နိုဝင်ဘာလ ၁၈ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကျောက်ဖြူမြို့က ရဲ (၃) ဦးအပါအဝင် လ.ဝ.က ဒု-ဦးမှုနဲ့ ရှေ့နေတစ်ဦကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရ ဖြစ်နေပါတယ်။
၂။ ကန်စောက်အခြေစိုက် (၅၃၉) စစ်ကောင်စီတပ်က အနီးအနားကရွာတွေကို လက်နက်ကြီးနဲ့ပစ်လို့ ထောင် နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
၃။ စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့အဖြစ် နိုင်ငံတစ်ဝန်းက အကျဉ်းသား (၅၇၇၄) ဦးကို လွတ်ပေးခဲ့ပြီး အဲဒီ အထဲမှာ ရခိုင်ပြည် အကျည်းထောင်တွေကလည်း (၁၉၄) ဦး လွတ်မြောက်မယ် ဆိုတဲ့ သတင်းနဲ့
၄။ စစ်တွေတက္ကသိုလ် ကျောင်းသား၊ကျောင်းသူတွေ ကျောင်းအပ်နှံ လက်ခံဖို့ရက်ကို နိုဝင်ဘာလ (၃၀) ရက်နေ့အထိ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---- စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကျောက်တော်နဲ့ မောင်တောမြို့ နယ်တွေမှာ အပြစ်မဲ့ပြည်သူတွေ သေဆုံး ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သတ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆို ခွင့်ရှိသူ ဦးခိုင်သုခနဲ့ ဆက်သွယ် မိန်းမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)