ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ပျက်ဆီးဆုံးရှုံးမှု နောက်ဆုံးရသတင်းတွေနဲ့အတူ
မဲဆောက်မှာ မီးလောင်တဲ့အိမ်က လက်နက်ခဲယမ်းတွေ့ရှိပြီး မြန်မာအမျိုးသား အဖမ်းခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းနဲ့ နောက်ဆုံးရ ကုန်စျေးနှုန်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။
သတင်းတွေအပြီးမှာတော့ အပတ်စဉ် တင်ဆက်ပေးနေတဲ့ Mizzima Editorial Talk အစီအစဉ်ကို နားဆင်ကြရမှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ "မိုခါ" ဆိုင်ကလုန်း မုန်တိုင်း စစ်တွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့က ဆွေးနွေးတင်ဆက်ထားပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
#Mizzimaradio#Eveningradio