နိုဝင်ဘာလ ၂၁ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်ကောင်စီတပ်က ပုဏ္ဏားကျွန်းမြို့ထဲကို ဝင်လာတဲ့အတွက် ဈေးနဲ့ စာသင်ကျောင်းတွေကို ပိတ်လိုက် ရသလို နယ်ကဈေးဝယ်လာသူတွေလည်း ပြန်လှည့်ခဲ့ရပါတယ်။
၂။ ဒေသခံတွေ အကျိုးစီးပွားနဲ့ ခရီးသွားဧည့်သည်တွေ လာရောက်ဖို့အတွက် ငပလီကမ်းခြေ ဆောင်းဦး ပွဲတော် ကျင်းပခဲ့ပြီး
၃။ အင်းစိန်ထောင်မှာ အကြမ်းဖက်မှုဥပဒေပုဒ်မတွေနဲ့ တရားစွဲခံနေရတဲ့ ရခိုင်လူမျိုး (၄)ဦးကို (၃) နှစ်ကြာ သည့်တိုင်အောင် အမိန့်မချဘဲ ထိန်းသိမ်းထားတဲ့ သတင်းအပါအဝင်
၄။ ပလက်ဝခရိုင်၊ ဆမီးမြို့က ဘုရားကျောင်းမှာ သန့်ရှင်းရေးလုပ်နေသူတစ်ဦး မှိုင်းထိမှန်ခဲ့တဲ့ သတင်းနဲ့
၅။ စစ်တွေမြို့ ဓညဝတီ (က)ရပ်ကွက်မှာရှိတဲ့ ဘုန်းကြီးကျောင်းနှစ်ကျောင်းက ဖမ်းဆီးသွားတဲ့ လူငယ် (၉)ယောက်နဲ့ မိသားစုတွေ အဆက်အသွယ်မရ ဖြစ်နေကြတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့----------- လက်နက်ကြီးကျည်တိ ကျရောက်လို့ စစ်တွေမြို့နယ်ဘက်ကို ထွက်ပြေး လာ ကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေနဲ့ ဆက်သွယ်မေးမြန်းထားတာတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)