နိုဝင်ဘာလ ၇ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ မောင်တောမြို့နယ် ရွက်ညိုတောင်ကျောင်း ဆရာတော်ကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်က ဖမ်းဆီး သွားပါတယ်။
၂။ ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျလို့ မူစလင်ရွာသား တစ်ဦးသေဆုံးပြီး တခြား(၂) ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
၃။ စစ်တွေတက္ကသိုလ်က သမိုင်းဘာသာ တတိယနှစ် ကျောင်းသားတစ်ဦး ဓါးဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တဲ့ သတင်းအပါအဝင်
၄။ သံတွမြို့နယ်မှာ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခံရသူ (၁၉) ဦးအထိ ရှိလာ နေတဲ့ သတင်းနဲ့
၅။ လက်နက်ကြီကျည် ကျရောက်ပေါက်ကွဲလို့ နဂရာရွာမှာ အိမ် (၂) ဆောင် မီးလောင်ခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ -------- စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့အတွက် မင်းပြားမြို့ နယ်မှာ စပါးစိုက်ဧကအများအပြားကို လယ်သမားတွေ မရိတ်သိမ်းနိုင် ဖြစ်နေတဲ့အကြောင်း ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)