Mizzima 108 ၏ မေလ (၇) ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=============================
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂၀၂၃ခုနှစ်အတွက် “ပြည်သူ့ဂုဏ်ရည်”ဆု ချီးမြှင့်လိုက်တဲ့သတင်း နဲ့အတူ
ကရင်နယ်ခြားစောင့်တပ်(BGF)က အရပ်သားတွေကို အတင်းအကြပ် စစ်မှုထမ်းခိုင်းနေတဲ့သတင်းလွှာအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Vox Pop အစီအစဉ်ကိုတင်ဆက်သွားမှာပါ။
ဒီတစ်ပတ်မှာတော့ ချောင်းဦးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက လူငယ် ၇ ဦးကို သတင်းပေးလို့ဆိုကာ သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြားသောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အမြင်သဘောထားအသံတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ် အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
..............................
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789