စက်တင်ဘာလ ၃၀ ရက် | တိုင်းရင်းသားရေဒီယိုမနက်ပိုင်းအစီအစဉ် (ရခိုင်ဘာသာ)
၁။ စစ်ကောင်စီတပ်က လေယဉ်နဲ့ဗုံးကြဲလို့ ဖမ်းဆီးထားတဲ့ စစ်သုံးပန်းတချို့ သေဆုံးခဲ့တယ်လို့ ရက္ခိုင် တပ်တော်က သတင်းထုတ်ပြန် ထားပါတယ်။
၂။ ရွာအနီး လက်နက်ကြီးကျည်ကျလို့ ပိတောက်မြိုင်ရွာသားတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရပြီး
၃။ မြေပုံမြို့နယ်က တိုက်နယ်ဆရာဝန်တစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ သတင်းအပါအဝင်
၄။ မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ် ရောက်လာတဲ့အတွက် ရွာသားတွေ ထွက်ပြေးနေရတဲ့ သတင်းနဲ့
၅။ ရိက္ခာဆင်းယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်လို့ စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့တဲ့ သတင်းတွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့---- ရခိုင်ပြည်က စစ်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေကို ရမ်းသမ်း ပစ်ခတ်မှုတွေကြောင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရနေတာတွေကို ရှုတ်ချတယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ကြေငြာချက်ထုတ်ပြန်လိုက်တာနဲ့ ပတ်သတ်လို့ ပါတီဥက္ကဌဖြစ်သူ ဦးသာထွန်းလှနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ပြသွးမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားရေဒီယို (မနက်ပိုင်းအစီအစဉ်) အား မြန်မာစံတော်ချိန် မနက် (၉)နာရီခွဲမှ (၁၀)နာရီခွဲအထိ ဂျိမ်းဖော့၊မီဇိုး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီစသည့်တိုင်းရင်သားဘာသာများဖြင့် အင်္ဂါနေ့ကနေ စနေနေ့ထိနားဆင်နိုင်ပြီး
ဂျိမ်းဖော့၊ဇိုမီး၊မွန်၊ဗမာ၊ရခိုင် နှင့် ရှမ်းနီတိုင်းရင်းသားရေဒီယိုအစီအစဉ်တွေကိုတော့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ နားဆင်နိုင်ပါတယ်။
တိုင်းရင်းသားရေဒီယိုအစီအစဉ်များဆက်လက်ကြည့်ရှုရန်
https://youtube.com/playlist…
Ethnic Radio Program (Morning)
ON Air : 9:30 to 10:30 AM Myanmar Standard Time
Frequency : 16m (17.755 MHz)