Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဖေဖော်ဝါရီလ ၁၄ ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ညမှာတော့ .....ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်တဲ့သတင်းနဲ့အတူ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်တွေကို ဖမ်းဆီးမှုစတင်နေပြီလို့ BGF ပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာကဏ္ဍတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Human Rights Barometer အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    46 min
  • ဖေဖော်ဝါရီလ ၁၄ ရက်၊ သောကြာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    ထိုင်းနိုင်ငံကို အမျိုးသမီး၊ အမျိုးသား အလုပ်သမားစေလွှတ်မှုတွေ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီညွှန်ကြားတဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကြေညာတဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။

    သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် လေး၀တီ FM က ပေးပို့တဲ့ ရခိုင်သတင်း အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    38 min
  • ဖေဖော်ဝါရီလ ၁၃ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    -သန်းခေါင်စာရင်းကောက်တဲ့ ရာအိမ်မှူးအပါအဝင် ၃ ဦးကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သူ လွတ်မြောက်နေဆဲဟု ဒေသခံများပြောတဲ့သတင်း


    -တော်လှန်ရေးအဖွဲ့များနှင့် ပေါင်းစည်းမည့် မွန်ပြည်သစ်ပါတီ၏ ကြိုးပမ်းချက် လက်တွေ့အကောင်ထည်ဖော်ဖို့ တော်လှန်ရေးအင်အားစု တိုက်တွန်းတဲ့သတင်း


    -မုံရွာ လေကြောင်းတိုက်ခိုက်ခံရမှု ၁၃ ဦးထက်မနည်း သေဆုံးတဲ့သတင်း


    -ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ပူတင်နဲ့ သဘောတူထားတယ်လို့ ထရမ့် ပြောတဲ့သတင်းအပါအဝင် ဒီနေ့ရဲ့ နောက်ဆုံးရ ရွှေဈေးငွေဈေးတွေနဲ့ တခြားစိတ်ဝင်စားဖွယ်သတင်းတွေကို ဂျူချန်း က စုစည်းတင်ဆက်ပေးသွားမှာပါ။

    17 min
  • ဖေဖော်ဝါရီလ ၁၃ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    မုံရွာမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေအပါအဝင် ၇ ဦး သေဆုံးတဲ့သတင်းနဲ့အတူ BGF ခေါင်းဆောင် ၃ ဦးကို ဝရမ်းထုတ်ဖို့ သက်သေမလုံလောက်ကြောင်း အမှုစစ်ရှေ့နေတွေဆုံးဖြတ်တဲ့ အကြောင်းတွေကိုကြားကြရမှာပါ။

    နိုင်ငံတကာဖက်မှာတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲစတင်ဖို့ ပူတင်နဲ့ သဘောတူထားတယ်လို့ ထရမ့် ပြောတဲ့ သတင်းအပါအဝင် ဟားမားစ်က အမေရိကန် အစ္စရေးရဲ့ ခြိမ်းခြောက်မှုတွေကို လက်မခံကြောင်းပြောတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။

    အဲဒီနောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။

    42 min
  • 'လူငယ်သတင်း' စကားဝိုင်း I Episode - 16

    အပတ်စဉ် တင်ဆက်သွားမယ့်‘လူငယ်သတင်း’ စကားဝိုင်းဖြစ်ပါတယ်။ ဒီတပတ်စကားဝိုင်းမှာတော့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရခိုင်ပြည်အတွင်းက အဓိကကျတဲ့စစ်ဌာနချုပ်တွေ လက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက် ဝါဒဖြန့်မှုတွေ သိသိသာသာကျဆင်းခဲ့ကာ ၂၀၂၅ ဇန်နဝါရီလမှာတော့ဝါဒဖြန့်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတဲ့အကြောင်း အစီအစဉ်တင်ဆက်သူသုံးဦးက ဝိုင်းဖွဲ့ဆွေးနွေးထားပါတယ်။

    9 min
  • ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့မနက်မှာတော့ .....  တော်လှန်ရေးကြောင့်ထွက်ပြေးလာရသူတွေကို UNHCR နဲ့ချိတ်ဆက်ခေါ်ယူဖို့ တောင်ကိုရီးယားအစိုးရ ပြင်ဆင်နေတဲ့သတင်းနဲ့အတူ လေ့ကျင့်ရည်မပြည့်ဝဘဲ တိုက်ပွဲဝင်ခဲ့ရကြောင်း AA ထံ အဖမ်းခံရတဲ့ ဒုဗိုလ်မှူးကြီးပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းလွှာကဏ္ဏတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက်အစီအစဥ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    40 min
  • ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ===================

      

    - တော်လှန်ရေးကြောင့် ထွက်ပြေးလာရသူတွေကို UNHRC နဲ့ ချိတ်ဆက်ခေါ်ယူမယ့်အစီအစဥ် တောင်ကိုရီးယားစတင်တဲ့သတင်း

    - ကန့်ကွက်ခံရသည့် ရုံးဆောက်ရန်မြေနေရာကိစ္စ မြေပိုင်ရှင်နဲ့ ထပ်မံညှိုနှိုင်းမယ်လို့ UWSA ပြောတဲ့သတင်း 

    - ဧရာဝတီတိုင်းမှာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် စပါးစျေးကျဆင်းပြီး လယ်သမားတွေ အခက်ကြုံနေရတဲ့အကြောင်းနဲ့

     

    - အမေရိကန်ရဲ့ ပြည်ပအကူအညီ ရပ်ဆိုင်းတာက ကမ္ဘာ့ ထောက်ပံ့ကူညီမှုကဏ္ဍအပေါ် ထိတ်လန့်တုန်လှုပ်စေတဲ့ နိုင်ငံတကာ သတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့  တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါhttps://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။https://bit.ly/2VhJ12U or https://tinyurl.com/donatemzm 


    16 min
  • ဖေဖော်ဝါရီ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... ဖက်ဒရယ်အသွင်းကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေရေးဆွဲနေပြီး ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်မခံကြောင်း တော်လှန်ရေးအဖွဲ့ ကိုးခု ထုတ်ပြန်တဲ့သတင်းနဲ့အတူ ထိုင်းက ဖြတ်တောက်ပိတ်ဆို့လိုက်ပေမယ့် ကျားဖြန့်လုပ်ငန်းတွေ ဆက်လည်ပတ်နေပြီ ဒေသခံတွေသာ အထိနာနေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။


    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာကဏ္ဏတို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။

    အပတ်စဥ်အစီအစဥ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက်အစီအစဥ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm


    45 min
  • ဖေဖော်ဝါရီလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့မနက်မှာတော့ .....  ကရင်နီပြည်ဖြတ်သန်းခွင့်ကတ် ထုတ်ပေးဖို့ IEC စီစဉ်တဲ့ သတင်းနဲ့ အတူ မြိုင်နဲ့ ပေါက်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု ၃ ဦးသေဆုံးခဲ့တဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။  

     

    သတင်းတွေအပြီးမှာတော့ သန့်ဇော်(သန်လျင်) စီစဉ်တဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    30 min
  • ဖေဖော်ဝါရီလ ၁၁ ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    ဖေဖော်ဝါရီလ ၁၁ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်

    =================

    − BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ၃ ဦးကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်နိုင်ဖို့ ထိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI တောင်းဆိုတဲ့သတင်း 

    − စစ်သားစုဆောင်းခံရသူတွေ ဘက်ပြောင်းခိုလှုံဖို့ NUG တိုက်တွန်းတဲ့သတင်း 

    − ကနီမှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတဲ့သတင်း နဲ့ 

    − မိုဒီဦးဆောင်တဲ့ အိန္ဒိယမှာ မူဆလင်ဆန့်ကျင်ရေး အမုန်စကားတွေတိုးမြင့်လာကြောင်း အစီရင်ခံစာတခုက ဖော်ပြနေတဲ့သတင်းတွေအပါအဝင်  တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------
    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါhttps://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

    13 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.