ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဗြိတိန်ဘုရင် ချားလ်စ်နဲ့ တွေ့ဆုံစဉ်မှာ မစ္စတာ ရှောင်တာနယ်က မြန်မာ့အရေး တင်ပြခဲ့တဲ့သတင်းနဲ့အတူ
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရမှု စုံစမ်းပေးဖို့ KNU ကိုတောင်းဆိုထားတဲ့ သတင်းလွှာအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေနဲ့အတူ နောက်ဆုံးရငွေလဲနှုန်း ရွှေစျေးနဲ့ တခြားအရေးကြီးကုန်စျေးနှုန်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်ကိုနားဆင်ရပါမယ်။
အပတ်စဉ်ကဏ္ဏအနေနဲ့ Mizzima Editorial Talk အစီအစဉ်ကို နားဆင်ကြရမှာပါ။
ဒီတစ်ပတ်မှာတော့ တရုတ်ကိုယ်စားလှယ်တွေနဲ့ မြန်မာအာဏာရှင်ဟောင်း တွေ့ဆုံခဲ့တာတွေအပေါ် သုံးသပ် ဆွေးနွေးထားတာကို နားဆင်ရဖို့ရှိပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789