နိုဝင်ဘာလ ၂၁ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့အပါအဝင် အနီးအနားက ကျေးရွာတွေကို ညအချိန် စစ်ကောင်စီတပ်က ပစ်ခတ်မှုတွေ လုပ်ခဲ့တဲ့အတွက် ရွာသားတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
၂။ ရသေ့တောင်မြို့နယ် စေတီပြင်နဲ့ ကျောက်ပန်းတူ တောင်ကျော်လမ်းမှာ မိနစ်ပိုင်းအကြာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၃။ ဘူးသီးတောင်-မောင်တောနဲ့ ပလက်ဝမြို့နယ်တွေမှာ နိုဝင်ဘာလ (၁၈)ရက်နဲ့ (၁၉)ရက်နေ့တွေမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပြီး
၄။ ရသေ့တောင်နဲ့မင်းပြားမြို့နယ်တွေမှာ စပါးရိတ်နေတဲ့ လယ်သမားတွေကို စစ်ကောင်စီတပ်က သေနတ်တွေနဲ့ လှမ်းပစ်ခဲ့တဲ့ သတင်းအပါအဝင်
၅။ စစ်တွေမြို့မှာ လူမနေတဲ့ အိမ်တစ်ဆောင် နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်းမှာ မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့----- စစ်ကောင်စီတပ်က လမ်းတွေကိုပိတ်ထားပြီးကေ ပစ္စည်းသယ်ယူခွင့်တွေကို ကန့်သတ်ထားသလို အကောက်အခွန်များနေတဲ့အတွက် မင်းပြားမြို့နယ်မှာ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အကြောင်း ဒေသခံအမျိုးသမီးတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)