နိုဝင်ဘာလ ၂ ရက်နေ့ တိုင်းရင်းသားရေဒီယိုမနက်ပိုင်းသတင်းအစီအစဉ်များ (ရခိုင်ဘာသာ)
၁။ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်က ညအချိန် ရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မိသားစုဝင်(၃) သေဆုံးခဲ့ပါတယ်။
၂။ အောက်တိုဘာလ နောက်ဆုံးပတ်က ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံးပြီး (၃၀) နီးပါးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
၃။ ဘူးသီးတောင်မြို့ ရန်အောင်မြင် ဘုန်းကြီးကျောင်းအနီးက စစ်ဘေးရှောင်စခန်းကို ဖျက်လိုက်ရတဲ့အတွက် လူပေါင်း (၂၀၀)ခန့်မှာ နေထိုင် စားသောက်ရေးအတွက် အခက်တွေ့နေရပါတယ်။
၄။ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာနားက တောင်တန်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့တဲ့ သတင်းနဲ့
၅။ စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ စစ်တွေဒေသခံ (၅) ဦးမှာ ရက်ပေါင်း (၂၀) နီးပါးကြာသည့်တိုင်အောင် အဆက်အသွယ်မရ ဖြစ်နေတဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---- ရာသီဥတု ဖောက်ပြန်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင်း ရခိုင်ပြည်က စပါးစိုက် ခင်းတွေ အများအပြား ပျက်စီးခဲ့ရတဲ့အတွက် ဒေသအတွင်းမှာ ရိက္ခာမလုံလောက်မှု ဖြစ်ပွားနိုင် တယ်လို့ ပြော ဆိုမှုတွေ ရှိနေတာနဲ့ပတ်သတ်လို့ ရခိုင်ပြည် တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှူး ဖြစ်သူ ကိုကျော်ဇံနဲ့ ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဉ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)