကူအညီ စစ်ဘေးရှောင်တွေမရတဲ့သတင်းနဲ့ အတူ တရုတ်ထံ BGF လွှဲပေးလိုက်တဲ့ လူ ၆၀၀ ထဲမှာ ကျားဖြန့်ခေါင်းဆောင်တွေ မပါဝင်သေးတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် လေး၀တီ FM ရဲ့ အပတ်စဉ် ရခိုင်သတင်းအစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    38 min
  • ဖေဖော်ဝါရီလ ၂၀ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    -ကျားဖြန့်ဂိုဏ်းတွေမှာ လူကုန်ကူးခံခဲ့ရသည့် တရုတ်နိုင်ငံသား ၆၀၀ ကို ၃ ရက်အတွင်း ပြန်လည်ပို့ဆောင်မှာဖြစ်ပေမယ့် ဂိုဏ်းခေါင်းဆောင်တွေ မပါဝင်သေးတဲ့အကြောင်း


    -မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမှာ AA နဲ့ ARSA တိုက်ပွဲဖြစ်နေတဲ့သတင်း


    -စစ်ခေါင်းဆောင်၏ စစ်ဘေးရှောင်များကို အကူအညီပေးမည့်စကား မြေပြင်အထိ မရောက်တဲ့အကြောင်း


    -မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် အကျပ်အတည်းမျိုးစုံ တပြိုင်နက်ရင်ဆိုင်နေရတဲ့သတင်း


    -TNLA နှင့် ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီက နောင်ချိုကို လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ ၃ ဦးသေဆုံးတဲ့သတင်းအပါအဝင် ဒီနေ့ရဲ့ နောက်ဆုံးရ ရွှေဈေးငွေဈေးတွေနဲ့ တခြားစိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်းက စုစည်းတင်ဆက်ပေးထားပါတယ်။

    18 min
  • ဖေဖော်ဝါရီလ ၂၀ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...CDM နဲ့ စစ်မှုထမ်းစာရင်းပါသူတွေကို ပြန်လည်စိစစ်ဖို့ ပြည်ပလုပ်သားပို့ဆောင်မှု ယာယီပိတ်တဲ့ သတင်းနဲ့ အတူ မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် အကျပ်အတည်းမျိုးစုံတပြိုင်နက်ရင်ဆိုင်နေရတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။

    နိုင်ငံတကာဖက်မှာတော့ အိန္ဒိယနဲ့ ဆက်ဆံရေးတင်းမာနေချိန် ဘင်္ဂလားဒေ့ရှ် ကို တရုတ်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆွဲဆောင်တဲ့ သတင်းအပါအဝင် ယူကရိန်းအရေး အရေးပေါ်အစည်းအဝေးကို ပြင်သစ်သမ္မတက အိမ်ရှင်အဖြစ် ကျင်းပမယ်သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ််ကို နားဆင်ရဖို့ရှိပါတယ်။

    42 min
  • ဖေဖော်ဝါရီ ၂၀ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ .....

    စစ်ကောင်စီနဲ့ TNLA ဆွေးနွေးမှု ရလဒ်မထွက်ဘဲ နောက်ထပ် ဆွေးနွေးဖို့ရှိတယ်လို့ TNLA ထုတ်ပြန်တဲ့သတင်းနဲ့အတူ စစ်ရိပ်သန်းလာနေတဲ့ ကမမောင်းမြို့မှာ စစ်ကောင်စီတပ်အင်အားဖြည့်တင်းပြီး ဒေသခံအများစု နေရပ်စွန့်ခွာတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းလွှာကဏ္ဏတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဥ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    41 min
  • ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    - ဗန်းမော် မြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်နေကြောင်း KIA ပြောတဲ့သတင်း


    - နေပြည်တော်မှာ စစ်မှုထမ်းဖို့ အင်အားစုဆောင်းမှု အရှိန်မြှင့်လုပ်ဆောင်လာတဲ့သတင်း


    - လုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပေးပြီး လိုအပ်ရင်အသုံးချနိုင်မယ့် ဥပဒေ စစ်ကောင်စီပြဋ္ဌာန်းတဲ့အကြောင်းနဲ့

    - ပဋိပက္ခဖြေရှင်းဖို့ မြန်မာတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သက်ဆင် ပြောတဲ့ နိုင်ငံတကာ သတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့  တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    15 min
  • ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ .....

    လုံခြုံရေးကုမ္ပဏီတွေကို လက်နက်ကိုင်ဆောင်ခွင့်ပေးပြီး လိုအပ်ပါကအသုံးချနိုင်မယ့်ဉပဒေ စစ်ကောင်စီ ပြဋ္ဌာန်းတဲ့သတင်းနဲ့အတူ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု အာဂျင်တီးနား ဖမ်းဝရမ်းစာရင်းထဲကနေ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖယ်ရှားရုပ်သိမ်းပေးဖို့ အမျိုးသားညီညွတ်‌‌ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာကဏ္ဏတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဥ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

    46 min
  • ဖေဖော်ဝါရီလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီလ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့မနက်မှာတော့ .....  အာဂျင်တီးနားတရားရုံးမှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို တရားစွဲဆိုထားခြင်းကနေ ဖယ်ရှား‌ပေးဖို့ NUG ‌တောင်းဆိုတဲ့ သတင်းနဲ့ အတူ ပုသိမ်ကြီးမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်ပစ်ခတ်မှု ရာအိမ်မှူးသေဆုံးတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။  

     

    သတင်းတွေအပြီးမှာတော့ သန့်ဇော်(သန်လျင်) စီစဉ်တဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

     

    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    30 min
  • ဖေဖော်ဝါရီလ ၁၈ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    ဖေဖော်ဝါရီလ ၁၈ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    ===================

    − ကူမင်းမှာ ဆွေးနွေးပွဲ ကျင်းပနေစဉ် TNLA ထိန်းချုပ်နယ်မြေကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်တဲ့သတင်း

    − နိုင်ငံခြားသားတွေရဲ့ ဥပဒေနဲ့ မညီတဲ့ လှုပ်ရှားမှုတွေကို အရေးယူသွားဖို့ ထိုင်းရဲချုပ် အမိန့်ထုတ်တဲ့သတင်း

    − လေကြောင်းအန္တရာယ်ဇုန်မှ မုံရွာဒေသခံတွေ စားနပ်ရိက္ခာအခက်အခဲကြုံနေကြရတဲ့သတင်း

    − ပုဂံမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရနဲ့ 

    − ရုရှားနဲ့အမေရိကန်ထိပ်တန်းအရာရှိတွေ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးမယ့်သတင်းအပါအဝင်  တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm 

    16 min
  • ဖေဖော်ဝါရီလ ၁၈ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီလ ၁၈ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... လေကြောင်းအန္တရာယ်ဇုန်က မုံရွာဒေသခံတွေ စားနပ်ရိက္ခာအခက်အခဲကြုံနေရတဲ့သတင်းနဲ့ အတူ ပုဂံမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။

     

    အဲဒီ့နောက်မှာတော့ နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်းလွှာနဲ့ ဗီဇာလမ်းညွှန်အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။ 

     

    ဒါ့အပြင်  အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်နဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    52 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.