နိုဝင်ဘာလ ၈ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ ရခိုင်ပြည်နယ် ငါးလုပ်ငန်းစီးဌာန ဦးစီးမှူး စစ်တွေမြို့မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
၂။ ရခိုင်ဦးဆောင်ပါတီ AFP က ဒုဥက္ကဌဖြစ်သူ ဦးကျော်ဇောဦးကို လူတစ်စုက ဖမ်းဆီးသွားတယ်လို့ ပါတီဥက္ကဌဖြစ်သူ ဒေါက်တာ အေးမောင်က ပြောပါတယ်။
၃။ စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်က သုခကာရီဘုန်းကြီးကို စစ်ကောင်စီတပ်က ညအချိန် ဖမ်းဆီး သွားတဲ့ သတင်းအပါအဝင်
၄။ သံတွဲခရိုင် စာတိုက်မှူးနဲ့ ရွှေရိုးမဆီဆိုင်က မန်နေဂျာ ကိုဘိုသန်းကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်း ဆီးသွားတဲ့ သတင်းနဲ့
၅။ စစ်တွေမြို့မှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ လူငယ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့တဲ့ သတင်းတွေ ကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့-------- ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်လည်းဖြစ် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ULA /AA ဥက္ကဌလည်းဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (၄၄) နှစ်မြောက် မွေးနေ့ဆုတောင်းပေးထားကြတာတွေကို စုစည်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)