နိုဝင်ဘာလ ၂၃ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်တွေမြို့က အေးငြိမ်း ပုဂ္ဂလိက ဆေးရုံပိုင်ရှင် ဦးညီညီကို အရပ်ဝတ်တစ်ချို့အပါအဝင် စစ်တပ်နဲ့ ရဲပူးပေါင်းထားတဲ့ အဖွဲ့တစ်ဖွဲ့က ညအချိန် လာရောက်ရှာဖွေခဲ့ပါတယ်။
၂။ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ မင်းပြားမြို့က အောင်မြေကုန်းကျောင်းဆရာတော်နဲ့ ရွှေဆိုင်ပိုင်ရှင် တစ်ဦးအပါအဝင် စစ်တွေမြို့က လူငယ်တချို့လည်း လွတ်မြောက်လာပါတယ်။
၃။ ပုဏ္ဏားမြို့နယ်က ဖမ်းဆီးသွားတဲ့ ဒေသခံ (၈) ဦးမှာလည်း လွတ်မြောက်လာတဲ့သတင်းနဲ့
၄။ မောင်တောမြို့နယ်က ဂြစ်ချောင်းရွာ ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ရအောင် ကာကွယ်ပေးဖို့ မြိုတိုင်းရင်းသား ပါတီက ကြေငြာချက်ထုတ် တောင်းဆိုလိုက်တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့--- မကြာသေးမီက ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ထပ်တိုးစစ်ဘေး ရှောင် တွေကို အရေးပေါ် ရိက္ခာပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့တဲ့ ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ တစ်ဦး ဖြစ်သူ ဦးခိုင်ကောင်စံနဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဉ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)