နိုဝင်ဘာလ ၁၇ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကျောက်တော်မြို့နယ် ချောင်းတူရွာကို ကန်စောက်အခြေစိုက် (၅၃၉) စစ်ကောင်စီတပ်ရင်းက လက် နက်ကြီးနဲ့ပစ်ခတ်လို့ ရွားသားတချို့ သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။
၂။ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး (၉)ယောက်မှာ လုံခြုံရေး စိတ်မချရတဲ့အတွက် နှုတ်ထွက်စာ တင်ထားကြပြီး
၃။ မောင်တောမြို့နယ် ဂြိတ်ချောင်း မြိုရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ လူပေါင်း (၁၀)ကျော်သေဆုံးပြီး နောက်ထပ် (၃၀)လောက်မှာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
၄။ ကန်စောက်အခြေစိုက် (၅၃၉) စစ်ကောင်စီတပ်ရင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
၅။ သီရလင်္ကာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ (၆)ကြိမ်မြောက် တောင်အာရှနိုင်ငံတွေ ကရာတေးပြိုင်ပွဲမှာ ဘင်္ဂလာဒေ့ချ် နိုင်ငံကိုယ်စားပြု ဦးသိန်းမောင်ကျောင်းက ကျောင်းသူ၊ကျောင်းသား (၈)ဦး ယှဉ်ပြိုင်ကြမှာဖြစ်တဲ့ သတင်းတွေ ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- ကျောက်တော်မြို့နယ် ချောင်းတူရွာနဲ့ မောင်တောမြို့နယ် ဂြိတ်ချောင်းမြိုရွာကို စစ် ကောင်စီတပ်က လက်နက်ကြီးတိနဲ့ပစ်ခတ်လို့ ရွာသူရွာသားတွေ သေဆုံးခဲ့တဲ့အကြောင်း ဆက်သွယ် မေးမြန်း ထားတာတွေကို စုစည်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)