နိုဝင်ဘာလ ၁ ရက်နေ့ တိုင်းရင်းသားရေဒီယိုမနက်ပိုင်းသတင်းအစီအစဉ်များ (ရခိုင်ဘာသာ)
၁။ တစ်ပတ်အတွင်း သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်က ဒေသခံ (၁၅)ဦးကို မတရားအသင်း ဆက် သွယ်မှုပုဒ်မနဲ့ စစ်ကောင်စီက အမှုဖွင့်ထားပါတယ်။
၂။ စစ်တွေမြို့မှာ အသက် (၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးနေတာကို တွေ့ရှိရပြီး
၃။ မောင်တောမြို့နယ် သာစည်ရွာက ဖမ်းသွားတဲ့ ရွာသား (၆) ဦးကို နယ်ခြားစောင့်တပ်က ပြန် လွှတ်ပေးလိုက်တဲ့ သတင်းအပါအဝင်
၄။ အမြင့်ကျွန်းတံထား အနီးမှာ ဖမ်းဆီးခံခဲ့ရရေ စက်လှေပိုင်ရှင် (၉)ဦးကို ပြည်တွင်းရေကြောင်း သွားလာခွင့် ဥပဒေပုဒ်မ (၄၃)နဲ့ အမှုဖွင့်ထားတဲ့ သတင်းနဲ့
၅။ ရခိုင်ပြည်က ယူသွားတဲ့ ဆင်ဖြူငယ်ကို စစ်ကောင်စီက “ရဋ္ဌနန္ဒက” လို့ နာမည်ပေးလိုက်တဲ့ သတင်း တွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့------ မြောက်ဦးမြို့နယ်က တိမ်ညို စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က လာ ရောက် စစ်ဆေးခဲ့တဲ့အကြောင်း ဆက်သွယ် မေးမြန်းထားတာကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဥ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဥ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)