Mizzima 108 ၏ ဧပြီလ (၁၄) ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ် ထုတ်ပေးတာတွေယာယီရပ်ဆိုင်းထားတဲ့အကြောင်းတွေအပါအဝင် ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ရေကစားမဏ္ဍပ်ကိုဌာနတိုင်းက ဝန်ထမ်း ၂ ဦး လာရောက်ဖို့ စာထုတ်တဲ့သတင်းတွေ အပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ မြောက်ကိုရီးယားနဲ့တင်းမာမှုတွေဟာ အမေရိကန်စစ်ရေးလေ့ကျင့်မှုရဲ့ အပျက်သဘော သက်ရောက်မှုဖြစ်ကြောင်း တရုတ်ကအပြစ်တင် လိုက်တဲ့ ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့၊တပတ်အတွင်း စီးပွားရေးသတင်း ကို နားဆင်ကြရမှာပါ။
သတင်းတွေအပြီးမှာတော့ ဆက်သွယ်မေးမြန်းချက်အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။
ဒီတစ်ပတ်မှာတော့ နိုင်ငံတကာဆုရ စစ်မြေပြင်ဓာတ်ပုံဆရာ မောက်ခမ်းဝါနှင့်တွေ့ဆုံဆွေးနွေးခန်းကို ကိုစိန်ဝင်းက တင်ဆက်ပေးမှာပါ။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
https://tinyurl.com/chdm5d3e
https://anchor.fm/mizzima108fm
https://radiopublic.com/mizzima-108fm-693aa1
https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
https://podcasts.apple.com/.../mizzima-108fm/id1581394789