Mizzima 108FM

Mizzima 108FM

By Mizzima RadioNewsDaily News
Download on the App Store

Mizzima 108FM episodes

  • ဖေဖော်ဝါရီလ ၁၁ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီလ ၁၁ ရက်၊ အင်္ဂါနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... BGF ခေါင်းဆောင် စောချစ်သူ အပါအဝင် ၃ ဦးကို ထိုင်းနိုင်ငံက တရားစွဲဖို့ ပြင်ဆင်နေတဲ့ သတင်းနဲ့ အတူ စစ်သားစုဆောင်းခံရသူတွေ ဘက်ပြောင်းခိုလှုံဖို့ NUG တိုက်တွန်းတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။

     

    အဲဒီ့နောက်မှာတော့ နိုင်ငံတကာသတင်း၊ ပြည်တွင်းသတင်းလွှာနဲ့ ဗီဇာလမ်းညွှန်အစီအစဉ်ကို နားဆင်ရမှာပါ။ 

     ဒါ့အပြင်  အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ Key to Health အစီအစဉ်နဲ့ ဘာတွေပြောမလဲ ဘာတွေမေးမလဲ အစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    52 min
  • ဖေဖော်ဝါရီ ၁၁ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီ ၁၁ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့မနက်မှာတော့ .....  အချုပ်သား ၄ ဦး ထွက်ပြေးသွားတဲ့ ဒေါပုံရဲစခန်းမှ တာဝန်ကျရဲတွေ ဖမ်းဆီးခံထားရတဲ့သတင်းနဲ့အတူTNLAလုပ်ရပ်အချို့ တော်လှန်ရေးဦးတည်ချက်တွေနဲ့ဆန့်ကျင်နေတယ်လို့ SSJAC ထုတ်ပြန်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းလွှာတို့ကိုလည်း ဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    အပတ်စဥ်အစီအစဥ်ဘက်မှာတော့ စစ်ကောင်စီရဲ့ ဖရိုဖရဲ စစ်ဆင်ရေးတွေအကြောင်းဆွေးနွေးထားတဲ့ Mizzima Editorial Talk အစီအစဥ်ကိုလည်း နားဆင်ကြရမှာပါ။ 


    #Mizzimaradio

    #Morningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    36 min
  • ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်

    ===================

    - ဗန်းမော် အမှတ် (၅၀၁၄) တင့်ကားတပ်ရင်း KIA သိမ်းပိုက်ရရှိတဲ့သတင်း

    - အသက်မပြည့်သေးသူ အပါအဝင် စစ်မှုထမ်းသင်တန်းဆင်း ၃၁ ဦးကို ခေါ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ရင်ခွင် ပြောတဲ့သတင်း 

    - မြဝတီမှာ စက်သုံးဆီကန့်သတ် ရောင်းချတာကြောင့် ထိုင်းဘက်ကူးပြီး ဆီဝယ်နေရတဲ့အကြောင်းနဲ့ 

    - အစိုးရဟောင်းအပေါ်သစ္စာခံသူတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရသစ်နှိမ်နင်းတဲ့ နိုင်ငံတကာ သတင်းအပြင် နောက်ဆုံးရကုန်စျေးနှုန်းနဲ့  တခြားအရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    #mizzimatv 

    #7pmnews

    #mizzimaprimetime

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါhttps://t.me/mizzimatv လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။https://bit.ly/2VhJ12U or https://tinyurl.com/donatemzm 

    18 min
  • ဖေဖော်ဝါရီ ၁၀ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဖေဖော်ဝါရီ ၁၀ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ==================================

    ဒီကနေ့ညမှာတော့ ..... NUG-MOD အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင် တာဝန်မှအနားယူတဲ့သတင်းနဲ့အတူ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း တင့်ကားတပ်ရင်းကို KIA ထပ်မံသိမ်းပိုက်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ ဒီကနေ့ရဲ့ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းလွှာတို့ကိုလည်း ဆက်လက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

    အပတ်စဥ်အစီအစဥ်ဘက်မှာတော့ စစ်ကောင်စီရဲ့ ဖရိုဖရဲ စစ်ဆင်ရေးတွေအကြောင်းဆွေးနွေးထားတဲ့ Mizzima Editorial Talk အစီအစဥ်ကိုလည်း နားဆင်ကြရမှာပါ။


    #Mizzimaradio

    #Eveningradio

    -----------------------------------------

    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv

    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or  https://tinyurl.com/donatemzm

    45 min
  • ဖေဖော်ဝါရီလ ၁၀ ရက်၊ တနင်္လာနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်


    ဒီကနေ့မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    စစ်မှုထမ်းစုဆောင်းခံရသူ ကိုးဦးအပါအဝင် မဲပလီဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးဖမ်းမိတဲ့သတင်းနဲ့အတူ သီပေါမြို့အဝင်မုခ်ဦးကို မူလပုံသဏ္ဍာန်အတိုင်းပြန်ထားဖို့ ရှမ်းအရပ်ဖက်အင်အားစုတွေ တောင်းဆိုတဲ့အကြောင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တပတ်အတွင်းထူးခြား နိုင်ငံတကာသတင်းတချို့ကို နားဆင်ကြရမှာဖြစ်ပါတယ်။

    အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဉ်ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

    42 min
  • ဖေဖော်ဝါရီလ ၉ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...

    ကျားဖြန့်လုပ်ကိုင်နေတဲ့ တရုတ်တွေ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား ထွက်ခွာဖို့ DKBA အမိန့်ထုတ်တဲ့သတင်းနဲ့အတူ လာအိုက တာချီလိတ်ကို လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေမှု ကန့်သတ်သွားမယ်လို့ ပြောတဲ့အကြောင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တပတ်အတွင်းထူးခြား နိုင်ငံတကာသတင်းတချို့ကို နားဆင်ကြရမှာဖြစ်ပါတယ်။

    အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဆက်သွယ်မေးမြန်းချက် အစီအစဉ်ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

    46 min
  • ဖေဖော်ဝါရီလ ၉ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...အကျဉ်းထောင်ဝန်ထမ်းတွေက နိုင်ကျဉ်းမိသားစုတွေကို ငွေလိမ်တောင်းနေတဲ့သတင်းနဲ့အတူ ဘီးလင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ KNU ပြောတဲ့အကြောင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တပတ်အတွင်းထူးခြား နိုင်ငံတကာသတင်းတချို့ကို နားဆင်ကြရမှာဖြစ်ပါတယ်။ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Exclusive Interview အစီအစဉ်ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    36 min
  • ဖေဖော်ဝါရီလ ၈ ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...မြန်မာဘက်ကိုပို့မယ့် လောင်စာဆီ လီတာ ၆၀၀ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးတဲ့ သတင်းနဲ့အတူ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တလအတွင်း အမျိုးသမီး ၈၆ ဦး သေဆုံးကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်တဲ့အကြောင်း အပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။

    အဲ့ဒီနောက်မှာတော့ တပတ်အတွင်းထူးခြား နိုင်ငံတကာသတင်းတချို့နဲ့ သတင်းလွှာတွေကို နားဆင်ကြရမှာဖြစ်ပါတယ်။အပတ်စဉ်အစီအစဉ်ဘက်မှာတော့ Exclusive Interview အစီအစဉ်ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။


    #Mizzimaradio

    #Eveningradio

    46 min
  • ဖေဖော်ဝါရီလ ၈ ရက်၊ စနေနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

    ဒီကနေ့မနက်မှာတော့ .....ဘုန်းကြီးကျောင်းပိုင်ကားက လူ ၄ ဦးကို တိုက်မိပြီး ၂ ဦးသေဆုံးကာ ယာဥ်မောင်းတိမ်းရှောင်နေတဲ့သတင်းနဲ့အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ဒေသ ၁၂ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၂,၁၀၀ ကျော်ရှိခဲ့တဲ့သတင်းအပါအဝင် အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ သတင်းလွှာကဏ္ဏတို့ကိုလည်း ဆက်လက်ထုတ်လွှင့်သွားမှာပါ။ အပတ်စဉ်အစီအစဉ်ဘက်မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ရေးဆွဲတာတွေ၊ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်အကြောင်းတွေကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ရဲ့ ကောင်စီဝင် ဦးတိုးကျော်လှိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားတဲ့အစီအစဉ်ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


    #Mizzimaradio

    #Morningradio

    41 min
  • ဖေဖော်ဝါရီလ ၇ ရက် ၊  ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဉ်

    - စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်တွေကို ငြင်းပယ်တယ်လို့ နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာအဖွဲ့တွေ ပူးတွဲကြေညာ


    - “ကမ္ဘာမကြေဘူး” သီချင်းဖန်တီးသူ တေးရေးနိုင်မြန်မာ ကွယ်လွန်


    - ချင်းတောင်ပိုင်းမှာ လူ ၅၀၀ ကျော် ဝမ်းလျောဝမ်းပျက်ရောဂါ ကူးစက်ခံနေရပြီး သေဆုံးသူတချို့ရှိ


    - မြောက်ဒဂုံမှာ လူ ၄ ဦးကို တိုက်ကာထွက်ပြေးတဲ့ ဘုန်းကြီးကျောင်းပိုင်ကားကို ဖမ်းမိ


    - ပါလက်စတိုင်းလူမျိုးတွေ ဂါဇာက ထွက်ခွာနိုင်ရေး အစီအစဉ်တွေ ပြုလုပ်ထားဖို့ စစ်တပ်ကို အစ္စရေးအမိန့်ပေးလိုက်တဲ့ သတင်းအပါအဝင် ဒီနေ့ ညနေ ၅ နာရီအထိ ရရှိထားတဲ့ ရွှေဈေးနဲ့ ငွေဈေးအကြောင်းကိုလည်း တင်ဆက်ပေးသွားဖို့ ရှိပါတယ်။


    #mizzimatv

    #7pmnews

    #mizzimaprimetime

    16 min

About Mizzima 108FM

From the publisher's feed

Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Listen and Follow the latest news podcasts of Mizzima Radio and News commentaries on sportify.