ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
NLD အစိုးရလက်ထက် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဖြစ်တဲ့ ဦးကျော်ဝင်း ပြန်လွတ်လာတဲ့သတင်းတွေ အပါအဝင်
အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့ ဗိုလ်မှူးအဆင့်ရှိသူရဲ့ နေအိမ် ဓားပြတိုက်ခံလိုက်ရတဲ့သတင်း တွေပါဝင်တဲ့
နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ ဆူဒန်မှာ ပြိုင်ဘက်စစ်ဗိုလ်ချုပ်တွေကြား သဘောထားကွဲလွဲပြီး တိုက်ပွဲတွေဖြစ်ပွားတဲ့နေရာမှာ အရပ်သား သေဆုံးမှုတွေရှိတယ်ဆိုတဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့၊တပတ်အတွင်း စီးပွားရေးသတင်း ကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ Mizzima Editorial Talk အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။
ဒီတစ်ပတ်မှာတော့ အာဏာသိမ်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပဇီကြီး စစ်ရာဇဝတ်မှုအကြောင်း သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ကိုနောင်နောင်တို့က ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။
....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။
အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789