ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ရန်ကုန်တိုင်းလွှတ်တော်ဝန်းအတွင်းက အစိုးရအဖွဲ့ရုံး ၄၀ မမ ဗုံးသီးနဲ့ တိုက်ခိုက် ခံရတဲ့သတင်းနဲ့အတူ မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ဒုတိယဥက္ကဋ္ဌ ဒေါ်၀င်းမြမြ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
ဒါ့အပြင် ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ မုန်တိုင်းဗဟိုချက်အနီးမှာ လေတိုက်နှုန်း မိုင် ၁၁၀ ဝန်းကျင်အထိတိုက်ခိုက်နိုင်ပြီး လက်ရှိခန့်မှန်းထားချက်တွေအရ မုန်တိုင်းလမ်းကြောင်းကျနိုင်တဲ့ဇုံတွေမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ ကျောက်ဖြူခရိုင်နဲ့ သံတွဲခရိုင်တို့ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မုန်တိုင်းဘေးအန္တရာယ်၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကပြင်ဆင် နေမှုတွေနဲ့ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခြေအလားအလာတွေကို မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789